Connect with us

Hi, what are you looking for?

သတင်း

မောတောင်ကို စစ်တပ်ဗုံးကြဲ၊ မြို့ခံထောင်ချီ ထိုင်းနယ်စပ် တိမ်းရှောင်ရ

တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် မောတောင်ဒေသကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေလို့ ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေရကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

ထိုင်းနယ်စပ်တိမ်းရှောင်နေကြတဲ့ ဒေသခံပြည်သူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - KNU-MTD

နိုဝင်ဘာ-၁၂၊ ၂၀၂၅။ ထားမြတ်/People’s Spring

တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် မောတောင်ဒေသကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေလို့ ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေရကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

နိုဝင်ဘာ ၁၀ရက်ကစပြီး မောတောင်နယ်စပ်ရှိ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ စတင်ပစ်ခတ်ခဲ့တာဖြစ်ပြီး ဒီကနေ့ နိုဝင်ဘာ ၁၂ရက်မှာလည်း လေကြောင်းတိုက်ခိုက်မှုတွေရှိတယ်လို့ ပြောပါတယ်။

“‎ဒီကနေ့မှာတော့ လေယာဉ်ဗုံးလာကြဲတာ ၂ခါရှိပြီ။ စစ်ရှောင်တွေကအနည်းဆုံးထောင်ကျော် လောက်ရှိမယ်။ ၁၀ ရက်နေ့မှာ သူတို့ လက်နက်ကြီး စပစ်တယ်။ စပစ်တော့ ပြည်သူလူထုက ထိုင်းနယ်စပ်မျဉ်းပေါ်မှာတော့ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့။မော်တောင်မြို့တမြို့လုံးရှိဒေသခံတွေပေါ့။” လို့ ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်မှုစဖြစ်ကတည်းက ထိုင်းနိုင်ငံဘက်ဝင်ရောက်တိမ်းရှောင်သူ အချို့လည်း ရှိတယ်လို့ ဆိုပါတယ်။

နယ်စပ်မှာ တိမ်းရှောင်နေတဲ့သူတွေများလို့ စားနပ်ရိက္ခာအပါအဝင် အရေးပေါ် အကူအညီတွေလိုအပ်နေတယ်လို့လည်း သတင်းရင်းမြစ်က ပြောပါတယ်။

KNU မြိတ်-ထားဝယ်ခရိုင်ကလည်း မောတောင် ဒေသခံတွေဟာ စစ်တပ်ရဲ့လက်ကန်ကြီး ပစ်ခတ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒီမနက်မှာ အသိပေးထားပါတယ်။

‎အာဏာသိမ်းစစ်တပ်ဟာဆက်လက် အာဏာတည်မြဲရေးအတွက် သူတို့ အုပ်ချုပ်ရာ နယ်မြေတွေမှာ ရွေးကောက်ပွဲ အဓမ္မကျင်းပဖို့ ကြိုးပမ်းနေသကဲ့သို့ လက်လွတ်ဆုံးရှုံးခဲ့ရတဲ့ နယ်မြေတွေကိုလည်း ပြည်သူတွေ အကြောက်တရား ဖြစ်စေဖို့ ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်တာ၊ လက်နက်ကြီး ပစ်ခတ်တာတွေ မကြာခဏ လုပ်ဆောင်ခဲ့တယ်လို့ KNUက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ နိုဝင်ဘာ ၁၁ရက် နေ့လည်ပိုင်းကလည်း KNU မြိတ်-ထားဝယ် ခရိုင် ကရင်အမျိုးသားတပ်မတော်(KNLA) တပ်မဟာ(၄) နယ်မြေ အင့်သင့်ထာ ဒေသကို လေယာဉ်နဲ့ ဗုံးကြဲပြီး စက်သေနတ်နဲ့ ပစ်ခတ်ခဲ့လို့ အမျိုးသမီး ၁ဦးသေဆုံးခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

KNLA တပ်မဟာ(၄) ပူးပေါင်းတပ်တွေကလည်း အခုနှစ်အတွင်းမှာ စစ်ကောင်စီရဲ့ နယ်စပ်စခန်းတွေ တိုက်ခိုက်သိမ်းပိုက်တာတွေလုပ်ဆောင်ခဲ့ပြီး ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်ရှိန်မြှင့်လာနိုင်ကြောင်း အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ အမရပူရမြို့နယ်မှာ ပိုးထည်ဆိုင်ဖွင့်ပွဲပြီး ဇာတ်မင်းသား စမ်းရေမိုးတက်မယ်ဆိုပြီး စစ်ကိုင်း-မန္တလေးလမ်းကို စစ်တပ်က နာရီပိုင်းကြာအောင် ပိတ်ထားလိုက်တာကြောင့် ခရီးသွားပြည်သူတွေ ဒုက္ခရောက်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်သူတွေ ရေဘေးသင့်နေချိန်မှာ စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် စစ်ကိုင်းတိုင်း၊ဝက်လက်မြို့နယ် အရှေ့ခြမ်း ကမ်းဖြူကျေးရွာက နေအိမ် ၁၀လုံး ထက်မနည်းပျက်စီးခဲ့ပြီး နွား၁၅ ကောင်ခန့် သေဆုံးခဲ့တယ်လို့ ‌ ဒေသခံတွေက ပြောပါတယ်။