Connect with us

Hi, what are you looking for?

သတင်း

ထီးခီးရွာကို စစ်တပ် ထပ်မံဗုံးကြဲ၊ ဒေသခံ ၃၅၀ကျော် ထိုင်းနယ်စပ်စစ်ရှောင်နေရ

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ထားတဲ့ ထားဝယ်မြို့နယ်၊ ထီးခီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့(အောက်တိုဘာ ၈ရက်) မှာ Y12 လေယာဉ်၊ တိုက်လေယာဉ်တွေနဲ့ ဗုံးများကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ပြည်သူ ၃၅၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ထီးခီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်အပြီးနဲ့ ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေကြစဉ်။ ဓာတ်ပုံ - KNU-MTU

စက်တင်ဘာ-၈၊ ၂၀၂၅။ ထားမြတ်/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်ထားတဲ့ ထားဝယ်မြို့နယ်၊ ထီးခီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ဒီကနေ့(အောက်တိုဘာ ၈ရက်) မှာ Y12 လေယာဉ်၊ တိုက်လေယာဉ်တွေနဲ့ ဗုံးများကြဲချတိုက်ခိုက်ခဲ့လို့ ဒေသခံ ပြည်သူ ၃၅၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

အခုနှစ် မေလမှာ ထီးခီးစစ်ကောင်စီစခန်းကို KNU ပူးပေါင်းတပ် သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီတပ်က ဒီကနေ့မနက်မှာ Y12နဲ့ ဗုံးအလုံး ၄၀ ကျော် ကြဲချခဲ့သလို နေ့လည်ပိုင်းမှာလည်း တိုက်လေယာဉ်နဲ့ ထပ်မံ ဗုံးကြဲခဲ့တာလို့ ဆိုပါတယ်။

ဒီလိုတိုက်ခိုက်ခဲ့လို့ပြည်သူသေဆုံးထိခိုက် မရှိပေမယ့် ပြည်သူတွေရဲ့ ပစ္စည်းတွေ ဆုံးရှုံးခဲ့ရသလို ဒေသခံ ၃၅၀ ကျော် တိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။ မြန်မာ-ထိုင်းနယ်စပ်မှာ စစ်ရှောင်နေကြရတဲ့ ထီးခီးဒေသခံတွေကို ထိုင်းနိုင်ငံဘက်က စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အကူအညီပေးအပ်မှုတွေရှိတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ အာဏာတည်မြဲဖို့ ရွေးကောက်ပွဲ ကျင်းပဖို့ ကြိုးပမ်းနေသလို လက်လွတ်ဆုံးရှုံးထားတဲ့ နယ်မြေတွေကိုလည်း ပြည်သူတွေ အကြောက်တရား ဖြစ်ပေါ်စေဖို့ ရည်ရွယ်ချက်ရှိရှိ လေကြောင်းတိုက်ခိုက်တာတွေ လုပ်ဆောင်နေကြောင်း KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အရပ်သား ပြည်သူသေဆုံးထိခိုက်မှုတွေ ရှိနေကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က သတင်းထုတ်ပြန်ခဲ့ပြီး မြို့နယ်အတွင်း ပြည်သူတွေ အနေနဲ့ နေအိမ် တိုင်း ပုန်းခိုကျင်းတွေ တူးကြဖို့ နှိုးဆော် ထားပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။