Connect with us

Hi, what are you looking for?

LuduNwayOo

News

မတူပီတိုက်ပွဲ မဟာမိတ်အဖွဲ့များ၏ လက်ချက်ကြောင့် စစ်ကောင်စီအထိနာ

မတ်လ ၁၂ရက်နှင့် ၁၃ရက် ညနေအထိ တိုက်ပွဲတွင် စစ်ကောင်စီဖက်က ခုနှစ်ဦးသေဆုံးကာ ၁၀ဦးထက်မနည်း ဒဏ်ရာရသွားကြောင်း၊CDF- Paletwa မှရဲဘော် တစ်ဦးဒဏ်ရာအနည်းငယ်ရပြီး CNAရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ယနေ့(မတ်လ ၁၄ရက်) ထုတ်ပြန်ထားသည်။

(ပက်လက်ဝ PDF ရဲ​ဘော်များကို ​တွေ့ရစဥ်)

ချင်းပြည်နယ် မတူပီတွင် အကြမ်းဖက်စစ်ကောင်စီအား မဟာမိတ်သုံးဖွဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့သည့် နှစ်ရက်တာ တိုက်ပွဲအတွင်းစစ်ကောင်စီဖက်က ခုနှစ်ဦးသေဆုံးကာ ၁၀ဦးထပ်မနည်း ဒဏ်ရာရသွားကြောင်းCDF-Paletwa က ထုတ်ပြန်သည်။

မတူပီမြို့နယ် လိုင်လိုင်းပီမြို့မှ ထယ်ဘွေ့ စခန်းသို့ အင်အားဖြည့်တင်းရန် တတ်လာသည့် စစ်ကောင်စီအင်အား ၁၅၀ခန့်ကို CDF- Paletwa, CDF- Matupi နှင့် CNAက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

မတ်လ ၁၂ရက်နှင့် ၁၃ရက် ညနေအထိ တိုက်ပွဲတွင် စစ်ကောင်စီဖက်က ခုနှစ်ဦးသေဆုံးကာ ၁၀ဦးထက်မနည်း ဒဏ်ရာရသွားကြောင်း၊CDF- Paletwa မှရဲဘော် တစ်ဦးဒဏ်ရာအနည်းငယ်ရပြီး CNAရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ယနေ့(မတ်လ ၁၄ရက်) ထုတ်ပြန်ထားသည်။

အထိနာသွားသည့် အကြမ်းဖက်စစ်ကောင်စီက ပြည်သူများရှိရာနေရာသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် လူနေအိမ်တစ်လုံး၊ စာသင်ကျောင်း တစ်ဆောင်၊ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ဆောင် ထိခိုက်ပျက်စီးခဲ့သည်ဟု ဆိုသည်။ ဒေသခံများကို ပြည်သူ့ကာကွယ် ရေးမဟာမိတ်သုံးဖွဲ့က ကယ်ထုတ်ခဲ့ပြီး လုံခြုံသည့်နေရာသို့ ရွေ့ပြောင်းနိုင်ခဲ့သည်ဟု CDF-Paletwa သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ တက်လာမည့် ထယ်ဘွေ့စခန်းအ၀င်လမ်းကြောင်းတ‌လျှောက်ကို ပြည်သူ့ကာကွယ်ရေးတပ်များက ပိတ်ဆို့ထားဆဲဖြစ်သည်။

အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် တွီဆော့ကုန်းကျေးရွာ လူနေအိမ်တစ်လုံး၊ စာသင်ကျောင်း တစ်ဆောင်၊ခရစ်ယာန်ဘုရားရှိခိုးကျောင်းတစ်ဆောင် ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူ များအားထိခိုက်မှု မရှိ လုံခြုံသည့်နေရာအား ရွေ့ပြောင်းနိုင်ခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။