သတင်း ကနီရဲစခန်းတွင် စခန်းမှူးမွေးနေ့လုပ်နေစဥ် တိုက်ခိုက် ခံရပြီး မွေးနေ့ရှင်နှင့် နယ်ထိန်းတို့ သေဆုံးဟုဆို တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ရဲစခန်းနှင့် စခန်းအနီးရှိ ရွှေစည်းခုံဘုရားတောင်ပေါ်မှ လက်နက်ငယ်များဖြင့် ဆက်တိုက်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း KLG PDF ရဲဘော်က ပြောသည်။ LuduNwayOoဩဂုတ် 3, 2023
သတင်း တွန်းဇံမြို့ရှိ ရဲစခန်းနှင့် တပ်စခန်းများကို ချင်းတပ်များ ပူးပေါင်းတိုက်ခိုက် စစ်ကောင်စီတပ်က တွန်းဇံမြို့ခံများကို ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်များက ပြောသည်။ LuduNwayOoဩဂုတ် 2, 2023
သတင်း မြောင်မြို့ ရဲစခန်းနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ အဆိုပါစစ်ဆင်ရေးကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFနှင့်အတူ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၊ မိတ္ထီလာခရိုင်အမှတ်(၂)တပ်ရင်း၊ Bomb God Local PDF၊ မြို့မတိုက်နယ်ပကဖ(မြောင်)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoဩဂုတ် 1, 2023
သတင်း ပလိပ်မြို့ရဲစခန်းဝင်း ယမန်နေ့ညက ပေါက်ကွဲမှုဖြစ် ပလိပ်ရဲစခန်းရှေ့၌ ဆိုင်ကယ်စီးနင်းသူများအနေဖြင့် တွန်းသွားရပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီကြားသာ ဖြတ်သန်းခွင့်ပြုကြောင်း မြို့ခံများက ပြောသည်။ LuduNwayOoဇူလိုင် 31, 2023
သတင်း ဝက်လက်နယ်ရှိ ရှိမ်းမကားရဲစခန်းအား ကာကွယ်ရေးအဖွဲ့များ သွားရောက်တိုက်ခိုက် ယနေ့(ဇူလိုင် ၂၉ ရက်)က ဝက်လက်မြို့နယ်အရှေ့ခြမ်းရှိ ရှိမ်းမကားရဲစခန်းအား ဒရုန်း သုံးစီးဖြင့် ဗုံးချတိုက်ခိုက်ခဲ့ကြောင်း ရှိမ်းမကားတိုက်နယ်တာဝန်ခံက ပြောသည်။ LuduNwayOoဇူလိုင် 29, 2023
သတင်း ဆားလင်းကြီးနယ် ကျားတက်ရဲစခန်းအား အဆင့်မြင့်ဒရုန်းများသုံး နှစ်ရက်ဆက်တိုက်ခိုက် စစ်ဆင်ရေးနှစ်ခုလုံးကို Salingyi Special Task Force - SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3) PDAF၊ TTA(ရွှေဘို)၊ Royal Eagle (ပုလဲ)တို့ ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoဇူလိုင် 28, 2023
သတင်း ပုလဲနယ်ရှိ ကန်ထောင့်ရဲစခန်းအား လက်နက်ကြီးတပ်ပေါင်းစု ပစ်ခတ်တိုက်ခိုက် တိုက်ခိုက်ချိန် မိနစ် ၄၀ခန့် ကြာခဲ့ပြီး စခန်းတွင်းရှိ စစ်အုပ်စုဝင် တစ်ဦးသေဆုံးကာ တစ်ဦးအပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း DRPA၏ တာဝန်ရှိသူက ဆိုသည်။ LuduNwayOoဇူလိုင် 27, 2023
သတင်း ဝက်လက်ရဲစခန်းအပါအဝင် စစ်ကောင်စီတပ်စွဲထားသော နေရာသုံးခုကို ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက် လက်ရှိအခြေအနေတွင် စစ်ကောင်စီတပ်မှ ဝက်လက်မြို့အဝင်အထွက်ကို လုံခြုံရေးတင်းကြပ်ထားပြီး တိုက်ခိုက်ခံရမှုကြောင့် ၎င်းတို့ဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေများကို သတင်းဖုံးထားကြောင့် စုံစမ်းသိရသည်။ LuduNwayOoဇူလိုင် 24, 2023
သတင်း ခမ်းပတ်မြို့ရဲစခန်းကိုတော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်၊ နာရီပေါင်းများစွာတိုက်ပွဲဖြစ်ပြီးစစ်တပ်ကလေကြောင်းမှစစ်ကူပို့ ခမ်းပတ်မြို့ရဲစခန်းနှင့် စစ်ကောင်စီစခန်းသည် ကပ်လျက်တည်ရှိပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။ LuduNwayOoဇူလိုင် 24, 2023
သတင်း ကန့်ဒေါင့်ရဲစခန်း ဒရုန်းဖြင့်တိုက်ခိုက်ရာ ရဲသုံးဦး ဒဏ်ရာရ ယမန်နေ့(ဇူလိုင် ၂၂ ရက်) မွန်းလွဲ ၁နာရီခွဲခန့်က ပုလဲမြို့နယ်ရှိ ကန်ဒေါင့်ရဲစခန်းအား ဒရုန်းဖြင့် ဗုံးသီး(၉)လုံးချ တိုက်ခိုက်ခဲ့ရာ စခန်းအတွင်းရှိ ရဲ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း မြိုင်(ပကဖ)အဖွဲ့က ဗိုလ်Cross က ပြောသည်။ LuduNwayOoဇူလိုင် 23, 2023