Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်က စာသင်ကျောင်း စစ်ကောင်စီဗုံးကြဲမှု စစ်ရှောင်ကလေးငယ် ၃ ဦးနဲ့ မသန်စွမ်းအမျိုးသမီးတဦး သေဆုံး၊ ၂၂ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။

၂၀၂၅အောက်တိုဘာ ၄ရက်က မင်းတပ်မြို့နယ် အနောက်ရပ်ကွက်က ဟုန်းဟုန်းဟိုတယ်ကို လေကြောင်းကနေ ဗုံးကြဲခံရအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - CJ

“ပညာသင်ကြားတာဟာ အပြစ်ကြီးဖြစ်နေသလား၊ ကျောင်းတွေမှ ကြဲရတယ်လို့ ဗိုက်ရောပြည့်ကြရဲ့လား။ ထမင်းစားချိန်ကြီးဆို RIP ပါကလေးတို့”

— ဒေသသတင်းရင်းမြစ်

အောက်တိုဘာ-၉၊ ၂၀၂၅။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်က ကျေးရွာ ၂ရွာကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်တွေအပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တာဝန်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းယောမာန်က ပြောပါတယ်။

အောက်တိုဘာ ၈ရက် ည ၇နာရီခန့်မှာ မင်းတပ်မြို့နယ် ၀မ္မသူးကျေးရွာနဲ့ ထင်ချောင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

“ထင်ချောင်းစာသင်ကျောင်းက အမှန်က စစ်ဘေးရှောင်တဲပါ။ စစ်ဘေးရှောင် Campကိုပဲ စစ်ဘေးရှောင်လက်ခံထားရင်းနဲ့ စစ်ဘေးရှောင် ကလေးတွေကို စာသင်ပေးရင်းနဲ့ စာသင်ကျောင်းပုံစံဖြစ်လာတာ။ အဲဒီမှာကျောင်းသား ၃ဦး၊ မသန်စွမ်း အမျိုးသမီး ၁ဦးပေါ့ လေးဦး။ အဲဒီလိုမျိုးသေဆုံးပြီးမှ ဒဏ်ရာရတဲ့သူ ၂၂ဦးရှိပါတယ်”လို့ ဆလိုင်းယောမာန်က စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူသေဆုံးထိခိုက် အခြေအနေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒေသသတင်းရင်းမြစ်တဦးကလည်း “ပညာသင်ကြားတာဟာ အပြစ်ကြီးဖြစ်နေသလား…ကျောင်းတွေမှ ကြဲရတယ်လို့… ဗိုက်ရောပြည့်ကြရဲ့လား. ထမင်းစားချိန်ကြီးဆို.. RIP ပါကလေးတို့”ဟု လူမှုကွန်ရက်မှာ ရေးသားကာ စစ်ကောင်စီရဲ့ စာသင်ကျောင်း လေကြောင်းဗုံးကြဲတိုက်ခိုက်မှု လုပ်ရပ်အပေါ် မေးခွန်းထုတ်ထားပါတယ်။

မင်းတပ်ဒေသခံတဦးကလည်း “ဟူး … ဆုတောင်းမပြည့်ခဲ့ဘူး… သေဆုံး၊ ထိခိုက်တာတွေရှိတယ်ဗျာ…ပညာသင်ကြားလို့ ပြစ်မှုမြောက်တဲ့ နိုင်ငံမှာ နေရတာလည်း”လို့ စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအဝင် ပြည်သူသေဆုံးထိခိုက်မှုများပြားမှု အခြေအနေအပေါ် ရေးသားထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ မင်းတပ်မြို့ကို အောက်တိုဘာ ၄ရက်ကလည်း လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု နှစ်ကြိမ်လုပ်ဆောင်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်တာ နေအိမ်နဲ့ ဟိုတယ် အဆောက်အဦး ပျက်စီးတာတွေရှိခဲ့ပါတယ်။

မင်းတပ်မြို့ကို ချင်းဒေသကာကွယ်ရေးတပ်(CDF)-မင်းတပ် နဲ့ မဟာမိတ်တွေက ၂၀၂၄ ဒီဇင်ဘာမှာ သိမ်းပိုက်ထားတာဖြစ်ပြီး အာဏာသိမ်းစစ်တပ်က မင်းတပ်မြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု အကြိမ်ကြိမ်ပြုလုပ်ခဲ့ပါတယ်။

စစ်ကောင်စီဟာ ဆုံးရှုံးထားတဲ့ နယ်မြေတွေအပါအဝင် နိုင်ငံတဝန်း ပြည်သူနေထိုင်ရာနေရာတွေ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံတွေနဲ့ စေတီတွေ၊ စစ်ရှောင်စခန်းတွေကို ပစ်မှတ်ထား လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေလို့ ပြည်သူသေဆုံးထိခိုက်မှုတွေ မကြာခဏ ဖြစ်ပေါ်လျက်ရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်းက စဉ့်ကူးနဲ့ မတ္တရာမြို့နယ်တို့မှာ စစ်ဘေးရှောင်နေရတဲ့ဒေသခံပြည်သူ ထောင်နဲ့ချီပြီး စား‌ဝတ်နေရေးခက်ခဲ နေတယ်လို့ ဒေသခံတွေနဲ့ စစ်ဘေးရှောင်ကူညီသူတွေကပြောပါတယ်။

ဆောင်းပါး

“အနက်ရောင်နယ်မြေထဲက စာသင်ကျောင်းတဲ့” မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ ကျေးရွာတခုရဲ့ မူလတန်းကျောင်း မိဘ၊ဆရာတွေ့ဆုံပွဲက ပြန်လာကြတဲ့ ကျောင်းသားမိဘတွေဆီက ကြားရတဲ့ စကားပါ။

သတင်း

အဟာရပြည့်​အောင်​ကြွေးရမယ့်ညွန်ကြားပြီးဘက်ဂျက်​မ​ပေးလို့ အသားကျွေးဖို့ ကျောင်းသားမိဘတွေဆီကပိုက်ဆံကောက်

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာရဲ့ အနောက်ဘက် ရှေးဟောင်းသမိုင်းဝင်သစ္စာရဘုရားအနီး စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာမို့ အသက် ၇၆နှစ်အရွယ် စစ်ဘေးရှောင်အဘိုးအိုတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။