Connect with us

Hi, what are you looking for?

News

မတူပီတိုက်ပွဲ မဟာမိတ်အဖွဲ့များ၏ လက်ချက်ကြောင့် စစ်ကောင်စီအထိနာ

မတ်လ ၁၂ရက်နှင့် ၁၃ရက် ညနေအထိ တိုက်ပွဲတွင် စစ်ကောင်စီဖက်က ခုနှစ်ဦးသေဆုံးကာ ၁၀ဦးထက်မနည်း ဒဏ်ရာရသွားကြောင်း၊CDF- Paletwa မှရဲဘော် တစ်ဦးဒဏ်ရာအနည်းငယ်ရပြီး CNAရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ယနေ့(မတ်လ ၁၄ရက်) ထုတ်ပြန်ထားသည်။

(ပက်လက်ဝ PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

ချင်းပြည်နယ် မတူပီတွင် အကြမ်းဖက်စစ်ကောင်စီအား မဟာမိတ်သုံးဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် နှစ်ရက်တာ တိုက်ပွဲအတွင်းစစ်ကောင်စီဖက်က ခုနှစ်ဦးသေဆုံးကာ ၁၀ဦးထပ်မနည်း ဒဏ်ရာရသွားကြောင်းCDF-Paletwa က ထုတ်ပြန်သည်။

မတူပီမြို့နယ် လိုင်လိုင်းပီမြို့မှ ထယ်ဘွေ့ စခန်းသို့ အင်အားဖြည့်တင်းရန် တတ်လာသည့် စစ်ကောင်စီအင်အား ၁၅၀ခန့်ကို CDF- Paletwa, CDF- Matupi နှင့် CNAက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၁၂ရက်နှင့် ၁၃ရက် ညနေအထိ တိုက်ပွဲတွင် စစ်ကောင်စီဖက်က ခုနှစ်ဦးသေဆုံးကာ ၁၀ဦးထက်မနည်း ဒဏ်ရာရသွားကြောင်း၊CDF- Paletwa မှရဲဘော် တစ်ဦးဒဏ်ရာအနည်းငယ်ရပြီး CNAရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ယနေ့(မတ်လ ၁၄ရက်) ထုတ်ပြန်ထားသည်။

အထိနာသွားသည့် အကြမ်းဖက်စစ်ကောင်စီက ပြည်သူများရှိရာနေရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး၊ စာသင်ကျောင်း တစ်ဆောင်၊ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ဆောင် ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။ ဒေသခံများကို ပြည်သူ့ကာကွယ် ရေးမဟာမိတ်သုံးဖွဲ့က ကယ်ထုတ်ခဲ့ပြီး လုံခြုံသည့်နေရာသို့ ရွေ့ပြောင်းနိုင်ခဲ့သည်ဟု CDF-Paletwa သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ တက်လာမည့် ထယ်ဘွေ့စခန်းအ၀င်လမ်းကြောင်းတ‌လျှောက်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ပိတ်ဆို့ထားဆဲဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တွီဆော့ကုန်းကျေးရွာ လူနေအိမ်တစ်လုံး၊ စာသင်ကျောင်း တစ်ဆောင်၊ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ဆောင် ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူ များအားထိခိုက်မှု မရှိ လုံခြုံသည့်နေရာအား ရွေ့ပြောင်းနိုင်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်