News စစ်ကောင်စီတပ်စွဲထားသည့် ခရမ်းထွေအုပ်ရုံး တိုက်ခိုက်ခံရ၊ တစ်ဦးဒဏ်ရာရ ယနေ့(မတ် ၁၃)နံနက် ၁၁ နာရီခွဲခန့်က ခရမ်းမြို့ ဘုရားလမ်းပေါ်ရှိ မြို့နယ်ထွေအုပ်ရုံး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ရုံးအဆောက်အအုံအနည်းငယ်ထိခိုက်ကာ စစ်ကောင်စီတပ်သားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။ LuduNwayOoမတ် 13, 2022
News နွားထိုးကြီးနှင့် တောင်သာတွင် စစ်ကောင်စီတပ်က ဒေသခံရှစ်ဦးထက်မနည်း သတ်ဖြတ်ပြီး လမ်းဘေးစွန့်ပစ်ထား အကြမ်းဖက် အခံရဆုံးသော မြို့နယ်များတွင်ပါဝင်ပြီး မိုဘိုင်းအင်တာနက်များလည်း ဖြတ်တောက်ခံထားရသည်။ LuduNwayOoမတ် 13, 2022
News ဒီးမော့ဆို ကုန်းသားရွာ သုံးရက်ကြာတိုက်ပွဲ စစ်ကောင်စီတပ်သား ခြောက်ဦးသေ မတ်လ ၁၂ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်က နံနက် ၅နာရီကျော်မှ စတင်ကာ လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ ထိုးစစ်ဆင်ခဲ့ပြီး လေယာဉ်ကို အသုံးပြုကာ လက်နက်ကြီးများဖြင့်မနားတမ်း ပစ်ခတ်တိုက်ခဲ့သည်။ LuduNwayOoမတ် 13, 2022
News မြောင်နယ်တွင် ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပူးပေါင်းခုနစ်ဖွဲ့တိုက်ခိုက်ရာ ၁၀ဦးသေဟုဆို ပြီးခဲ့သည့် မတ်လ ၁၁ရက် ည ၉နာရီခန့်က မြောင်မြို့ပေါ်မှ ဆင်းလာသော စစ်ကောင်စီအကြမ်းဖက်သမားများအား မရိုးကုန်းတံတားအနီးတွင် ပြည်သူ့ကာကွယ်လရေးပူးပေါင်းအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီအကြမ်းဖက်သမား ၁၀ဦးကို ချေမှုန်းနိုင်ခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ သုံးဦးရှိခဲ့ကြောင်း ထုတ်ပြန်သည်။ LuduNwayOoမတ် 13, 2022
News မြစ်ခြေနယ် ရွှေချောင်းအတွင်းတိုက်ပွဲ စစ်ကောင်စီတပ်သား သုံးဦးသေ မိုင်းဆွဲခံရပြီးနောက် မြစ်ခြေမြို့တွင် ည ၉နာရီကျော်က ဗုံးပေါက်သံကြားရပြီးအပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း၊ စစ်ကောင်စီယာဥ်တန်း မိုင်းဆွဲခံရပြီးနောက် ပျူစောထီး၊ အကြမ်းဖက်စစ်တပ်နှင့် PDFများအပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု သိရကြောင်း ဒေသခံအချို့က ပြောသည်။ LuduNwayOoမတ် 13, 2022
News ပုလဲနယ်တွင် အကြမ်းဖက်စစ်တပ်နှင့် မဟာမိတ်အဖွဲ့တို့ တိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိ၊ မဟာမိတ်အဖွဲ့မှ ရဲဘော်သုံးဦးကျဆုံး စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ သေဆုံးထိခိုက်မှုများရှိပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့များဘက်မှ သုံးဦးကျဆုံးခဲ့ကြောင်း မဟာမိတ်အဖွဲ့များက သတင်းထုတ်ပြန်သည်။ LuduNwayOoမတ် 13, 2022
News ပုလဲနှင့် ချောင်းဦးတွင် တစ်လအတွင်း စစ်ကောင်စီတပ်သားနှင့် ပျူစောထီး ၉၀ ကျော် သုတ်သင်နိုင်ခဲ့ဟုဆို "တစ်လအတွင်းဆိုတာက ဖေဖော်ဝါရီလလယ်မှ မတ်လလယ်ထိပါ။ (စီးနင်းမှု) သုံးကြိမ်ပါ။ ကျွန်တော်တို့က စီးနင်းတိုက်ခိုက်တာပါ"ဟု ZERO ပြောက်ကျားတပ်ဖွဲ့မှ ဦးဆောင်သူတစ်ဦးက ပြောသည်။ LuduNwayOoမတ် 13, 2022
News ကသာနယ် ချောင်းဝရွာအနီး ယနေ့တိုက်ပွဲဖြစ်၍ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များနိုင်ဟု မြို့လှ PDF ပြော စစ်ကောင်စီဖက်မှ အထိအခိုက်အကျအဆုံး အများအပြားရှိနိုင်ပြီး မြို့လှ PDFတပ်ဖွဲ့မှ အထိအခိုက်မရှိပဲ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန် သည်။ LuduNwayOoမတ် 13, 2022
News စစ်ကောင်စီတပ်သားတစ်ဦးကို PDFကယ်ထုတ်ပြီး မိသားစုထံ ပို့ဆောင်ပေး ကျောက်ထုတပ်တွင်း တာဝန်ထမ်းဆောင်နေသည့် စစ်ကောင်စီတပ်သားတစ်ဦးကို ကျောက်ထု PDFက မတ်လ ၇ ရက်က ကယ်ထုတ်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoမတ် 13, 2022
News မံစီ၌ KIAနှင့် စစ်ကောင်စီတပ် ယနေ့ တိုက်ပွဲဆက်ဖြစ် မုန်းခေါင်ကျေးရွာ အနီးတဝိုက်သို့ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်မှုများ ပြုလုပ်နေသည့်အပြင် ဒေသခံများအား အပြင်မထွက်ရန် တားမြစ်ထားသည်ဟု KIA သတင်းနှင့် ပြန်ကြားရေးဌာနက ဒေသခံများကို ကိုးကား ဖော်ပြထားသည်။ LuduNwayOoမတ် 12, 2022