Connect with us

Hi, what are you looking for?

LuduNwayOo

News

လှိုင်သာယာတွင် ဆန္ဒပြသူများအားသတ်ဖြတ်မှု တစ်နှစ်ပြည့်အဖြစ် စစ်​ကောင်စီတပ်ကို တိုက်ခိုက်

လှိုင်သာယာမြို့နယ်အတွင်း ငြိမ်းချမ်းစွာဆန္ဒပြသည့်ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီက အစုလိုက် ၊အပြုံလိုက် ရက်ရက်စက်စက်သတ်ဖြတ်နှိမ်နင်းခဲ့သည်မှာ ယနေ့( မတ်လ ၁၄)တွင် တစ်နှစ်တိတိပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

ရန်ကုန်မြို့ လှိုင်သာယာမြို့နယ်တွင် စစ်အာဏာရှင်ဆန့်ကျင်​ရေးဆန္ဒပြသူများအား အစုလိုက်၊အပြုံလိုက်အကြမ်းဖက်သတ်ဖြတ်ခံရသည့်​ တစ်နှစ်ပြည့်အဖြစ် စနေမ နှင့် BOC မှတ်တိုင်ကြား၌ စစ်ကောင်စီတပ်ကို ဗုံးခွဲ တိုက်ခိုက်ခဲ့ကြောင်း From Zero To Hero က ထုတ်ပြန်သည်။

ယနေ့(မတ်လ ၁၄ ရက်) ညနေ ၃နာရီခန့်က စနေမ နှင့် BOC မှတ်တိုင်ကြား ပန်းခြံထောင့်၌ စစ်ကောင်စီတပ်များကင်းလှည့်လာစဥ် တိုက်ခိုက်နိုင်ခဲ့ခြင်းဖြစ်ကြောင်း From Zero To Hero အဖွဲ့ တာဝန်ရှိသူတစ်ဦးကဆိုသည်။

“စခတချို့ အထိအခိုက်အနည်းငယ်ရှိခဲ့တယ်။ သေ၊မသေတော့ ကျွန်တော်တို့ မသိရသေးဘူး”ဟု ၎င်းက People’s Springသို့ ပြောသည်။

Public Service Announcement

လှိုင်သာယာမြို့နယ်အတွင်း ငြိမ်းချမ်းစွာဆန္ဒပြသည့်ပြည်သူများကို အာဏာသိမ်းစစ်ကောင်စီက အစုလိုက် ၊အပြုံလိုက် ရက်ရက်စက်စက်သတ်ဖြတ်နှိမ်နင်းခဲ့သည်မှာ ယနေ့( မတ်လ ၁၄)တွင် တစ်နှစ်တိတိပြည့်မြောက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ ကြီး (HRW) ၏မှတ်တမ်းအရ အဆိုပါမြို့နယ်တွင် ၆၅ဦးထက်မနည်း သတ်ဖြတ်ခံရခြင်းဖြစ်ကြောင်း သိရသည်။

လှိုင်သာယာမြို့အဝင် အောင်ဇေယျတံတားထိပ်မှစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ် အတားအဆီးများကို စစ်တပ်က မီးရှို့ဖျက်ဆီး၍ မြို့ကို စနစ်တကျ ပိတ်ဆို့ကာ ပစ်ခတ်သတ်ဖြတ်မှုများလုပ်ခဲ့ခြင်း ဖြစ်သည်။

(စစ်​ကောင်စီတပ်၏ ပစ်ခတ်မှု​ကြောင့် ဆန္ဒပြပြည်သူတစ်ဦး လဲကျ​သေဆုံး​နေစဥ်၊ ဓာတ်ပုံ – AFP)

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။