Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကနီရဲစခန်းတွင် စခန်းမှူးမွေးနေ့လုပ်နေစဥ် တိုက်ခိုက် ခံရပြီး မွေးနေ့ရှင်နှင့် နယ်ထိန်းတို့ သေဆုံးဟုဆို

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ရဲစခန်းနှင့် စခန်းအနီးရှိ ရွှေစည်းခုံဘုရားတောင်ပေါ်မှ လက်နက်ငယ်များဖြင့် ဆက်တိုက်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း KLG PDF ရဲဘော်က ပြောသည်။

(တိုက်ခိုက်ရာတွင် အသုံးပြုသော မောင်းသူမဲ့လေယာဥ်ငယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-KLG PDF)
(တိုက်ခိုက်ရာတွင် အသုံးပြုသော မောင်းသူမဲ့လေယာဥ်ငယ်များအား တွေ့ရစဥ်။ ဓာတ်ပုံ-KLG PDF)

စစ်ကိုင်းတိုင်း၊ ကနီမြို့ရဲစခန်းတွင် စခန်းမှူးမွေးနေ့ပွဲကျင်းပနေစဥ် မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ဗုံးသီးချတိုက်ခိုက်ခံရပြီး မွေးနေ့ရှင်စခန်းမှူးနှင့် နယ်ထိန်းတို့ သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယနေ့ (သြဂုတ် ၃ ရက်)နံနက် ၈ နာရီခန့်က ကနီမြို့ရဲစခန်းတွင် စခန်းမှူးထွန်းမြင့်၏ မွေးနေ့ပွဲပြုလုပ်နေစဉ် မောင်းသူမဲ့လေယာဉ်ငယ် နှစ်စီးဖြင့် ဗုံးသီး လေးလုံးချ တိုက်ခိုက်ခဲ့ကြောင်း KLG PDF (ကျောက်လုံးကြီး)က အသိပေးထုတ်ပြန်သည်။

မောင်းသူမဲ့လေယာဥ်ငယ်ဖြင့် ၁၅ မိနစ်အတွင်း နှစ်ကြိမ်တိုင် သွားရောက်ဗုံးချခဲ့ကြောင်း၊ တိုက်ခိုက်မှုကြောင့် စခန်းမှူးထွန်းမြင့်နှင့် နယ်ထိန်း ဆန်းဌေးတို့ နှစ်ဦးသေဆုံးပြီး မြို့နယ်မှူး၊ရဲမေတစ်ဦးနှင့် ရဲမိသားစုဝင် နှစ်ဦးလည်း ပြင်းထန်ဒဏ်ရာများ ရရှိသွားသည်ဟု KLG PDF(ကျောက်လုံးကြီး) အဖွဲ့က ဆိုသည်။

” ‌စခန်းမှူး မွေးနေပွဲပြုလုပ်နေတာ သတင်းရလို့ ဒရုန်းနဲ့ ဗုံးကြဲခဲ့တာ။ မွေးနေ့ပွဲပြုလုပ်နေတာက အချုပ်ခန်းရဲ့ဘေး မြေပြင်မှာ ပြုလုပ်နေတာ။မွေးနေ့ပွဲပြုလုပ်နေတဲ့ နေ‌ရာပေါ်ကျတာ။ စခန်းမှူးကတော့ မွေးနေ့ပွဲတောင် ပြီးအောင်မလုပ်လိုက်ရဘူး သေရော”ဟု KLG PDF(ကျောက်လုံးကြီး)၏ ပြန်ကြားရေး တာဝန်ခံ ATက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

KLG PDF ပြန်ကြားရေးတာဝန်ခံက “ရဲစခန်းမှူးထွန်းမြင့်နဲ့နယ်ထိန်း ဆန်းဌေးသေတယ်။ မြို့နယ်မှူးနဲ့ ရဲမေတဦး ဗိုက်ပွင့်သွားတယ်။ ရဲမိသားစုဝင် နှစ်ဦးလည်း ဒဏ်ရာရတယ်။ အတွင်းသတင်းပြန်ရထားတာပါ”ဟု ပြောသည်။

ကနီမြို့မရဲစခန်း တိုက်ခိုက်ခံရကြောင်း ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ကလည်း အတည်ပြုသည်။

သို့သော် ထိခိုက်သေဆုံးမှုများအား လူထုနွေဦးကသီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ရဲစခန်းနှင့် စခန်းအနီးရှိ ရွှေစည်းခုံဘုရားတောင်ပေါ်မှ လက်နက်ငယ်များဖြင့် ဆက်တိုက်ပြန်လည်ပစ်ခတ်ခဲ့ကြောင်း KLG PDF ရဲဘော်က ပြောသည်။

အဆိုပါ စစ်ဆင်ရေးကို ယင်းမာပင်ခရိုင် တပ်ရင်း ၂၁၊၂၂၊၂၃ KLG PDF(ကျောက်လုံးကြီး)အဖွဲ့က Shar Htoo Waw Dron နည်းပညာဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ယခုစစ်ဆင်ရေးမျိုး ဆက်လက်လုပ်ဆောင်နိုင်ရန် ပြည်သူများ ထောက်ပံ့ကူညီပေးကြရန် မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ကော့ကရိတ်မြို့အကျော် တတန်းကူးနှင့် ရွာသစ်ကုန်းကျေးရွာအကျော်ရှိ ဒေါနတောင်ပေါ် မွေးမြူရေးဇုန်အနီးတွင် အောင်ဇေယျစစ်ကြောင်းက ရှေ့တိုး၊နောက်ဆုတ်လုပ်နေသည်ဟု SOG စစ်ကြောင်းမှူး ကိုဇော်အောင်က ပြောသည်။

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။