Connect with us

Hi, what are you looking for?

သတင်း

ပလိပ်မြို့ရဲစခန်းဝင်း ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်

ပလိပ်ရဲစခန်းရှေ့၌ ဆိုင်ကယ်စီးနင်းသူများအနေဖြင့် တွန်းသွားရပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီကြားသာ ဖြတ်သန်းခွင့်ပြုကြောင်း မြို့ခံများက ပြောသည်။

(ပလိပ်ရဲစခန်းရှေ့အား တွေ့ရစဥ်။ရဓာတ်ပုံ-PAFD)
(ပလိပ်ရဲစခန်းရှေ့အား တွေ့ရစဥ်။ရဓာတ်ပုံ-PAFD)

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဥ့်ကိုင်မြို့နယ်ရှိ ပလိပ်မြို့ရဲစခန်းဝင်းအတွင်း ယမန်နေ့ညက ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း မြို့ခံများက ပြောသည်။

ယမန်နေ့ (ဇူလိုင်၃၀ ရက်) ည၈နာရီ၄၅မိနစ်ခန့်က စဥ့်ကိုင်မြို့နယ်၊ ပလိပ်မြို့ရဲစခန်းဝင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပစ်ခတ်သံများပါ ကြားလိုက်​ရကြောင်း မြို့ခံများက ပြောသည်။

“ညဘက်ဆို ပိတ်ထားတာ စခန်းရှေ့က။ ပေါက်ကွဲသံကတော့ အကျယ်ကြီးပဲ။ မြေပါတုန်တယ်။”ဟု ပလိပ်မြို့ခံတစ်ဦးက ပြောသည်။

ပလိပ်ရဲစခန်းဝင်းအတွင်းသို့ PAFD ရဲဘော်များ ဝင်ရောက်မိုင်းထောင်စဥ် ရဲများတွေ့သွားခဲ့ပြီး ၎င်းတို့အား လိုက်လံပစ်ခတ်နေသည့်ကြားက ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း အာဏာရှင်စနစ်တိုက်ဖျက်ရေးပြည်သူ့တပ်ဖွဲ့(PAFD)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

“ရဲပင်မဆောင်နဲ့အနီးဆုံးကို ထောင်ခွဲတာပါ။ ဝင်ပုံဝင်နည်းတော့ လုံခြုံရေးအရ မပြောပါရစေနဲ့။ တော်တော်စွန့်စားရတယ်။ ပစ်ခံရတာလည်း တအားပဲ။”ဟု PAFD တာဝန်ခံက ပြောသည်။

စစ်အုပ်စုထိခိုက်မှုရှိ၊ မရှိကိုမူ မသိရသေးကြောင်း ရဲဘော်များက ပြောသည်။

ပလိပ်ရဲစခန်းရှေ့၌ ဆိုင်ကယ်စီးနင်းသူများအနေဖြင့် တွန်းသွားရပြီး နံနက် ၆ နာရီမှ ညနေ ၆ နာရီကြားသာ ဖြတ်သန်းခွင့်ပြုကြောင်း မြို့ခံများက ပြောသည်။

စစ်ကောင်စီအာဏာသိမ်းပြီးနောက် ၂၀၂၁ အောက်တိုဘာအတွင်းက ပလိပ်မြို့ရှိ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ဆိုအား ၎င်း၏နေအိမ်တွင်ရှိနေစဉ် သေနတ်ဖြင့် ဝင်ရောက် ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုတိယ ကမ္ဘာစစ်မှာ နာမည်ဆိုးနဲ့ အထူးကျော်ကြားခဲ့တဲ့ နာဇီ ခေါင်းဆောင်ကြီး အဒေါ့ဖ်ဟစ်တလာ မွေးဖွားခဲ့တဲ့ နေရာဟာ အခုတော့ ရဲစခန်းတစ်ခု ဖြစ်လာခဲ့ပါပြီ။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊တောင်ကြီးမြို့အဝင်တောင်လေးလုံးရွာမှာမနေ့ (ဇူလိုင်လ ၂၀ ရက်)ညနက်ပိုင်းကပေါက်ကွဲမှုဖြစ်ပွားပြီးနောက် အာဏာ သိမ်းစစ်တပ်ကမြို့အဝင်အထွက်နဲ့ ညောင်ရွှေမြို့မှာပါအစစ်အဆေးကြမ်းနေတယ်လို့ ဒေသခံအချို့ရဲ့ပြောကြားချက်အရ သိရပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ့်ခမ်းမြို့ ကောင်းတပ်ကျေးရွာ ပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာရသူတွေနဲ့ ပြည်လည်ထူထောင်ရေး ကူညီပံ့ပိုးပေးနိုင်ဖို့ တအာင်းပြည်ကောင်စီ(TLC)ကတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း TLCက ဒီကနေ့ ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား လေကြောင်း သိပ္ပံ နည်းပညာဆိုင်ရာ စက်ရုံတစ်ခုမှာ ပေါက်ကွဲမှုနဲ့ နောက်ဆက်တွဲ မီးလောင်မှုတွေ ဖြစ်ပွားခဲ့တာကြောင့် လူ ၅ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။