Connect with us

Hi, what are you looking for?

News

မြင်းမူမြို့နယ် ကန်​တော်ရွာကိုမီးရှို့ပြန်လာ​သောစစ်​ကောင်စီတပ်အား PDF ငါးဖွဲ့ က တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်ရှိ ကန်တော်ကျေးရွာအား မီးရှို့ဖျက်ဆီးပြီး ပြန်လာသည့် စစ်​ကောင်စီတပ်အား ​ဒေသတွင်းPDF မဟာမိတ်၅ ဖွဲ့က ပဒေသာမိုင်း၊ စိန်ပြောင်းများဖြင့် ခုခံတိုက်ခိုက်ခဲ့ပြီး အကြမ်းဖက်အုပ်စုဝင်များ အများအပြားသေဆုံးနိုင်ကြောင်း မြင်းမူမြို့နယ် Black Eagle Defence Force -MMU ( မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)ကသတင်းထုတ်ပြန်သည်။

ကန်​တော်ကျေးရွာကို အကြမ်းဖက်စစ်​ကောင်စီတပ်ကမီးရှို့ဖျက်ဆီးထားမှု ။ ဓါတ်ပုံ-CJ

ကန်တော်ကျေးရွာမှ ဧပြီး ၂၉ ရက်တွင်မီးရှို့အကြမ်းဖက်ခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယနေ့( ဧပြီလ၃၀ )၊ နံနက် ၄ နာရီ အချိန်ကထီးဆောင်းမှမုံရွာဘက်သို့ အရပ်သားပြည်သူကား (၂) စီးအားအသုံးပြု၍ ထွက်ခွာလာရာ အလ္လကပ္ပကျေးရွာနှင့် ဝမ်းပြည့်ကျေးရွာအကြားတွင် BEDF-MMU မှ ပဒေသာမိုင်း (၃)လုံး၊ တစ်ဖက်ပွင့်စိန်ပြောင်း (၃) လုံးတို့ဖြင့် တိုက်ခိုက်ခဲ့သည်။ ထိုသို့တိုက်ခိုက်ရာ ကား(၂)စီးလုံး ထိထိမိမိ ထိမှန်ခဲ့ပြီး နောက်ဆုံးအစီးမှာ ဟန်ချက်ပျက်၍ ခေတ္တခဏ ထိုးရပ်သွားသောကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သား အများအပြား သေဆုံးနိုင်ပြီးအထိအခိုက်များနိုင်ကြောင်း မြင်းမူမြို့နယ် Black Eagle Defence Force -MMU ( မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့)က ပြောသည်။

အဆိုပါစစ်ဆင်ရေးအား မြင်းမူမြို့နယ် Black Eagle Defence Force -MMU ( မြင်းမူလင်းယုန်နက် ကာကွယ်ရေးအဖွဲ့ ) မှ ဦးဆောင်ပြီး People’s Defence Force Myinmu – MMU PDF၊ Myinmu Civil Revolution Force-CRF(Myinmu)၊ မြင်းမူလျှပ်စီး ပျောက်ကြားတပ်ဖွဲ့ ၊မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့-CDSOM စသည့် မဟာမိတ်(၅)ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။မဟာမိတ်အဖွဲ့များမှ ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း မဟာမိတ်အဖွဲ့များက အသိပေးသည်။

ကန်​တော်ကျေးရွာကို အကြမ်းဖက်စစ်​ကောင်စီတပ်ကမီးရှို့ဖျက်ဆီးထားမှု ။ ဓါတ်ပုံ-CJ

ဧပြီ ၂၉ နံနက်ပိုင်းက မြင်းမူမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ စစ်​ကောင်စီတပ်က အနီးနားရှိ ကန်တော်ကျေးရွာကိုအကြမ်းဖက် မီးရှို့ဖျက်ဆီးခဲ့၍ ပြည်သူ ၄ ဦး​သေဆုံးခဲ့ပြီး အိမ်ပေါင်း ၆၀၀ ကျော်မီး​လောင်ပျက်စီးသွားကြောင်း ဒေသခံများက ပြောသည်။ ဧပြီ ၂၉ ရက်တိုက်ပွဲတွင် စစ်​ကောင်စီဘက်မှ ၃၀ဦးသေဆုံး ၂၀ကျော် အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း၊မိမိတို့ အဖွဲ့၅ဖွဲ့ မှ ၁ဦး (ကိုရခိုင် – Zero မြင်းခြံပျောက်ကျား၂တပ်ဖွဲ့ ဒုခေါင်းဆောင်) ကျဆုံးခဲ့ပြီး ၂ ဦးဒဏ်ရာ ရရှိခဲ့ပြီး စခန်းအချို့ကို လက်လွှတ်ခဲ့ရ​ကြောင်း GTR MMU အဖွဲ့က အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။