Connect with us

Hi, what are you looking for?

သတင်း

ကျောက်တော် ကစ္ဆပနဒီတံတားအနီးနဲ့အိန္ဒိယစျေး ဝန်းကျင်ကိုစစ်တပ်ဗုံးကြဲ ပြည်သူ​သေဆုံးထိခိုက်မှုများ

သံတွဲမြို့နဲ့ငပလီကမ်း​ခြေကိုလည်း စစ်တပ်ဗုံးကြဲ

(​​ကျောက်​တော်မြို့ ၊ကစ္ဆပနဒီ တံတားအနီးဝန်းကျင်နဲ့ အိန္ဒိယစျေးဝန်းကျင်ကိုစစ်တပ်ကဗုံးကြဲပြီး​​နောက်​တွေ့ရစဥ်။ဓါတ်ပုံ-​ပေးပို့)

စက်တင်ဘာ-၂၈၊၂၀၂၆။ခိုင်မြတ်/People’s Spring။

အာဏာသိမ်းစစ်တပ်က ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ပေါ်နဲ့ သံတွဲမြို့၊ ငပလီမြို့ပေါ်တို့ကို ဒီနေ့ နေ့လယ်ပိုင်းမှာ ဗုံးကြဲခဲ့ပြီး သေဆုံး၊ ထိခိုက်သူ ဆယ်ချီရှိနိုင်တယ်လို့ ဒေသခံတွေက ပြောကြတယ်။

စက်တင်ဘာလ ၂၈ ရက်နေ့လယ် ၁၂ နာရီကျော်အချိန်မှာ ကျောက်တော်မြို့ရှိ လူစည်ကားတဲ့ ကစ္ဆပနဒီ တံတားအနီးဝန်းကျင်နဲ့ အိန္ဒိယစျေးဝန်းကျင် တို့ကို စစ်တပ်ကဗုံးကြခဲ့ပြီး လမ်းသွားလမ်းလာပြည်သူတွေနဲ့ စျေးရောင်းစျေးဝယ်လုပ်နေသူတွေ အများအပြားသေဆုံး ထိခိုက်ခဲ့တယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

“အရေအတွက်တွေ မသိသေးဘူး။ သေတာက တဆယ်လောက်တောင်ရှိမလားပဲ၊ ငါးယောက်ကတော့ confirm လုပ်လို့ရတယ်။ ဒဏ်ရာရတာလည်း တော်တော်များမယ်။ အစတွေဆိုရင် နေရာအနှံ့ပဲ” လို့ ကျောက်တော်ဒေသခံ တဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အဆိုပါဗုံးကြဲမှု​ကြောင့်ပြည်သူ​သေဆုံးထိခိုက်မှု​တွေရှိတယ်လို့ AA ကလည်းထုတ်ပြန်ထားပါတယ် ။

ဒါ့အပြင် ဒီနေ့ ၁၂ နာရီခွဲကျော်အချိန်မှာ သံတွဲမြို့ပေါ်နဲ့ သံတွဲမြို့နယ် ငပလီကမ်းခြေကိုလည်း စစ်တပ် ဗုံးကြဲခဲ့ ပြီး အထိအခိုက်အခြေအနေတွေကိုတော့ မသိရသေးပါဘူး။

ဒါ့အပြင် စစ်တပ်ဟာ ဒီနေ့မနက်ပိုင်း ၇ နာရီကျော်အချိန်က လည်း မင်းပြားမြို့နယ် စွန်ရဲ၊ ကြောင်ရှည်ချောင်းရွာတို့ကို ဗုံးကြဲခဲ့တာကြောင့် ၁ ဦး သေဆုံးကာ ၇ ဦးထက်မနည်း ဒဏ်ရာရခဲ့ပါတယ်။

“ဒဏ်ရာပြင်းလို့ ဆေးရုံရောက်တာနဲ့ တယောက်သေသွားတယ်။ စစ်တွေဘက်မှာလည်း အခုထိ လေယာဉ်တွေ ဝဲ နေတယ်” လို့ ပေါက်တောမြို့နယ်မှ ဒေသခံတဦးက ပြောပါတယ်။

၄၉၂၆ စစ်ဆင်ရေးလို့ ကြွေးကြော်ပြီး ရခိုင်ထိုးစစ်အတွင်း ရှေ့တန်းစစ်မျက်နှာတွေမှာ စစ်တပ်ဘက်ကသေဆုံးထိခိုက်မှုများနေပြီးအထိနာ​​​​နေပြီး စစ်တပ်ဟာ အရပ်သား​တွေကိုပစ်မှတ်ထားပြီး မြို့ရွာတွေကိုလေကြောင်း၊ လက်နက်ကြီးတွေနဲ့ ဆက်တိုက် တိုက်ခိုက်လာတာဖြစ်ပါတယ်။

လက်ရှိမှာ စစ်တွေမြို့နယ်အတွင်း တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ဘက်က ​အထိနာနေပြီး တပ်စခန်းတွေ လည်းဆက်တိုက်လက်လွှတ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လူထုနွေဦးက ကောက်ယူပြုစုထားတဲ့အချက်အလက်တွေအရ စစ်တပ်ရဲ့ စစ်ဆင်ရေးစတဲ့ စက်တင်ဘာ ၄ ရက်နေ့ ကနေ၂၇ ရက်နေ့ထိ သုံးပတ်ကျော်ကာလအတွင်း စစ်တပ်လက်ချက်ကြောင့် သေဆုံးရတဲ့ ရခိုင်ဒေသခံ အရပ် သားပြည်သူ ၉ ဦးနဲ့ ထိခိုက်ဏ်ရာရသူ ၂၉ ဦးထက်မနည်း ရှိသွားခဲ့ပြီဖြစ်ပါတယ်။ ဒီစာရင်းထဲမှာဒီ​နေ့ ဗုံးကြဲခံရပြီး​သေဆုံးထိခိုက်သူ​တွေမပါဝင်​သေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ကျောက်တော်မြို့ဗုံးကြဲမှုမှာ ကျူးလွန်သူ အာဏာသိမ်းစစ်တပ်နဲ့ ပါဝင်ပတ်သက်သူတယောက်ချင်းစီကို ဖော်ထုတ်ပြီးလက် တုံံ့ပြန်တိုက်ခိုက်သွားမယ်လို့ အာရက္ခတပ်တော်(AA)ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားလိုက်ပါတယ်။

သတင်း

မီးထဲပါသွားတဲ့အလောင်းတချို့ ဆွဲထုတ်မရနိုင်သေးတာမို့ သေဆုံးသူထပ်တိုးနိုင်သေး

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီ​နေ့ တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်ကလေကြောင်းကနေပစ်ကူ​ပေးဗုံးကြဲနေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်နေတယ်လို့ ဒေသခံတချို့က ပြောပါတယ်။

Facebook