Connect with us

Hi, what are you looking for?

သတင်း

မြောင်မြို့ ရဲစခန်းနှင့် ထွေအုပ်ရုံး တိုက်ခိုက်ခံရ

အဆိုပါစစ်ဆင်ရေးကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFနှင့်အတူ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၊ မိတ္ထီလာခရိုင်အမှတ်(၂)တပ်ရင်း၊ Bomb God Local PDF၊ မြို့မတိုက်နယ်ပကဖ(မြောင်)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မြောင်မြို့နယ်ရှိ ကျောက်ရစ်ရဲစခန်းအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း၊ မြောင်မြို့ရှိ ရဲစခန်းနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့အား မဟာမိတ်အဖွဲ့များ သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား နှစ်ဦးသေဆုံးပြီး လေးဦး ဒဏ်ရာရရှိကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။

ယမန်နေ့ (ဇူလိုင် ၃၁ရက်) မွန်းလွဲ၂နာရီခန့်က စစ်ကောင်စီတပ်စွဲထားသည့် မြောင်မြို့​ပေါ်ရဲစခန်းနှင့် ထွေအုပ်ရုံးအား မဟာမိတ်တပ်ဖွဲ့များ ပူးပေါင်း၍ လက်နက်ကြီး၊ လက်နက်ငယ်များအသုံးပြုကာ ပြောက်ကျားစနစ်ဖြင့်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

“ရဲစခန်းနဲ့ထွေအုပ်ရုံးက နီးတယ်။ မိနစ်နှစ်ဆယ်လောက်တော့ ကြာတယ်။ အဓိကက ရဲစခန်းပစ်တာ။ စက်လက်အပါအဝင် လက်နက်ငယ်အချို့နဲ့ပြန်ပစ်တယ်။ အဝေးကနေအလစ်ငိုက်တိုက်ခိုက်တာမို့ သတ်မှတ်ထားတဲ့အချိန်ပြည့်တာနဲ့ ပြန်ဆုတ်လာခဲ့တာ။”ဟု စစ်ကိုင်းခရိုင် အမှတ်(၄)တပ်ရင်း-Myaung Special Defence Force-MSPDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သို့သော် စစ်အုပ်စု၏ ထိခိုက်သေဆုံးမှုအား လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အလားတူ ယမန်နေ့ နံနက် ၂နာရီခန့်ကလည်း မြောင်မြို့နယ် ကျောက်တန်းကျေးရွာ၌ သုံးရက်ကြာတပ်စွဲပြီး ပြန်ထွက်လာသော စစ်ကောင်စီစစ်ကြောင်းအား ကိုယ်တိုင်ထုတ် ပဒေသာမိုင်းလေးလုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်အုပ်စု အထိအခိုက်ရှိနိုင်ကြောင်း MSPDF၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အဆိုပါစစ်ဆင်ရေးကို စစ်ကိုင်းခရိုင်အမှတ်(၄)တပ်ရင်း-MSPDFနှင့်အတူ မြင်းခြံခရိုင်အမှတ်(၃)တပ်ရင်း၊ မိတ္ထီလာခရိုင်အမှတ်(၂)တပ်ရင်း၊ Bomb God Local PDF၊ မြို့မတိုက်နယ်ပကဖ(မြောင်)တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်ကလည်း စစ်သင်္ဘောများအား ကင်းယူပေးပြီး ပြန်လာသည့် မြောင်မြို့နယ်၊ ကျောက်ရစ်ရဲစခန်းအား သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်အုပ်စု ထိခိုက်မှုများရှိခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ ဂျင်ဝိုင်းနဲ့ ကြက်ဝိုင်းအပါအဝင် လောင်းကစားဝိုင်းတွေ ပေါများနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

နိုင်ငံတကာ

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။