Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ကနှစ်ပတ်အတွင်းနေအိမ် နှစ်ထောင်ကျော်ထပ်မံမီးရှို့၊ အာဏာသိမ်းပြီးနောက်နိုင်ငံတစ်ဝန်း မီးရှို့ခံရသည့် နေအိမ် ၁၁၀၀၀ ကျော်ရှိလာ

အာဏာသိမ်းပြီးနောက်ပိုင်း မီးရှို့ခံရသည့် ပြည်သူလူထု နေအိမ် ၁၁၀၀၀ ကျော်အနက် စစ်ကိုင်းတိုင်းမှ နေအိမ် ၇၅၀၀ ကျော်၊ မကွေးတိုင်းမှ နေအိမ် ၂၁၀၀ ကျော်၊ ချင်းပြည်နယ်မှ နေအိမ် ၁၁၀၀ ကျော် တို့ဖြင့် အများဆုံးမီးရှို့ ဖျက်ဆီးခံခဲ့ရသည်။

ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံရ​သော မ​ကွေးတိုင်း​ပေါက်မြို့နယ်မှ ​ကျောက်အိုးရွာ

ယခုနှစ်လေးလအတွင်းစစ်ကောင်စီတပ်ကအိမ်ခြေ ၉၃၀၀ ကျော်မီးရှို့ဖျက်ဆီးခဲ့

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ကျေးရွာများမှ ပြည်သူလူထုနေအိမ်များ အပါအဝင် နေရာပေါင်း ၄၀ကျော်၌ မီးရှို့ဖျက်ဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့၍ နှစ်ပတ်အတွင်း အိမ်ခြေ ၂၂ ၃၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရကြောင်း Data for Myanmar က သတင်းထုတ်ပြန်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ ဧပြီ ၃၀ရက် အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက နေရာပေါင်း ၂၉၆ နေရာမှ လူနေအိမ် ခန့်မှန်းခြေ ၁၁၄၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။ Data for Myanmar က ဧပြီလ ၁၃ရက်နေ့အထိ ထုတ်ပြန်ခဲ့သည့် စာရင်းမှာ နေရာပေါင်း ၂၅၄ နေရာမှ နေအိမ် ၉၁၈၇ လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဖော်ပြခဲ့ရာ ယခု နှစ်ပတ်အတွင်း အိမ်ခြေ ၂ထောင်ကျော်ကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်သည်။

နိုင်ငံတစ်ဝန်း လအလိုက်မီးရှို့ဖိက်ဆီးခံရ​သောပြည်သူများ၏ ​​နေအိမ်စုစု​ပေါင်းအ​ခြေအ​နေကို Data For Myanmar ပြုစုထား​သော ဂရပ်

အာဏာသိမ်းပြီးနောက်ပိုင်း မီးရှို့ခံရသည့် ပြည်သူလူထု နေအိမ် ၁၁၀၀၀ ကျော်အနက် စစ်ကိုင်းတိုင်းမှ နေအိမ် ၇၅၀၀ ကျော်၊ မကွေးတိုင်းမှ နေအိမ် ၂၁၀၀ ကျော်၊ ချင်းပြည်နယ်မှ နေအိမ် ၁၁၀၀ ကျော် တို့ဖြင့် အများဆုံးမီးရှို့ ဖျက်ဆီးခံခဲ့ရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် အိမ်ခြေ ၁၁၀၀၀ ကျော်အနက် အိမ်ခြေ ၉၃၀၀ ကျော်မှ ယခုနှစ် ၄လအတွင်း မီးရှို့ခဲ့ခြင်းဖြစ်သည်ကို စာရင်းများအရ တွေ့ရသည်။ စစ်ကောင်စီတပ်သည် ယခုနှစ် ဇန်နဝါရီလ အတွင်း ပြည်သူလူထုနေအိမ် ၁၀၅၉ လုံး၊ ဖေဖော်ဝါရီ လတွင် ၂၈၈၂လုံး၊ မတ်လအတွင်း ၁၈၅၃ လုံးနှင့် ဧပြီလအတွင်း ၃၅၁၄ လုံး စုစုပေါင်း ၉၃၀၈ လုံး မီးရှို့ခဲ့သည်ဟု Data for Myanmar က ဆိုသည်။ ထို့ကြောင့် စစ်ကောင်စီတပ်သည် ယခုနှစ်အတွင်း ပြည်သူလူထုနေအိမ်များကို ပစ်မှတ်ထား မီးရှို့မှုများ တိုး၍လုပ်ဆောင်လာသည်ကို တွေ့ရသည်။

ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးခံရ​သော မ​ကွေးတိုင်း​ပေါက်မြို့နယ်မှ ​လယ်ယာရွာ

ယခု ထုတ်ပြန်သည့် အချက်အလက်များသည် သတင်းမီဒီယာများ၌ ဖော်ပြခဲ့သည့် တိုက်ပွဲသတင်းများ၊ နေအိမ်မီးရှို့ခံရသည့် သတင်းများကို စိစစ်ထားခြင်းဖြစ်ပြီး ဒေသခံ လူ့အခွင့်အရေးအဖွဲ့များ၊ စစ်ဘေးရှောင်ကူညီရေးအဖွဲ့များက ထုတ်ပြန်သည့် စာရင်းများကို အခြေခံထားကြောင်း Data for Myanmarကဆိုသည်။မပြည့်စုံသည့်အချက်အလက်
များကို ချန်ထားခဲ့ရ၍ မြေပြင်၌ စစ်ကောင်စီတပ် မီးရှို့ခဲ့သည့် နေအိမ်အရေအတွက် ယခုထက်ပိုများနိုင်ကြောင်း ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။