Connect with us

Hi, what are you looking for?

သတင်း

ထီးခီးရွာကို စစ်တပ် ထပ်မံဗုံးကြဲ၊ ဒေသခံ ၃၅၀ကျော် ထိုင်းနယ်စပ်စစ်ရှောင်နေရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ထားတဲ့ ထားဝယ်မြို့နယ်၊ ထီးခီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့(အောက်တိုဘာ ၈ရက်) မှာ Y12 လေယာဉ်၊ တိုက်လေယာဉ်တွေနဲ့ ဗုံးများကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ပြည်သူ ၃၅၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ထီးခီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်အပြီးနဲ့ ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေကြစဉ်။ ဓာတ်ပုံ - KNU-MTU

စက်တင်ဘာ-၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ထားတဲ့ ထားဝယ်မြို့နယ်၊ ထီးခီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့(အောက်တိုဘာ ၈ရက်) မှာ Y12 လေယာဉ်၊ တိုက်လေယာဉ်တွေနဲ့ ဗုံးများကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ပြည်သူ ၃၅၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

အခုနှစ် မေလမှာ ထီးခီးစစ်ကောင်စီစခန်းကို KNU ပူးပေါင်းတပ် သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်က ဒီကနေ့မနက်မှာ Y12နဲ့ ဗုံးအလုံး ၄၀ ကျော် ကြဲချခဲ့သလို နေ့လည်ပိုင်းမှာလည်း တိုက်လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

ဒီလိုတိုက်ခိုက်ခဲ့လို့ပြည်သူသေဆုံးထိခိုက် မရှိပေမယ့် ပြည်သူတွေရဲ့ ပစ္စည်းတွေ ဆုံးရှုံးခဲ့ရသလို ဒေသခံ ၃၅၀ ကျော် တိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။ မြန်မာ-ထိုင်းနယ်စပ်မှာ စစ်ရှောင်နေကြရတဲ့ ထီးခီးဒေသခံတွေကို ထိုင်းနိုင်ငံဘက်က စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အကူအညီပေးအပ်မှုတွေရှိတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ အာဏာတည်မြဲဖို့ ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေသလို လက်လွတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေကိုလည်း ပြည်သူတွေ အကြောက်တရား ဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိိုင်းတိုင်း၊မုံရွာမြို့က အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အနီးမှာ စက်တပ်လေထီးတစ်စီးပျက်ကျမှုဖြစ်စဉ် အတည်ပြုဖို့ စုံစမ်းနေတယ်လို့ မုံရွာပကဖ တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တနင်္သာရီမြို့နယ်၊ ထိုင်း-မြန်မာနယ်စပ် မောတောင်ဒေသကို စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးတွေနဲ့ တိုက်ခိုက်နေလို့ ဒေသခံ ထောင်ချီ စစ်ဘေးရှောင်နေရကြောင်း ဒေသ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်ကို စစ်ကောင်စီက ဂျက်ဖိုက်တာလေးစီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပြည်သူတွေထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ကမ္ဘောဒီးယားဖက်က လက်နက်ငယ်တွေနဲ့ ရန်စ ပစ်ခတ်တာကို ကြုံခဲ့ရကြောင်း ထိုင်းစစ်တပ်က စွပ်စွဲပြောကြားခဲ့ပါတယ်။