Connect with us

Hi, what are you looking for?

All posts tagged "အလင်းဝင်"

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ် အခြေစိုက် ခြေမြန် တပ်မဌာနချုပ်(၁၀၁)မှ စစ်ကောင်စီတပ်သားသစ်နှစ်ဦး ထွက်ပြေးလွတ်မြောက်လာကြောင်း Burma Revolution Rangers တပ်ဖွဲ့က ယနေ့(မတ်လ ၃ရက်) တွင် ထုတ်ပြန်သည်။

သတင်း

စစ်ကိုင်းတိုင်း၊ က​လေးဝမြို့နယ်မှ စစ်ကောင်စီတပ်သားတစ်ဦးသည် လက်နက်ခဲယမ်းများနှင့် အတူ အလင်းဝင်လာ၍ အဆိုပါမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့သည်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့အခြေစိုက် စစ်ကောင်စီတပ်မှ တပ်သားသုံးဦး လက်နက်နှင့်အတူ အလင်းဝင်လာကြောင်း ဆဲန်ထန်တော်လှန်ရေးတပ်ဖွဲ့ Senthang Revolution Force(SRF)က သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေဖြင့်အဓမ္မစုဆောင်းထားသည့် တပ်သားသစ်ငါးဦး အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီပြည်နယ်နှင့် မကွေးတိုင်းရှိ သက်ဆိုင်ရာ တပ်ဖွဲ့များက ထုတ်ပြန်သည်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ဒေါနတပ်ရင်းထံ စစ်ကောင်စီတပ်မှ အလင်းဝင် ရောက်လာသူများအနက် PDFတပ်ဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်နေသည့် ပြည်သူ့ဘက်တော်သား (၁၈)ဦးရှိကြောင်း အဆိုပါတပ်ရင်း အသိပေးသည်။

သတင်း

တနင်္သာရီမြို့နယ်အခြေစိုက် ခမရ(၅၅၈) တပ်ရင်းက တပ်ကြပ်ကြီးတစ်ဦးဦဆောင်တဲ့ စစ်သားသစ် ခုနစ်ဦးဟာ လက်နက်တွေနဲ့ မနေ့က (ဖေဖော်ဝါရီ ၁၉ရက်)မှာ အလင်းဝင်လာတယ်လို့ ဒေါနစစ်ကြောင်းရဲ့ ပြောရေးဆိုခွင်ရှိသူ ဒုတပ်ရင်းမှူး ရဲဘော်ဝေကြီးက ပြောပါတယ်။

သတင်း

စစ်ကောင်စီတပ်မှ မတရားဖမ်းဆီးပြီး ပြည်သူ့စစ်မှုထမ်းခိုင်းစေခံရသည့် တပ်သားသစ် သုံးဦး လက်နက်များနှင့်အတူ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၁၇ရက်) သတင်းထုတ်ပြန်သည်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်အပိုင် ပဲခူးရိုးမအတွင်းရှိထန်းပင်ကုန်းကျေးရွာ စစ်ဆေးရေးဂိတ်မှ စစ်‌ကောင်စီတပ်သား အောင်တင်မြင့် ကဖေဖော်ဝါရီ၁၇ရက် မနက်တွင်အလင်းဝင်လာကြောင်းသာယာဝတီခရိုင် တပ်ရင်း ၃၈ဝ၂ တပ်ခွဲ ၅က သတင်းထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့ရှေ့တန်းစစ်မျက်နှာပြင်မှ အလင်းဝင်ရန်စီစဥ်သည့် တပ်သားသစ် ၁၅ဦးခန့်ကို စစ်ကောင်စီတပ်က ရိုက်နှက်အကျဉ်းချခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)မိုးဗြဲဇုန် တာဝန်ရှိသူက ပြောသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသော စစ်သားများအနေဖြင့် နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေး တပ်များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များထံသို့ ရရာနည်းလည်းဖြင့် လက်နက်ချအလင်းဝင်ရန်တိုက်တွန်း အသိပေးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ဖေဖော်ဝါရီ ၅ရက်တွင် ထုတ်ပြန်ခဲ့သည်။

Facebook