News
ထန်တလန်မြို့ ဈေးရပ်ကွက် CB ဘဏ်အနီးရှိ အိမ်ကို အကြမ်းဖက်စစ်တပ်က ယနေ့ (အောက်တိုဘာ ၂၈)တွင်လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မီးစတင်လောင် ကျွမ်းခြင်းဖြစ်သည်ဟု သိရသည်။
Hi, what are you looking for?
ထန်တလန်မြို့ ဈေးရပ်ကွက် CB ဘဏ်အနီးရှိ အိမ်ကို အကြမ်းဖက်စစ်တပ်က ယနေ့ (အောက်တိုဘာ ၂၈)တွင်လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် မီးစတင်လောင် ကျွမ်းခြင်းဖြစ်သည်ဟု သိရသည်။
မြောင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီအ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတော်လှန်နေကြသည်။
စစ်ကောင်စီတပ်သည် ဖလမ်းမှ ဟာခါးသို့ အင်အားဖြင့်တင်း စစ်ကြောင်းထိုးဝင်လာရာ ချင်းအမျိုးသားတပ်ဦး (CNF)နှင့် ချင်းပြည်ကာကွယ်ရေးတပ်ဖွဲ့(CDF)တို့က ခုခံတိုက်ခိုက်လျက်ရှိသည်။
လာမိုရဲ့ ခန္ဓာကိုယ် ၉၀ ရာခိုင်နှုန်းလောက်က မီးသင့် လောင်ကျွမ်းသွားခဲ့ပါတယ်။ သူဟာ ဆေးရုံမှာ နှစ်ပတ်လောက်ကြာအောင် ဝေဒနာ ပြင်းပြင်းထန်ထန် ခံစားရပြီးမှ ကွယ်လွန်သွားခဲ့ပါတယ်။ လာမိုနဲ့ တန်လျူတို့ဟာ မနှစ်က ဇွန်လမှာ တရားဝင် ကွာရှင်းထားခဲ့ပြီး ဖြစ်ပါတယ်။
ဟားခါးမြို့ကို စစ်အင်အားတိုးချဲ့ရန် လာရောက်သည့် စစ်ကောင်စီ၏ယာဉ်တန်းကို CNF နှင့် CDFပူးပေါင်းအဖွဲ့က အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းတွင် ဒုတိယအကြိမ်ထပ်မံ တိုက်ခိုက်နေခြင်းဖြစ်သည်။ အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းတွင်လည်း တစ်ကြိမ်တိုက်ခိုက်ခဲ့သည်။
ပြည်သူများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်းနှင့် စစ်ကောင်စီတပ်များသည်လာရာ လမ်းတစ်လျှောက်မှ အိမ်များကို မီးရှို့ဖျက်စီးခဲ့ကြောင်း PDFက ထုတ်ပြန်သည်။
အောက်တိုဘာ ၂ရက်က အကြမ်းဖက်စစ်တပ်၏ သုံးကြိမ်မြောက် ဖျက်စီးခံရမှုဖြစ်စဥ်တွင် ထယ်လှော်ကျေးရွာဘုန်ကြီးကျောင်းမှ ကားနှစ်စီးနှင့်ကျေးရွာရှိ ဆိုင်ကယ်များပါ ခိုးယူသွားသည်ဟု ဆိုသည်။
ထီးချိုင့်မြို့နယ်တွင် ထီးချိုင့်မြို့မရဲစခန်း၊ အလယ်တောရဲစခန်း၊ ညောင်ပင်သာရဲစခန်းနှင့် ကမ်းနီးရဲစခန်း အပါ အဝင် ရဲစခန်းနှင့်နယ်မြေရဲစခန်း ငါးခုရှိသည်။
“သူတို့က မြောက်ကနေ လာပြီး မီးရှို့တော့တာပဲ။ သူတို့က အရင်က အထိနာထားတယ်ဆိုတော့ ရှို့တော့တာပေါ့။ အကြောင်းမဲ့ရှို့တာ။ သူတို့က ရွာကို ငြိုးနေတာ။ ဒီနေ့ ရွာလယ်လောက်ကနေ စရှို့နေတာ”ဟု နှမ်းခါးရွာခံ တစ်ဦးက ပြောသည်။
ကားနောက်ခန်းတွင် မီးလောင်ကျွမ်းထားသော ရုပ်အလောင်းတစ်လောင်းကိုလည်း တွေ့ရသည်။ သို့သော် ကားပေါ်တွင် ရုပ်အလောင်းမည်မျှရှိသည်ကို ရှင်းလင်းစွာမမြင်ရပေ။