Connect with us

Hi, what are you looking for?

သတင်း

ကျောက်မဲ စစ်ရှောင်တွေ လိုက်ပါလာတဲ့ ပရဟိတကား မတော်တဆဖြစ်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့က စစ်ဘေးရှောင်တချို့ကို လားရှိုးမြို့ကနေ ပြန်ခေါ်လာတဲ့ ပရဟိတကားတစ်စီး မတော်တဆဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတချို့ ရှိခဲ့ပါတယ်။

ဓာတ်ပုံ - CJ

အောက်တိုဘာ-၂၁၊ ၂၀၂၅။ ‌မိထက်/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့က စစ်ဘေးရှောင်တချို့ကို လားရှိုးမြို့ကနေ ပြန်ခေါ်လာတဲ့ ပရဟိတကားတစ်စီး မတော်တဆဖြစ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရသူတချို့ ရှိခဲ့ပါတယ်။

ဇာတိမြေကျောက်မဲစစ်ဘေးရှောင်ပြန်ပို့ပေးရေး တာဝန်ခံအပါအဝင် စစ်ဘေးရှောင် ၃ဦးနဲ့ စုစုပေါင်း လူ ၆ဦးလိုက်ပါလာတဲ့ကားဟာ အောက်တိုဘာ ၂၀ရက် မနေ့က မတော်တဆဖြစ်ခဲ့တာပါ။ ဒီဖြစ်စဉ်မှာ ဇာတိမြေကျောက်မဲစစ်ဘေးရှောင်ပြန်ပို့ပေးရေးတာဝန်ခံအပါအဝင် ၂ဦး ဒဏ်ရာရခဲ့ပြီး ၄ဦးကတော့ ဘေးကင်းခဲ့တယ်လို့ သိရပါတယ်။

“ ကားက ၁၂ ဘီးကို ကျော်တက်ရင်း သုံးလေးပတ်လည်ထွက်ပြီး ညာဖက်လမ်းကျောဖက်က ကမ်းပါးကို ရှေ့ခြမ်းနဲ့ ဝင်ဆောင့်၊ တခါ ပြန်လည်ထွက်ပြီး ဘယ်ဘက်ခြမ်းကို ထပ်ဆောင့်ပြီး လမ်းမဖက် ဦးတည်ရပ်သွားတာပါ” လို့ ဇာတိမြေကျောက်မဲစစ်ဘေးရှောင်ပြန်ပို့ပေးရေးတာဝန်ခံက လူမှုကွန်ရက်ကတစ်ဆင့် အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – CJ

နောက်ထပ်ဒဏ်ရာရသူတစ်ဦးက ၎င်းရဲ့အမျိုးသားဖြစ်ပါတယ်။ ကားနောက်ခန်းမှာ အဲဒီအမျိုးသားနဲ့ စစ်ဘေးရှောင် သုံးဦးလိုက်ပါလာလို့သိရပါတယ်။

“ ကားမောင်းသူ ဘာမှမဖြစ်ပါဘူး။(ကိုယ်လက်နာကျင်ပေါ့နော် ဒီလောက်ပါပဲ)ကားနောက်ခန်း ဘယ်ဖက်ခြမ်းကနေလိုက်လာတဲ့ ကျမအမျိုးသားကတော့ ဘယ်ဘက်နံရိုးထိထားပါတယ်။ ဒီနေ့ ဆေးရုံမှာ ဓါတ်မှန်ရိုက်ဖို့ရှိပါတယ်။ ကားနောက်ခန်း ညာဘက်ခြမ်းမှာ ထိုင်လိုက်လာတဲ့စစ်ရှောင်ပြည်သူ ကလေးငယ်လေးနှစ်ယောက်နဲ့အဖွားဖြစ်သူတော့ ဘာမှဖြစ်မသွားပါဘူး” လို့ ဇာတိမြေကျောက်မဲစစ်ဘေးရှောင်ပြန်ပို့ပေးရေးတာဝန်ခံက ရှင်းပြထားပါတယ်။

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို အောက်တိုဘာ ၁ရက်မှာ စစ်ကောင်စီက ပြန်လည်သိမ်းယူပြီးတဲ့နောက်ပိုင်း စစ်ဘေးရှောင်တွေ ပြန်လည်ဝင်ရောက်နေတာဖြစ်ပါတယ်။

ကျောက်မဲမြို့က စစ်ဘေးရှောင်အများစုဟာ လားရှိုးမြို့မှာ သွားရောက်တိမ်းရှောင်နေခဲ့ပြီး အခုအခါမှာ လူမှုကူညီရေးအသင်းတွေရဲ့အကူအညီနဲ့ နေရပ်ကို ပြန်လာနေတာဖြစ်ပါတယ်။ တိုက်ပွဲတွေ ပြင်းထန်နေစဉ်ကာလက စုစုပေါင်းလူဦးရေ ၂သောင်းကျော် စစ်ဘေးရှောင်ခဲ့ရတယ်လို့သိရပါတယ်။

နေရပ်ကိုပြန်လာသူတွေအနေနဲ့ မိုင်းအန္တရာယ်သတိပြုကြဖို့ကိုလည်း လူမှုကူညီရေးအဖွဲ့တွေက သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗန်မောက်မြို့နယ်မှာ အသေးစားရွှေလုပ်ကွက်တွေ လုပ်ခွင့်ရဖို့ ဒေသခံတွေ နဲ့ စစ်ဘေးရှောင်တွေကဖေ​ဖော်ဝါရီ ၉ ရက်​နေ့က ဆန္ဒ ထုတ်ဖော်ခဲ့ကြပါတယ်။

မေးမြန်းခန်း

ကောင်ဂျာရွာကို ဗုံးကြဲပြီးလူအစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အပါအဝင် စစ်​ကောင်စီရဲ့ အရပ်သားပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲသတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး KHRW ပြောရေးဆိုခွင့်ရှိသူကိုဂျေကော့ကို People's Spring က ဆက်သွယ်မေးမြန်းထားပါတယ်။

သတင်း

မန္တလေးတိုင်း၊နွားထိုးကြီးမြို့နယ်၊နနွင်းတော်ဘိုးရွာမှာစစ်ရှောင် အမျိုး သားလေးဦး ဒီနေ့ (ဇန်နဝါရီလ ၂၁ ရက်​)မနက်ပိုင်းမှာစစ်ကောင်စီတပ်စစ်ကြောင်းနဲ့တိုးပြီး ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

ရခိုင်ပြည်နယ်ကျောက်ဖြူမြို့နယ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အာဏာသိမ်းစစ်တပ်ရဲ့ရေတပ်‌က‌နေပစ်တဲ့လက်နက်ကြီးကြောင့် စစ်ဘေးရှောင်နှစ်ဦးသေဆုံးသွားပါတယ်။

Facebook