Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

တွန်းဇံမြို့ရှိ ရဲစခန်းနှင့် တပ်စခန်းများကို ချင်းတပ်များ ပူးပေါင်းတိုက်ခိုက်

စစ်ကောင်စီတပ်က တွန်းဇံမြို့ခံများကို ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်များက ပြောသည်။

(CDF - Hualngoramမှ ရဲဘော်များ ဆုတောင်းမှုပြုလုပ်နေစဥ်။ ဓာတ်ပုံ - CDF - Hualngoram)
(CDF - Hualngoramမှ ရဲဘော်များ ဆုတောင်းမှုပြုလုပ်နေစဥ်။ ဓာတ်ပုံ - CDF - Hualngoram)

ချင်းပြည်နယ် တွန်းဇံမြို့ရှိ ရဲစခန်းနှင့် စစ်ကောင်စီတပ်စခန်းများကို ချင်းလက်နက်ကိုင်တပ်ဖွဲ့များက ဩဂုတ် ၁ရက်နှင့် ၂ ရက်တို့တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများကပြောသည်။

စစ်ကောင်စီ၏ ရဲစခန်းနှင့် တပ်စခန်းကို CDF – Hualngoramက ဩဂုတ် ၁ရက်တွင် သွားရောက်ပစ်ခတ်ပြီးနောက် ချင်းလက်နက်ကိုင်တပ်ပေါင်းစုက ဩဂုတ် ၂ ရက် နံနက် ၄ နာရီမှ ၇နာရီအထိ ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုများရှိပြီး ချင်းလက်နက်ကိုင်တပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း အဆိုပါတပ်များထံမှ သိရသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်က တွန်းဇံမြို့ခံများကို ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းကြောင့် အရပ်သားတစ်ဦး သေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု မျက်မြင်များက ပြောသည်။

Public Service Announcement
Public Service Announcement

“စစ်တပ်က ရမ်းသန်းပစ်လို့ ရဲစခန်းနားမှာနေတဲ့ မိသားစုထဲမှာ အမျိုးသားက ပွဲချင်းပြီးသေသွားတယ်။ မိန်းမက ကျည်ထိထားတယ်။ ကလေးနှစ်ယောက်ကော ထိထားတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ် ပစ်ခတ်၍ သေဆုံးခဲ့သူမှာ အသက် (၂၇)နှစ်အရွယ် ပြည်သူတစ်ဦးဖြစ်ပြီး ၎င်းသေဆုံးမှုအပေါ် စစ်ကောင်စီဘက်က CDFရဲဘော်ဖြစ်သည်ဟု ဝါဒဖြန့်နေသည်။

အဆိုပါ တိုက်ခိုက်မှုကို CNA၊ CDF-Hualngoram၊ CDF-KKG၊ CDF-Tonzang နှင့် PDA ပူပေါင်းတပ်တို့က ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အကျအဆုံး စာရင်းကို ထုတ်ပြန်နိုင်ခြင်းမရှိပေ။

တိုက်ပွဲအတွင်း CDF-Hualngoraက (၃၀)အရွယ် ရဲဘော်တစ်ဦးကျဆုံးခဲ့ကြောင်း ဒေသခံကာကွယ်ရေးတပ်များထံမှ သိရသည်။

တွန်းဇံမြို့ပေါ်တိုက်ပွဲကြောင့် ဒေသခံများ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရသည်ဟု မြို့ခံများက ပြောသည်။