Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည်နယ်က မြို့နယ် ၈ခုကို စစ်တပ် ဆက်တိုက်ဗုံးကြဲ၊ အရပ်သားတွေ ထပ်မံသေဆုံး

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၈ခုကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း AAက သတင်းထုတ်ပြန်ပါတယ်။

(အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်က မြို့ရွာတွေကို ဗုံးကြဲတိုက်ခိုက်လို့ ပျက်စီးမှုများ။ ဓာတ်ပုံ - AA)

စက်တင်ဘာ ၂၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ် ၈ခုကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်ခဲ့လို့ ပြည်သူသေဆုံးထိခိုက်မှုတွေ ထပ်မံ ဖြစ်ပေါ်ခဲ့ကြောင်း AAက သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၇ရက်ကနေ ၂၇ရက်အထိ ၁၁ရက်တာ အတွင်း စစ်တပ်က မြောက်ဦး၊ သံတွဲ၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ပေါက်တော၊ဂွ၊ ကျောက်တော်၊ မင်းပြားနဲ့ အမ်း စတဲ့ မြို့နယ်တွေကို လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားပါတယ်။

AAက ဖော်ပြတဲ့ စာရင်းအရ ၁၁ရက်တာ အတွင်းလေကြောင်း တိုက်ခိုက်ခံရမှုကြောင့် အရပ်သားပြည်သူ ၆ဦးထက်မနည်းသေဆုံးကာ ၁၆ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ သေဆုံးသူအများစုဟာ သက်ကြီးရွယ်အိုတွေဖြစ်ပြီး ပုဏ္ဏားကျွန်းနဲ့ ရသေ့တောင်မြို့နယ်မှာ နေထိုင်သူတွေ ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲမှာ ကလေးငယ်အချို့လည်း ပါဝင်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဟာ စစ်မျက်နှာပြင်တိုင်း စစ်ရေးအရှုံးနဲ့ ရင်ဆိုင်နေရတာကြောင့် အာရက္ခပြည်အနှံ မြိုရွာများအား ရှုံးမဲမဲကာ လေကြောင်း တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

စစ်ရေးပစ်မှတ်မဟုတ်တဲ့ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အအုံ၊ ဆေးရုံ၊ ဆေးခန်း၊ စစ်ဘေးရှောင်နေရာနဲ့ အပြစ်မဲ့ပြည်သူများနေထိုင်ရာ နေရာများအား သူရဲဘောကြောင်စွာ နေ့စဉ် ရက်ဆက် နေ့ည လေကြောင်းဗုံးကြဲနေတာဖြစ်ကြောင်း ထိခိုက်ပျက်စီးမှုနဲ့ သေဆုံးထိခိုက် အခြေအနေ မှတ်တမ်းဓာတ်ပုံတွေ ဖော်ပြ အသိပေးထားပါတယ်။စစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် အိမ်မွေးတိရိစ္ဆာန်တွေ သေဆုံးထိခိုက်မှုလည်း ရှိခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လာမယ့် ပွင့်လင်းကာလမှာ အခုထက်ပိုတဲ့ စစ်အင်အားတွေသုံးပြီး ကြည်း၊ရေ၊လေ ထိုးစစ်ကြီး လုပ်ဆောင်လာနိုင်လို့ စစ်မျက်နှာ ၇ခုမှာ တိုက်ပွဲတွေ ပိုပြင်းထန်နိုင်ဟု

အာရက္ခတပ်တော်(AA) ဒုစစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်က စက်တင်ဘာ ၂၇ရက်မှာ ထုတ်ပြန်တဲ့ ရက္ခိုင်အမျိုးသားအဖွဲချုပ်(ULA/AA)ရဲ့ ပါတီစာဆောင်မှု အသိပေးထားပါတယ်။

အခုနှစ် မိုးနှောင်းရာသီမှာ စစ်တပ်က အရင်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့နေရာတွေဖြစ်တဲ့ စစ်တွေ၊ကျောက်ဖြူ၊ ရခိုင်-မကွေးအစပ်၊ အာရက္ခ-ပဲခူးအစပ်၊ ရခိုင်-ဧရာဝတီတိုင်းအစပ်၊ ချင်းပြည်-ပလက်ဝ-ရခိုင်အစပ်နဲ့ အာရက္ခကမ်းရိုးတန်းဖက်တွေမှာ လက်ရှိ အသုံးပြုနေတဲ့ စစ်အင်အားထက်နှစ်ဆ သုံးဆ တိုးပြီး ကြည်း၊ရေ၊လေထိုးစစ်ကြီးကိုတပြိုင်တည်းလုပ်လာနိုင်လိုစစ်ရိပ်စစ်ငွေ့သန်းလာနေတာကို တွေ့နေရတယ်လို ဒေါက်တာညိုထွန်းအောင်က ရခိုင်ဘာသာနဲ့ အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

သတင်း

မီးထဲပါသွားတဲ့အလောင်းတချို့ ဆွဲထုတ်မရနိုင်သေးတာမို့ သေဆုံးသူထပ်တိုးနိုင်သေး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

Facebook