Connect with us

Hi, what are you looking for?

News

စစ်ကိုင်းမြို့နယ်တွင် စစ်​ကောင်စီတပ် စီးနင်းမီးရှို့မှုများ​ကြောင့် ​ကျေးရွာ ၁၅ရွာထက်မနည်းရှိ ပြည်သူ​သောင်းချီ ​ဘေးလွတ်ရာ​ရှောင်​နေရ

အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ်နှင့် နယ်ချင်းထိဆက်နေသော ဝက်လက်မြို့နယ်တွင်လည်း ယမန်နေ့ (ဧပြီ ၂၄ ရက်)က ဧရာဝတီမြစ်ဘေးကျေးရွာများကိုစစ်ကြောင်းထိုးနေပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

(ဧပြီ ၂၂ ရက်က စစ်ကိုင်းမြို့နယ် ညောင်ပင်ရှည်ရွာကို အကြမ်းဖက်စစ်တပ်က မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ-Cj)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်၏ ၀င်ရောက်စီးနင်း ပစ်ခတ်မီးရှို့မှုများကြောင့် မြို့နယ်အတွင်း ကျေးရွာ၁၅ ရွာထက်မနည်းရှိ ပြည်သူသောင်းချီ ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်နေရပြီး အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းမြို့အနောက်မြောက် ဆားတောင်တိုက်နယ်အတွင်းရှိ သာစည်လေး၊ဘုရားလှ၊ ညောင်ပင်ရှည် ကျေးရွာများအား ဧပြီ ဒုတိယအပတ်မှစတင်ကာ အကြမ်းဖက် စစ်ကောင်စီတပ်များက လက်နက်ကြီးဖြင့် ပစ်ခတ်၀င်ရောက်မီးရှို့ခဲ့ခြင်း‌ကြောင့် အဆိုပါကျေးရွာများ ရွာလုံးကျွတ်နီးပါးမီးလောင်ခဲ့ရကာ သာစည်လေးနှင့် ညောင်ပင်ရှည်ရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့များထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါကျေးရွာများ မီးရှို့ခံရမှု‌နှင့် ဒေသခံပြည်သူအချို့ထိခိုက်သေဆုံးမှုဖြစ်ပွားခဲ့ခြင်းကြောင့် အနီးတစ်ဝိုက်ကျေးရွာများဖြစ်သော သာဇင်၊တလိုင်းကျွန်း၊မူးသာ၊ထန်းတောဆိပ်၊မင်းရွာ၊ရွှေစည်းခုံ၊ တောင်မြို့၊အင်းစ၊တောင်ကြား၊ဒီပဲယင်းကွဲ၊မန်ကျည်းကုန်း၊စံသစ် စသည့်ကျေးရွာများမှ ပြည်သူများ ဘေးလွတ်ရာနေရာများသို့ရွေ့ပြောင်းနေထိုင်နေရကြောင်း စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

” ကျေးရွာတွေက လူအကုန်ထွက်ပြေးလာကြတာ။ မူးကိုကူးပြီး အ၀တ်တစ်ထည်ကိုယ်တစ်ခုနဲ့ပြေးလာရတဲ့သူတွေများတယ်။ အ၀တ်အစား၊ဆေးဝါးတွေလိုတယ်။ ကလေးငယ်နဲ့ သက်ကြီးရွယ်အိုတွေများတော့ ဓာတ်ဆားနဲ့ ရေသန့်လိုအပ်ပါတယ်။ နေရာထိုင်ခင်းအတွက်က ကျနော်တို့တက်နိုင်သလောက်စီစဉ်ပေးထားတယ်။ ဒါပေမဲ့ လူကများတော့ အမိုးအကာလည်း မလုပ်ပေးနိုင်တော့ တောတွေ၊ခြံတွေထဲမှာ နေရာချထားရတယ်။ ရွာလုံး ကျွတ်ပြေးလာရတဲ့ ရွာတွေ‌နဲ့ ဟိုတစ်စုဒီတစ်စုရှောင်လာကြတဲ့သူတွေနဲ့ပေါင်းရင် လူဦးရေသောင်းချီရှိ နိုင်မယ် တစ်ချို့ကတော့ ဆွေမျိုးတွေရှိတဲ့ မြို့နယ်တွေကို ဒီကတစ်ဆင့်ထွက်သွားကြတယ်။ အခုစစ်ဘေးရှောင်တဲ့နေရာတွေမှ စစ်တပ်ကလာပစ်လည်း အကုန်သေကြရုံပေါ့ဗျာ ” ဟု မြင်းမူမြို့နယ်မှ စစ်ဘေးရှောင်များအားကူညီနေသူတစ်ဦးက Sagaing District Medical Team သို့ဖြေကြားထားသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် စစ်ကိုင်းမြို့နယ်နှင့် နယ်ချင်းထိဆက်နေသော ဝက်လက်မြို့နယ်တွင်လည်း ယမန်နေ့ (ဧပြီ ၂၄ ရက်)က ဧရာဝတီမြစ်ဘေးကျေးရွာများကိုစစ်ကြောင်းထိုးနေပြီး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

လွန်ခဲ့တဲ့ ၁၇ နှစ်တုန်းက လူ ၅ ဦး သေဆုံးစေခဲ့တဲ့ ဂိမ်းဆိုင် မီးရှို့မှု တရားခံကို ဂျပန်က သေဒဏ်စီရင် ကွပ်မျက်ခဲ့ပါတယ်။