Connect with us

Hi, what are you looking for?

News

မန္တလေးတွင် ဆိုင်ကယ်ဖမ်းပြီး ငွေညှစ်​နေသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ၊ လေးဦးဒဏ်ရာရ

ဗုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် ယာဥ်များအားဖမ်းဆီးစစ်ဆေးကာ ငွေကြေးတောင်းယူနေသည့် စစ်ကောင်စီတပ်မှ စစ်သားနှစ်ဦး၊ ရဲတစ်ဦးနှင့် ယာဥ်ထိန်းရဲတစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ၎င်းက ဆက်ပြောသည်။

People's Spring
People's Spring

မန္တလေးမြို့ပေါ်တွင် ဆိုင်ကယ်ဖမ်းပြီး ပြည်သူလူထုထံမှ ငွေညှစ်​တောင်းနေသည့် စစ်ကောင်စီတပ်ဖွဲ့တစ်ခုကို ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း မန်းအခြေစိုက် PDF မဟာမိတ်ညီနောင်သုံးဖွဲ့က ယနေ့ (မတ် ၁၄)ထုတ်ပြန်သည်။

ယနေ့နံနက် ၁၁ နာရီခန့်က မန္တလေးမြို့ ၆၂ လမ်းနှင့် သိပ္ပံလမ်းထောင့်မီးပွိုင့်ရှိ စစ်ကောင်စီတပ်လက်အောက်ခံ တပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“မတရားဆက်ကြေးကောက်နေတာကို လက်မခံနိုင်လို့ တိုက်ခိုက်ခဲ့တာပါဗျ”ဟု ညီနောင်မဟာ မိတ်သုံးဖွဲ့တွင်ပါဝင်သော Guerilla Force Of Mandalay မှ ရဲဘော်တစ်ဦးက ပြောသည်။

ဗုံးဖြင့် တိုက်ခိုက်ခံရမှုကြောင့် ယာဥ်များအားဖမ်းဆီးစစ်ဆေးကာ ငွေကြေးတောင်းယူနေသည့် စစ်ကောင်စီတပ်မှ စစ်သားနှစ်ဦး၊ ရဲတစ်ဦးနှင့် ယာဥ်ထိန်းရဲတစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း ၎င်းက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

အထက်ပါတိုက်ခိုက်မှုကို Guerilla Force Of Mandalay ၊ Mandalay Black King Scorpion ၊ Mandalay Ranger Force ညီနောင်သုံးဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါညီနောင်သုံးဖွဲ့မှ မန္တလေးသူနာပြုတက္ကသိုလ်ရှေ့ရှိ စစ်ကောင်စီတပ်အစောင့်ဂိတ်အားလည်း ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ ဆိုင်ကယ်စီးနင်းလာသူ အမျိုးသားတစ်ဦး အုပ်စုဖွဲ့ ဆိုင်ကယ်လုယက် ခံလိုက်ရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။