Connect with us

Hi, what are you looking for?

သတင်း

နွားထိုးကြီးနဲ့ မြင်းခြံမြို့နယ်ကြားကို စစ်တပ် စစ် ကြောင်းထိုးလို့ ဒေသခံ သောင်းနဲ့ချီ စစ်ရှောင်

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်ကြားကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေလို့ ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာရှောင်တိမ်းနေရတယ်လို့ မြင်းခြံမြို့နယ်ပကဖ တာဝန်ခံက ပြောပါတယ်။

မြင်းခြံမြို့နယ်က စစ်ဘေးရှောင်ပြည်သူတွေကို ၂၀၂၄က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

အောက်တိုဘာ-၁၅၊၂၀၂၅၊မေ/ People’s Spring

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်နဲ့ မြင်းခြံမြို့နယ်ကြားကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စစ်ကြောင်းထိုးနေလို့ ဒေသခံ သောင်းနဲ့ချီ ဘေးလွတ်ရာရှောင်တိမ်းနေရတယ်လို့ မြင်းခြံမြို့နယ်ပကဖ တာဝန်ခံက ပြောပါတယ်။

ဇူလိုင်နောက်ဆုံးပတ်ကတည်းက အဲဒီမြို့နယ် နှစ်ခုကြားကို စစ်ကောင်စီတပ်က အင်အားထောင်နဲ့ချီ စစ်ကြောင်းထိုးနေတာဖြစ်ပြီး သစ်ပင်ရှည်၊ကျောက်ပြုတ်၊ခင်မကန်၊သဲတော၊ပျော်ဘွယ်၊စံပြ၊ထနောကိုင်း၊ဖုံရွာ၊ရသာ၊ဘလုံ၊တဲရွာ၊ညောင်ပင်ရွာ၊ရွာကြီး၊ရွာသစ်၊စတဲ့ ကျေးရွာတွေအပါအဝင် ကျေးရွာပေါင်း ၂၀လောက်က ဘေးလွတ်ရာတိမ်းရှောင်နေရတာလို့ ဆိုပါတယ်။

“လှည်းရှိတဲ့သူက လှည်း၊ထော်လာဂျီရှိတဲ့သူကထော်လာဂျီ ပေါ်မိုးကာအုပ်ပြီး ရှောင်ရတာ။နောက်ပြီး စစ်ကောင်စီဘက်ကလည်း လက်နက်ကြီး အကြမ်းပတမ်းပစ်ခတ်တာမျိုးကလည်း ကျေးရွာတွေ ပေါ်ကျတာတို့၊တောထဲစစ်ရှောင်တွေပေါ်ကျတာတွေလည်း ရှိတယ်။ထိခိုက်ဒဏ်ရာရဆုံးရှုံးတာ တွေလည်းရှိတယ်”လို့ မြင်းခြံမြို့နယ်ပကဖ တာဝန်ရှိသူတဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီစစ်ကြောင်းဟာ ဩဂုတ်အတွင်းမှာ တစိုးရွာက မိသားစု၅ဦးကိုလည်း သတ်ဖြတ်ထားပြီး လက်ရှိအချိန်ထိ နွားထိုးကြီး- မြင်းခြံလမ်းပိုင်းကိုစိုးမိုးဖို့အတွက် ကြိုးစားနေတာလို့ သိရပါတယ်။

အဲဒီစစ်ကြောင်းအပြင် နွားထိုးကြီးမြို့နယ်ဘက်ကလည်း စစ်ကြောင်းတကြောင်းရှိပြီး တိုက်ပွဲတွေလည်းဆက်တိုက်ဖြစ်နေကာ စစ်တပ်က နေ့စဉ် လေကြောင်းတိုက်ခိုက်နေတာလည်း လဝက်ခန့်ရှိပြီလို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။