Connect with us

Hi, what are you looking for?

သတင်း

ခမ်းပတ်မြို့ရဲစခန်းကို​တော်လှန်​ရေးတပ်ဖွဲ့များတိုက်ခိုက်၊ နာရီ​ပေါင်းများစွာတိုက်ပွဲဖြစ်ပြီးစစ်တပ်က​လေကြောင်းမှစစ်ကူပို့

ခမ်းပတ်မြို့ရဲစခန်းနှင့် စစ်ကောင်စီစခန်းသည် ကပ်လျက်တည်ရှိပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

( ခမ်းပတ်မြို့ကိုGoogle Map တွင်​တွေ့ရမှု / စစ်​ကောင်စီတပ်လက်နက်ကြီးဖြင့် ပစ်၍ ​နေအိမ်တစ်လုံးပျက်စီး​နေမှု။ ဓါတ်ပုံ-CJ)
( ခမ်းပတ်မြို့ကိုGoogle Map တွင်​တွေ့ရမှု / စစ်​ကောင်စီတပ်လက်နက်ကြီးဖြင့် ပစ်၍ ​နေအိမ်တစ်လုံးပျက်စီး​နေမှု။ ဓါတ်ပုံ-CJ)

ခမ်းပတ်မြို့ ရဲစခန်းကို ပြည်သူ့ကာကွယ်ရေးပူး‌ ပေါင်းတပ်များကနာရီ​ပေါင်းများစွာ တိုက်ခိုက်ပြီးနောက် စစ်ကောင်စီတပ်က ဇူလိုင် ၂၃ ရက်ည​နေပိုင်းတွင် ​လေယာဥ်နှစ်စင်းဖြင့် အင်အားအများအပြား ချသွားကြောင်း သတင်းရရှိသည်။

တမူးမြို့နယ်၊ ခမ်းပတ်မြို့ရဲစခန်းကို တမူးမြို့မှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် ခမ်းပက်မြို့ရှိဒေသကာကွယ်ရေးတပ်ဖွဲ့များကပူး​ပေါင်း၍ ယမန်နေ့( ဇူလိုင် ၂၂ရက်)ည ၈ နာရီဝန်းကျင်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း​ဒေသခံများနှင့် ​တော်လှန်​ရေးတပ်ဖွဲ့ဝင်အချို့က​ပြောသည်။

ခမ်းပတ်မြို့ရဲစခန်းနှင့် စစ်ကောင်စီစခန်းသည် ကပ်လျက်တည်ရှိပြီး တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့သည်ဟု ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးကပြောသည်။

( ခမ်းပတ်မြို့ကိုGoogle Map တွင်​တွေ့ရမှု / စစ်​ကောင်စီတပ်လက်နက်ကြီးဖြင့် ပစ်၍ ​နေအိမ်တစ်လုံးပျက်စီး​နေမှု။ ဓါတ်ပုံ-CJ)
( ခမ်းပတ်မြို့ကိုGoogle Map တွင်​တွေ့ရမှု / စစ်​ကောင်စီတပ်လက်နက်ကြီးဖြင့် ပစ်၍ ​နေအိမ်တစ်လုံးပျက်စီး​နေမှု။ ဓါတ်ပုံ-CJ)

” တိုက်ပွဲက မနေ့ညကရော ဒီနေ့(ဇူလိုင်လ ၂၃ရက်)မနက်ပါ ဖြစ်တာ။ ဒီညနေ ၄နာရီမှာတော့ လေယာဉ်နှစ်စင်းနဲ့ လာတယ်။ လေထီးတွေနဲ့ အင်အား တိုးချနေတယ်” ဟု အထက်ပါ ရဲဘော်ကပြောသည်။

Public Service Announcement

Public Service Announcement

ခမ်းပတ်ရဲစခန်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ ထိခိုက်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို မသိရှိရသေးပေ။ ကာကွယ်ရေးတပ်ဖွဲ့ဘက်တွင် တစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ထိုအပြင် စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားတစ်ဦးသေဆုံးကြောင်းလည်း​ဒေသခံအချို့က​ပြောသည်။

တိုက်ပွဲမတိုင်ခင် ၃ ရက်ခန့်ကတည်းက စစ်​ရေးတင်းမာ​နေပြီး ဇူလိုင် ၂၃ ရက်ညတွင် စတင်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်ကာ မြို့ခံပြည်သူများပထမဆုံးတိုက်ပွဲအ​တွေ့အကြုံဖြစ်၍ စိုးရိမ်​နေ​ကြောင်း ပြည်သူအချို့က​ပြောသည်။

“ခမ်းပတ် စစ်စခန်းနဲ့ ရဲစခန်းတို့တို့ကိုဝင်တိုက်လို့ကြားရပါတယ်။ခမ်းပတ်မြို့ပေါ်မှာထိတွေ့တိုက်ပွဲကဒါပထမဆုံးတိုက်ပွဲဖြစ်လို့လေ”ဟု​ဒေသခံတစ်ဦးက​ပြောသည်။

လမ်းမ​ဘေးရှိ​နေအိမ်များ ဇူလိုင် ၂၃ ရက်ညက​နေက ​​ဘေးလွတ်မည့်ထင်ရာသို့တိမ်း​ရှောင်ကြပြီး ၊ ခမ်းပတ်မြို့ အနီးရှိ​ကျေးရွာအချို့လည်းတိမ်း​ရှောင်​နေရပြီဖြစ်​ကြောင်းသိရသည်။

စစ်​ကောင်စီတပ်က အထိနာပါက​လေ​ကြောင်းမှတိုက်ခိုက်ခြင်း၊စစ်ကူပို့ခြင်းများပြုလုပ်နိုင်​ကြောင်း ​ဒေသခံအချို့က​ပြောသည်။

စစ်ရေးတင်းမာနိုင်၍ ယခုရက်ပိုင်း ခရီးသွားလာခြင်းများမပြုလုပ်ရန် ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးက သတိပေးသည်။ တိုက်ပွဲနှင့်ပတ်သက်၍ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့ညအထိ သတင်းထုတ်ပြန်ခြင်းမရှိသေးပေ။

ခမ်းပတ်မြို့ သည် စစ်ကိုင်းတိုင်း၊ တမူးခရိုင်၊ တမူးမြို့နယ်တွင် ပါဝင်သည့် မြို့နယ်ခွဲအဆင့်ရှိမြို့ ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။