Connect with us

Hi, what are you looking for?

သတင်း

ဆားလင်းကြီးနယ် ကျားတက်ရဲစခန်းအား အဆင့်မြင့်ဒရုန်းများသုံး နှစ်ရက်ဆက်တိုက်ခိုက်

စစ်ဆင်ရေးနှစ်ခုလုံးကို Salingyi Special Task Force – SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3) PDAF၊ TTA(ရွှေဘို)၊ Royal Eagle (ပုလဲ)တို့ ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

(အသုံးပြုတိုက်ခိုက်ခဲ့သော နည်းပညာမြင့် ဒရုန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-Salingyi Special Task Force - SSTF)
(အသုံးပြုတိုက်ခိုက်ခဲ့သော နည်းပညာမြင့် ဒရုန်းများအား တွေ့ရစဥ်။ ဓာတ်ပုံ-Salingyi Special Task Force - SSTF)

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ရှိ ကျားတက်ရဲစခန်းရှိ စစ်ကောင်စီတပ်သားများအား အဆင့်မြင့် ဒရုန်းများသုံး၍ နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force – SSTF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇူလိုင်၂၅ ရက်က ဆားလင်းကြီးမြို့နယ်၊ညောင်ပင်သာကျေးရွာမှ ကျားတက်ရဲစခန်းသို့ ဝင်ရောက်သွားသော စစ်ကောင်စီ စစ်ကြောင်းအား Shar Htoo Waw နည်းပညာဖြင့် အဆင့်မြင့်ထားသော ဒရုန်းများအသုံးပြု၍ ဗုံးသီး ငါးလုံးဖြင့် ရဲစခန်းအတွင်းသို့ ဗုံးချတိုက်ခိုက်ခဲ့ကြောင်း SSTF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

ဇူလိုင်၂၆ ရက်တွင်လည်း ကျားတက်ကျေးရွာအတွင်းသို့ ဝင်ရောက်နေသော စစ်ကောင်စီ စစ်ကြောင်းသည် ကျေးရွာအတွင်းရှိ ပြည်သူများ ၏ နေအိမ်များမှ ပစ္စည်းများအား ခိုးယူခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

ထိုအချိန်တွင် ဗုံးသီး ရှစ်လုံးချတိုက်ခိုက်ခဲ့ကြောင်း Salingyi Special Task Force – SSTF အဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ထိခိုက်မှုကတော့ အတိအကျမသိရသေးဘူး။ အတွင်းသတင်းက သေချာမရရှိသေးလို့ပါ။”ဟု SSTF အဖွဲ့၏ ပြန်ကြားရေးတာဝန်ခံက ဆိုသည်။

စစ်ဆင်ရေးနှစ်ခုလုံးကို Salingyi Special Task Force – SSTF {Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(4)၊ Shar Htoo Waw နည်းပညာတပ်ဖွဲ့ Team(3) PDAF၊ TTA(ရွှေဘို)၊ Royal Eagle (ပုလဲ)တို့ ပူပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။

အင်အား ၁၀၀ခန့်ပါ အဆိုပါ စစ်ကြောင်းသည် ယခုအခါ ကျားတက်ရဲစခန်းမှ ပုလဲမြို့နယ်ရဲစခန်းသို့ ရောက်ရှိသွားကြောင်း သိရသည်။

ပြည်သူများအနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ကြောင်းသတင်းသတိပေးချက် များကို လိုက်နာရန်နှင့် လုံခြုံရေးကိုအထူးသတိရှိကြရန်၊ စစ်အုပ်စု ရွာအတွင်းဝင်ရောက်လာနိုင်လျှင် စောစီးစွာရှောင်ရှားထားရန် ဒေသတွင်းတော်လှန်ရေးအင်အားစုများက သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ မြင့်တက်စေမယ့် ဒရုန်းစေလွှတ်မှုတွေအတွက် တောင်ကိုရီးယား သမ္မတဟောင်း ယွန်ဆွတ်ယောဟာ ထောင်ဒဏ် နှစ် ၃၀ ချမှတ် ခံခဲ့ရပါတယ်။

နိုင်ငံတကာ

လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ ပင်လယ်ကွေ့ ဒေသတွင်း နိုင်ငံတချို့မှာရှိတဲ့ အမေရိကန် စစ်စခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ ဒရုန်းတွေနဲ့ ရေဒါစခန်းတွေကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် စစ်တပ်က ပြောကြားခဲ့ပါတယ်။