Connect with us

Hi, what are you looking for?

News

လှိုင်သာယာတွင် ဆန္ဒပြသူများအားသတ်ဖြတ်မှု တစ်နှစ်ပြည့်အဖြစ် စစ်​ကောင်စီတပ်ကို တိုက်ခိုက်

လှိုင်သာယာမြို့နယ်အတွင်း ငြိမ်းချမ်းစွာဆန္ဒပြသည့်ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီက အစုလိုက် ၊အပြုံလိုက် ရက်ရက်စက်စက်သတ်ဖြတ်နှိမ်နင်းခဲ့သည်မှာ ယနေ့( မတ်လ ၁၄)တွင် တစ်နှစ်တိတိပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများအား အစုလိုက်၊အပြုံလိုက်အကြမ်းဖက်သတ်ဖြတ်ခံရသည့်​ တစ်နှစ်ပြည့်အဖြစ် စနေမ နှင့် BOC မှတ်တိုင်ကြား၌ စစ်ကောင်စီတပ်ကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း From Zero To Hero က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၁၄ ရက်) ညနေ ၃နာရီခန့်က စနေမ နှင့် BOC မှတ်တိုင်ကြား ပန်းခြံထောင့်၌ စစ်ကောင်စီတပ်များကင်းလှည့်လာစဥ် တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း From Zero To Hero အဖွဲ့ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“စခတချို့ အထိအခိုက်အနည်းငယ်ရှိခဲ့တယ်။ သေ၊မသေတော့ ကျွန်တော်တို့ မသိရသေးဘူး”ဟု ၎င်းက People’s Springသို့ ပြောသည်။

Public Service Announcement

လှိုင်သာယာမြို့နယ်အတွင်း ငြိမ်းချမ်းစွာဆန္ဒပြသည့်ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီက အစုလိုက် ၊အပြုံလိုက် ရက်ရက်စက်စက်သတ်ဖြတ်နှိမ်နင်းခဲ့သည်မှာ ယနေ့( မတ်လ ၁၄)တွင် တစ်နှစ်တိတိပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ကြီး (HRW) ၏မှတ်တမ်းအရ အဆိုပါမြို့နယ်တွင် ၆၅ဦးထက်မနည်း သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

လှိုင်သာယာမြို့အဝင် အောင်ဇေယျတံတားထိပ်မှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် အတားအဆီးများကို စစ်တပ်က မီးရှို့ဖျက်ဆီး၍ မြို့ကို စနစ်တကျ ပိတ်ဆို့ကာ ပစ်ခတ်သတ်ဖြတ်မှုများလုပ်ခဲ့ခြင်း ဖြစ်သည်။

(စစ်​ကောင်စီတပ်၏ ပစ်ခတ်မှု​ကြောင့် ဆန္ဒပြပြည်သူတစ်ဦး လဲကျ​သေဆုံး​နေစဥ်၊ ဓာတ်ပုံ – AFP)

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။