Connect with us

Hi, what are you looking for?

News

ပေါက်မြို့နယ်ရှိ ကျေးရွာများ မီးရှို့သည့်စစ်ကောင်စီတပ်ကို ကျောက်ထု PDF တိုက်ခိုက်

ပေါက်မြို့နယ်တောင်ပိုင်းတခွင် ကမ်းကုန်အောင်ယုတ်မာရက်စက် လူသတ်၊ ကျေးရွာ ၁၁ရွာခန့်ကို မီးရှို့ပြီး ဧပြီ ၁၈ရက်တွင် ပေါက်မြို့နယ်အဆုံး ကျောက်ထုဒေသအစပ် မန်းကျေးရွာအရှေ့ ပုံတောင်အခြေကိုရောက်ရှိလာသော စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ကျောက်ထု PDF ရဲ​ဘော်များအား ​တွေ့ရစဥ်

မကွေးတိုင်း ပေါက်မြို့နယ်ရှိ ကျေးရွာများသို့ ဝင်ရောက်စီးနင်းပြီး ကျေးရွာများအား မီးရှို့ဖျက်ဆီးခဲ့သည့် စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့ရာ နှစ်ရက်ဆက် ပစ်ခတ်တိုက်ခိုက်မှုများဖြစ်ခဲ့သည်ဟု ကျောက်ထုပြည်သူ့ကာကွယ်ရေးတပ်(PDF)က ယနေ့ သတင်းထုတ်ပြန် သည်။

ပေါက်မြို့နယ်တောင်ပိုင်းတခွင် ကမ်းကုန်အောင်ယုတ်မာရက်စက် လူသတ်၊ ကျေးရွာ ၁၁ရွာခန့်ကို မီးရှို့ပြီး ဧပြီ ၁၈ရက်တွင် ပေါက်မြို့နယ်အဆုံး ကျောက်ထုဒေသအစပ် မန်းကျေးရွာအရှေ့ ပုံတောင်အခြေကိုရောက်ရှိလာသော စစ်ကောင်စီတပ်နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

အင်အား ၈၀ခန့်ပါ စစ်ကောင်စီတပ်နှင့် ကျောက်ထု PDF တို့သည် ညနေ ၄နာရီခွဲမှစ၍ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ညပိုင်းတွင်လည်း မိနစ်၂၀ခန့် ပစ်ခတ်မှုဖြစ်ခဲ့ကြောင်း ထုတ်ပြန်သည်။

ထို့ပြင် ဧပြီ ၁၉ရက် နံနက် ၈နာရီခန့်တွင်လည်း ကျောက်ထု PDFမှ လက်နက်ကြီး နှစ်ချက် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် ကိုအတည်ပြုနိုင်ခြင်းမရှိကြောင်း ကျောက်ထု PDF ကထုတ်ပြန်သည်။ PDF ရဲဘော်များ ထိခိုက်မှု မရှိဟုလည်း ဖော်ပြသည်။

ပြည်သူများအနေဖြင့် စစ်သား၊ရဲများနှင့် ပေါင်းသင်းဆက်ဆံခြင်း၊ ၎င်းတို့နှင့် နီးကပ်စွာ သွားလာနေထိုင်းခြင်းမပြုရန်လည်း ကျောက်ထု PDFက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။