Connect with us

Hi, what are you looking for?

News

မတ္တရာမြို့နယ်ရှိ ဒေသခံ PDFစခန်းတစ်ခုကို စစ်ကောင်စီတပ်မီးရှို့၊ အပြန်တွင် မိုင်းဆွဲတိုက်ခိုက်ခံရ

မေလ ၄ရက်က သဖန်းကိုင်းရွာ အနီးရှိ ဒေသကာကွယ်ရေးစခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသမီးအချို့အပါအဝင် ၇ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောသည်။ ထိုစဉ်ကလည်း မတ္တရာ PDF ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာစစ်ကောင်စီတပ်မှလည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ် အုန်းလွတ်ရွာနှင့် မိုင်အနည်းငယ်အကွာရှိ ဒေသခံပြည်သူ့ကာ ကွယ်ရေးတပ်(PDF)၏ တပ်စခန်းတစ်ခုကို စစ်ကောင်စီတပ်က ယမန်နေ့တွင် မီးရှို့ခဲ့ပြီး ယင်းစစ်ကောင်စီတပ်ကိုလည်း ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်များက မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း မတ္တရာ ဒေသခံတစ်ဦးက သတင်းပေးပို့သည်။

“၄ရက်နေ့က အဖမ်းခံရတဲ့ ကောင်လေးတွေကို လမ်းပြခိုင်းပြီးတော့ LPDF စခန်းတစ်ခုကို မီးရှို့သွားတယ်။ အုန်းလွတ်ရွာရဲ့အထက်ဘက် ၅မိုင်လောက်မှာရှိတဲ့ LPDF စခန်းတစ်ခုကို ဝင်ရောက်မီးရှို့သားတယ်။ မီးရှို့သွားတာက ၅ရက်နေ့ မနက် ၉နာရီ ဝန်းကျင်လောက်မီးရှို့သွားတာ။လူတွေကတော့ အကုန်လွတ်တယ်။ မနေ့ကနေ့လည် ၁နာရီနဲ့ မိနစ်၂၀ လောက်မှာ သူတို့ ပြန်အဆင်းမှာ သဖန်းကိုင်းရွာနဲ့ ကျွန်းပင်ရွာကြားမှာ မိုင်းတစ်လုံးဆွဲလိုက်တယ်။ ဆွဲလိုက်တဲ့အခါမှာ ကားလေး ၆စီးလောက်က ၁စီးလောက်ထိတယ်ထင်တယ်။ ရမ်းသမ်းပစ်ခတ်တာတွေဖြစ်တယ်။”ဟု ဒေသခံက ပြောသည်။

အဆိုပါ သဖန်းကိုင်းနှင့် ကျွန်းပင်ကြား ၌ နေ့လည်ပိုင်းမှ ညအချိန်ထိ စစ်ကောင်စီတပ် ကားများ ရပ်နေကြောင်း၊ ညပိုင်းတွင် အဆိုပါ စစ်ကောင်စီတပ်ယာဉ်များ ထွက်သွားပြီးနောက် ဒေသခံများက သွားရောက်ကြည့်ရှုရာ တာယာကွင်းများဖြင့် မီးရှို့ထားသည် မီးပုံကြီးကို တွေ့ရကြောင်း မတ္တရာနယ်မှ အခြားဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

“ တာယာကွင်းတွေက တော်တော်များတယ် ။တာယာတွေမှာ ပတ်ထားတဲ့ ကြေးနန်းတွေပဲ ကျန်တော့တာ။ သရင်ပင်နှစ်ပင်ကိုလည်း မီးဟပ်ထားတာတွေ့တယ်။ အဲဒီထဲမှာ လူရိုးတွေလည်း တွေ့ခဲ့တယ်။အရိုးတွေကတော့ တော်တော်များတယ်။ ဒေသခံတွေအဖမ်းခံထားရတာလည်းရှိတော့ သူတို့ အလောင်းဖျောက်ဖျက်လိုက်တာလို့ထင်တယ်။ အဖမ်းခံရတဲ့ သူတွေရဲ့အလောင်းလို့ထင်တယ်။ အဖမ်းခံထားရတာက ၄ရက်နေ့က ၅ဦး အဖမ်းခံထားရတာ” ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

မေလ ၄ရက်က သဖန်းကိုင်းရွာ အနီးရှိ ဒေသကာကွယ်ရေးစခန်းတစ်ခုကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသမီးအချို့အပါအဝင် ၇ဦးကို ဖမ်းဆီးခဲ့ကြောင်း ဒေသခံက ပြောသည်။ ထိုစဉ်ကလည်း မတ္တရာ PDF ပါဝင်သည့် ပူးပေါင်းတပ်ဖွဲ့နှင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့ရာစစ်ကောင်စီတပ်မှလည်း ထိခိုက်သေဆုံးမှုရှိခဲ့သည်ဟု ပူးပေါင်းတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ်သည် ယမန်နေ့ညက မြောင်းသစ်ရွာ ဘုန်းကြီးကျောင်း၌ တပ်စွဲခဲ့ကြောင်း၊ အဆိုပါ စစ်ကောင်စီတပ်သည် သဖန်းကိုင်းရွာမှ နေအိမ် ၂လုံးကိုလည်း မီးရှို့ခဲ့ကြောင်း ဒေသခံက သတင်းပေးပို့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ် ရွှေဘုန်းမြင့်ကျေးရွာက စစ်တပ်စခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်