Connect with us

Hi, what are you looking for?

LuduNwayOo

News

မြင်းမူမြို့နယ် ကန်​တော်ရွာကိုမီးရှို့ပြန်လာ​သောစစ်​ကောင်စီတပ်အား PDF ငါးဖွဲ့ က တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ကန်တော်ကျေးရွာအား မီးရှို့ဖျက်ဆီးပြီး ပြန်လာသည့် စစ်​ကောင်စီတပ်အား ​ဒေသတွင်းPDF မဟာမိတ်၅ ဖွဲ့က ပဒေသာမိုင်း၊ စိန်ပြောင်းများဖြင့် ခုခံတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်အုပ်စုဝင်များ အများအပြားသေဆုံးနိုင်ကြောင်း မြင်းမူမြို့နယ် Black Eagle Defence Force -MMU ( မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)ကသတင်းထုတ်ပြန်သည်။

ကန်​တော်ကျေးရွာကို အကြမ်းဖက်စစ်​ကောင်စီတပ်ကမီးရှို့ဖျက်ဆီးထားမှု ။ ဓါတ်ပုံ-CJ

ကန်တော်ကျေးရွာမှ ဧပြီး ၂၉ ရက်တွင်မီးရှို့အကြမ်းဖက်ခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယနေ့( ဧပြီလ၃၀ )၊ နံနက် ၄ နာရီ အချိန်ကထီးဆောင်းမှမုံရွာဘက်သို့ အရပ်သားပြည်သူကား (၂) စီးအားအသုံးပြု၍ ထွက်ခွာလာရာ အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာအကြားတွင် BEDF-MMU မှ ပဒေသာမိုင်း (၃)လုံး၊ တစ်ဖက်ပွင့်စိန်ပြောင်း (၃) လုံးတို့ဖြင့် တိုက်ခိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်ရာ ကား(၂)စီးလုံး ထိထိမိမိ ထိမှန်ခဲ့ပြီး နောက်ဆုံးအစီးမှာ ဟန်ချက်ပျက်၍ ခေတ္တခဏ ထိုးရပ်သွားသောကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြား သေဆုံးနိုင်ပြီးအထိအခိုက်များနိုင်ကြောင်း မြင်းမူမြို့နယ် Black Eagle Defence Force -MMU ( မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)က ပြောသည်။

အဆိုပါစစ်ဆင်ရေးအား မြင်းမူမြို့နယ် Black Eagle Defence Force -MMU ( မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့ ) မှ ဦးဆောင်ပြီး People’s Defence Force Myinmu – MMU PDF၊ Myinmu Civil Revolution Force-CRF(Myinmu)၊ မြင်းမူလျှပ်စီး ပျောက်ကြားတပ်ဖွဲ့ ၊မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM စသည့် မဟာမိတ်(၅)ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။မဟာမိတ်အဖွဲ့များမှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မဟာမိတ်အဖွဲ့များက အသိပေးသည်။

ကန်​တော်ကျေးရွာကို အကြမ်းဖက်စစ်​ကောင်စီတပ်ကမီးရှို့ဖျက်ဆီးထားမှု ။ ဓါတ်ပုံ-CJ

ဧပြီ ၂၉ နံနက်ပိုင်းက မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ စစ်​ကောင်စီတပ်က အနီးနားရှိ ကန်တော်ကျေးရွာကိုအကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့၍ ပြည်သူ ၄ ဦး​သေဆုံးခဲ့ပြီး အိမ်ပေါင်း ၆၀၀ ကျော်မီး​လောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။ ဧပြီ ၂၉ ရက်တိုက်ပွဲတွင် စစ်​ကောင်စီဘက်မှ ၃၀ဦးသေဆုံး ၂၀ကျော် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊မိမိတို့ အဖွဲ့၅ဖွဲ့ မှ ၁ဦး (ကိုရခိုင် – Zero မြင်းခြံပျောက်ကျား၂တပ်ဖွဲ့ ဒုခေါင်းဆောင်) ကျဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာ ရရှိခဲ့ပြီး စခန်းအချို့ကို လက်လွှတ်ခဲ့ရ​ကြောင်း GTR MMU အဖွဲ့က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။