Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးမှာ စစ်တပ်စစ်ကြောင်းထိုးလို့ ကျေးရွာ ၁၅ရွာက ပြည်သူနှစ်သောင်းကျော် တိမ်းရှောင်ရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဝမ်ပေါင်-ယမ်စီကုမ္ပဏီဝင်းက စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာလို့ ကျေးရွာပေါင်း ၁၅ရွာက ဒေသခံပြည်သူ နှစ်သောင်းကျော် တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေပါတယ်။

တိမ်းရှောင်နေရတဲ့​ဒေသခံပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများ သပိတ်ကော်မတီ

နိုဝင်ဘာ-၆၊ ၂၀၂၅။ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ဝမ်ပေါင်-ယမ်စီကုမ္ပဏီဝင်းက စစ်ကောင်စီတပ် စစ်ကြောင်းထွက်လာလို့ ကျေးရွာပေါင်း ၁၅ရွာက ဒေသခံပြည်သူ နှစ်သောင်းကျော် တိမ်းရှောင်နေရပြီး အကူအညီတွေ လိုအပ်နေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်ကစပြီး ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာတွေကို ဝမ်ပေါင်-ယမ်စီ ကုမ္ပဏီတွင်းက စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်နေလို့ ဒီကနေ့အထိ ကျေးရွာ စုစုပေါင်း ၁၅ ရွာမှ ပြည်သူနှစ်သောင်းကျော် တိမ်းရှောင်နေရကြောင်း ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

ရက်ရှည်တိမ်းရှောင်နေရပြီး လူဦးရေများလွန်းတာကြောင့် အကူအညီတွေလိုအပ်နေတယ်လို့လည်း ဒေသတွင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“တချို့နေရာတွေမှာ ရေရှားတော့ ရေလိုအပ်တာတွေရှိတယ်ဗျ။ တချို့နေရာကြတော့ စားသောက်ကုန်ဝယ်ရခက်တာတွေရှိတယ်။ ကျန်းမာရေးစောင့်ရှောက်မှုတွေလည်းလိုအပ်မယ်။”လို့ ချင်းတွင်းမြစ်ကမ်းဘေး ကျေးရွာများသပိတ်ကော်မတီရဲ့တာဝန်ရှိသူတဦးက ပြောပါတယ်။

မနေ့က နိုဝင်ဘာ ၅ ရက်အထိလည်း စစ်ရေးတင်းမာမှုတွေရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“လက်ရှိကတော့ ဆားလင်းကြီးကို တပ်ချိန်းဖို့ရယ်၊ သတင်းပေါက်တဲ့စခန်းလေးတွေ ဖြိုခွင်းဖို့ပါပဲ။ ဒါပေမဲ့ သူတို့ရှေ့မတိုးနိုင်ပါဘူး။ စစ်ကြောင်းလေးငါးကြောင်းလုပ်တာတောင် လုပ်မရဘူး။”လို့ ဒေသတွင်း ကာကွယ်ရေးအဖွဲ့တဖွဲ့ရဲ့ ခေါင်းဆောင်တဦးက ပြောပါတယ်။

အခြေအနေအရ စစ်ရေးတင်းမာနေပေမဲ့ ဝမ်ပေါင်-ယမ်စီ ကုမ္ပဏီအနီးက ကျေးရွာတွေကတော့ နေရပ်ကို ပြန်ဝင်နေကြောင်း၊ စစ်ကောင်စီတပ်ရဲ့ဖမ်းဆီးသတ်ဖြတ်တာ၊ လူသားဒိုင်းအဖြစ် အသုံးချခံရတာ၊ တိုက်ပွဲကြားပိတ်မိတာတွေ ဖြစ်ပွားနိုင်လို့ နေရပ်ပြန်ဝင်လိုတဲ့ပြည်သူတွေအနေနဲ့ သက်ဆိုင်ရာ ရပ်ကျေးပကဖနဲ့ ပအဖတာဝန်ခံတွေရဲ့ ခွင့်ပြုချက်ရမှသာ ဝင်ရောက်နေထိုင်ဖို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးပါတယ်။

ဝမ်ပေါင်-ယမ်စီ ကုမ္ပဏီတွင်းက စစ်ကောင်စီတပ်ဟာ အာဏာသိမ်းကာလတလျှောက် တရုတ်စီမံကိန်းတွေ လည်ပတ်နိုင်ဖို့အတွက် ဘေးဝန်းကျင်ကျေးရွာတွေကို စစ်ကြောင်းထိုးမီးရှို့တာ၊ ဒေသခံတွေကိုဖမ်းဆီးသတ်ဖြတ်တာတွေ ပြုလုပ်လေ့ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ​ယော​ဒေသမှာစစ်ကြောင်းထိုး၊ အရပ်သားတွေကို ဖမ်းဆီးတာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေတာ​တွေ​ကြောင့် ထွက်​ပြေးတိမ်း​ရှောင်​နေရတဲ့စစ်ဘေးရှောင်ပြည်သူတစ်သောင်းကျော်ထိ ရှိ နေပြီး စားနပ်ရိက္ခာ​​တွေအကူအညီလိုအပ်​နေပါတယ်။

သတင်း

မကွေးတိုင်း၊ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့ကို ရောက်နေတဲ့ စစ်တပ်က နေရာ ၃ခုမှာ တပ်စွဲထားပြီး ဒေသခံ စစ်ဘေးရှောင် ၁၀ဦး ခန့်ကိုလည်း ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြို့အဝင်လမ်းမကြီးနဲ့ ငါးအိုး-ရွှေကူလမ်းမကြီးကို ရက်အကန့်အသတ်မရှိ သွားလာခွင့်ပိတ်