Connect with us

Hi, what are you looking for?

All posts tagged "ဗုံးကြဲ"

သတင်း

ကျွန်းလှမြို့နယ်၊ သဖန်းဆိပ်ဆည်ထဲက ဒေသခံတွေတူးဖော်နေတဲ့ တပိုင်တမိုင်ရွှေမျှောတွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေဗုံးကြဲတာ​ကြောင့် ဒေသခံပြည်သူ ၁၃ဦးထက်မနည်းသေဆုံးပြီး ဒဏ်ရာအပြင်းအထန်ရသူတွေနဲ့ ပျောက်ဆုံးနေသူတွေလည်းရှိတယ်လို့သတင်းရရှိပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်းက မိုးကြိုးရွာနဲ့ စိန်ပန်းကုန်းရွာကြားမှာ ဆက်ကြေးကောက်ဖို့လာတဲ့ ပျူစောထီးတွေ တိုက်ခိုက်ခံရပြီး ရွာကို ဒရုန်းနဲ့ ဗုံးကြဲလို့ နေအိမ် ၆လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်ရေးနယ်မြေ မူတြော်(ဖာပွန်)ခရိုင်ထဲမှာမတ်လဒုတိယပတ်အတွင်း နှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ် ၂၀ ကျော် ပျက်စီးခဲ့ရတယ်လို့ KNU ဗဟိုက မနေ့ (မတ်လ ၁၈ ရက်)မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီတပ်စခန်းသိမ်းတိုက်ပွဲဆင်နွှဲနေတဲ့ ကာလမှာ သရက်နှစ်ခွ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကိုလည်း ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ထားဝယ်ခရိုင် အမှတ်(၂) တပ်ရင်း T5 Wings ဒရုန်းတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပြီး သရက်နှစ်ခွဂိတ် တိုက်ခိုက်ခဲ့မှု မှတ်တမ်း ရုပ်သံ ဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ဂန့်ဂေါမြို့နယ်မြောက်ပိုင်းကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲလို့ စစ်ရှောင်မိသားစုဝင်နှစ်ဦးသေဆုံးပြီး တစ်ဦးစိုးရိမ်ရတယ်လို့ ဖြစ်စဥ်ကိုသိရှိသူအချို့က ပြောပါတယ်။

သတင်း

မင်းလက်ပံ၊ ရသေ့ဂူ ဒေသအနီးမှာတိုက်ပွဲပြင်းထန်​နေဆဲ၊စစ်တပ်​ရှေ့မတိုးနိုင်

သတင်း

စစ်ကိုင်းတိုင်း၊တန့်ဆည်မြို့နယ်က ရေရှင်ရွာနဲ့ကြောင်ဆင်းအိုင်ကျေးရွာကြားက စစ်ဘေးရှောင်တွေနေထိုင်ရာနေရာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံးကာ သုံးဦးခန့် ဒဏ်ရာရခဲ့တယ်လို့ တန့်ဆည်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့က ကစ္ဆပနဒီတံတားကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲလို့ ပျက်စီးမှုတွေရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်မှာ စစ်ရှုံးပြီး​တော့ အာက္ခတပ်​တော်(AA)ကဖမ်းဆီးထားတဲ့စစ်တပ်မှဗိုလ်ချုပ်မှတပ်သားအထိ့စစ်သုံ့ပန်း​တွေ၊စစ်သုံ့ပန်း မိသားစုဝင်​တွေ ထားတဲ့​နေရာ​တွေ ၊အကျဥ်းစခန်း​တွေကို ဦးတည်းပစ်မှတ်ထားဗုံးကြဲတာ​ကြောင့် ​သေဆုံးစစ်သားနဲ့ မိသားစုဝင် အနည်းဆုံး၂၂၆ ဦးထိရှိလာပြီဖြစ်ပါတယ် ။ ဒါ့အပြင်အနည်းဆုံး ၉၃ ဦးဒဏ်ရာရခဲ့ပါတယ်။ ဒါက People's Spring စု​ဆောင်းထားတဲ့အချက်အလက်​တွေအရပဲဖြစ်ပြီး ကျန်ခဲ့တဲ့ဖြစ်ရပ်​တွေလည်းရှိနိုင်ပါ​သေးတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ဖိုလ်ဝင်တောင်ဒေသကို စစ်ကောင်စီက ဂျိုင်ရိုကော်ပတာနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ပြည်သူ ၂ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Trending

Facebook