Connect with us

Hi, what are you looking for?

News

ဝင်မနားရဲစခန်းစွန့်ခွာပြီးနောက် ‌ကျေးရွာများအားထပ်မံမီးရှို့ထွက်ပြေးလာသောစစ်အုပ်စုကို ပြည်သူ့ကာကွယ်ရေးအဖွဲ့များ တိုက်ခိုက်

ယမန်နေ့(မေလ ၅ရက်)နံနက် ၆နာရီခန့်တွင် ၎င်းတို့သည် တော်ဦးဘရွာမှ ထွက်ခွာစဥ် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ခုခံတိုက်ခိုက်မှုခံခဲ့ရကြောင်း၊ အကြမ်းဖက်စစ်သား ၂၀ခန့်သေဆုံးနိုင်သည်ဟုသိရကြောင်း ဒေသခံများက ​ပြောသည်။

(ဝင်မနားရဲစခန်းအား ပြည်သူ့ကာကွယ်ရေးတပ်များ ယနေ့နံနက်က ဝင်ရောက်ရှင်းလင်းနေစဥ်)

အကြမ်းဖက်စစ်ကောင်စီတပ်သား ၂၀ခန့် သေနိုင်ဟုဆို

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်တွင် ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတ​ပ်အား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ စစ်အုပ်စုဘက်မှ သေဆုံးထိခိုက်မှုများနိုင်ကြောင်း ဒေသခံများက ပြောသည်။

တိုက်ခိုက်ခံရသည့် အကြမ်းဖက်စစ်အုပ်စုသည် ဝင်မနားရဲစခန်းမှဖြစ်ပြီး မေလ ၄ရက်က ၎င်းတို့စခန်းအပါအဝင် ကျေးရွာနေအိမ်အချို့အား မီးရှို့ဖျက်ဆီးပြီး ထွက်ပြေးလာခဲ့သည့် စစ်ကြောင်းဖြစ်သည်။

ထိုအကြမ်းဖက်စစ်အုပ်စုသည် မေလ ၄ရက် ည ၈နာရီ ၅၀မိနစ်ခန့်တွင် ဘုတလင်မြို့နယ်သို့ ရောက်ရှိလာကာ တော်ဦးဘရွာကို မီးရှို့ဖျက်ဆီးပြီး တပ်စွဲခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(မေလ ၅ရက်)နံနက် ၆နာရီခန့်တွင် ၎င်းတို့သည် တော်ဦးဘရွာမှ ထွက်ခွာစဥ် ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ခုခံတိုက်ခိုက်မှုခံခဲ့ရကြောင်း၊ အကြမ်းဖက်စစ်သား ၂၀ခန့်သေဆုံးနိုင်သည်ဟုသိရကြောင်း ဒေသခံများက ​ပြောသည်။

ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုလည်း သိရသည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စုသည် ယနေ့(မေလ ၆ ရက်)နံနက် ၃နာရီခန့်က ဘုတလင်မြိုနယ်၊ ကံသစ်ကျေးရွာကို မီးရှိုဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။