Connect with us

Hi, what are you looking for?

သတင်း

အမြန်လမ်းမှာ အရည်ကျိုအပ်မယ့်ကား အပူလွန်ပြီး မီးလောင်

ရန်ကုန်-မန္တလေး အမြန်လမ်း ၃၁၇ မိုင်မှာ ကားတစ်စီး အပူလွန်ကဲကာ အင်ဂျင်ခန်းကစတင်မီးလောင်ခဲ့တယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ က အသိပေးထားပါတယ်။

ဓာတ်ပုံ - Yangon-Mandalay Expressway Webportal

ဩဂုတ်-၂၅၊၂၀၂၆။သတိုး/People’s Spring

ရန်ကုန်-မန္တလေး အမြန်လမ်း ၃၁၇ မိုင်မှာ ကားတစ်စီး အပူလွန်ကဲကာ အင်ဂျင်ခန်းကစတင်မီးလောင်ခဲ့တယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ က အသိပေးထားပါတယ်။

ဩဂုတ် ၂၄ ရက် နေ့လည်က နေပြည်တော်ကနေ မန္တလေးမြို့ဘက်ကို မောင်းနှင်လာတဲ့ Lincoln Navigator Station Wagon ယာဉ် အပူလွန်ကဲပြီး မီးလောင်ခဲ့တာကြောင့် ယာဉ်တစ်စီးလုံးမီးလောင်ပျက်စီးသွားခဲ့တယ်လို့ သိရပါတယ်။

“ကားကမီးလောင်ခါစ ဟွန်းသံရှည်ကြီးတောက်လျောက်မြည်နေတယ်။ကားတံခါးဖွင့်ထားလည်းမတွေ့ရ။ကားနားမှာ တစ်စုံတစ်ယောက်မှလည်း မတွေ့ရလို့ အပြေးသွားပြီး ကားထဲလူပိတ်မိနေရင် ကယ်ထုတ်ပေးဖို့ တံခါးဖွင့်ကြည့်ခဲ့ပေမဲ့ ကားထဲလူရိပ်လူယောင်တော့ မတွေ့ရဘူး” လို့ ‌မျက်မြင်တွေ့ခဲ့သူတစ်ဦးက ဗီဒီယိုဖိုင်နဲ့အတူတင်ထားပါတယ်။

Public Service Announcement

Public Service Announcement

အဲဒါကြောင့် မီးလောင်မှုဖြစ်တဲ့နေရာနားက ရဲစခန်းကို အကြောင်းကြားပေးခဲ့တယ်လို့ ရေးသားထားပါတယ်။

သူ့ရဲ့ဗီဒိယိုအောက်မှာတော့ ဖေ့စ်ဘွတ်ခ်အသုံးပြုသူကတစ်ဦးက မီးလောင်တဲ့ကားက အရည်ကျိုပို့ဖို့သွားရင်း မီးလောင်ခဲ့တာလို့ မှတ်ချက်ရေးသားထားပါတယ်။

အမြန်လမ်းမှာသွား‌လာနေတဲ့ ယာဉ်မောင်းတွေအနေနဲ့ ယာဉ်ကြံ့ခိုင်မှုကို စစ်ဆေးဖို့ မီးသတ်ဆေးဘူးဆောင်ထားဖို့နဲ့ ယာဉ်အမျိုးအစားအလိုက် သတ်မှတ်မိုင်နှုန်းမောင်းနှင်ဖို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ က သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ခရီးသည်တင်ယာဉ်က လိုက်ထရပ်ကားကို နောက်ကဝင်တိုက်ခဲ့တာကြောင့် လိုက်ထရပ်ကားပေါ်မှာလိုက်ပါလာတဲ့ အမျိုးသား ၁ဦးသေဆုံးသွားတယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့က အသိပေးထားပါတယ်။

သတင်း

မန္တလေး- မူဆယ်ပြည်ထောင်စုလမ်းပိုင်းပေါ်မှာ ဝါယာရှော့ဖြစ်နေတဲ့ ကုန်တင်ကားတစ်စီးက ကျောက်မဲမြို့အဝင် တိုးဂိတ်အတွင်း ဝင်ရောက် စဉ် မီးကူးစက်လို့ တိုးဂိတ်ပါ မီးလောင်ကျွမ်းသွားပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်က အရက်ဘား မီးလောင်မှုမှာ သေဆုံးခဲ့သူ အများစုဟာ မီးခိုးမွှန်ပြီး အသက်ဆုံးရှုံးခဲ့တာလို့ သိရပါတယ်။