Connect with us

Hi, what are you looking for?

သတင်း

ရှေ့တန်းရောက် စစ်ကောင်စီတပ်သား လေးဦး KNDFထံ အလင်းဝင်လာ

ရှေ့တန်းရောက် စစ်ကောင်စီတပ်သား လေးဦး အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အမှတ်(၅)တပ်ရင်းက ယနေ့(မတ်လ ၂၇ရက်) ထုတ်ပြန်သည်။

အလင်းဝင်လာသော စစ်ကောင်စီတပ်သား လေးဦးအား ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အမှတ်(၅)တပ်ရင်း ရဲဘော်များက ခေါ်ဆောင်လာစဉ်။ ဓာတ်ပုံ - Karenni Nationalities Defense Force B - 05

မတ်၂၇၊၂၀၂၅။ ရဲခေါင်/People’s Spring

ရှေ့တန်းရောက် စစ်ကောင်စီတပ်သား လေးဦး အလင်းဝင်ခိုလှုံလာကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) အမှတ်(၅)တပ်ရင်းက ယနေ့(မတ်လ ၂၇ရက်) ထုတ်ပြန်သည်။

မတ်လ ၂၆ရက်တွင် စစ်ကောင်စီတပ်သား လေးဦးသည် MA1တစ်လက်နှင့်အတူထွက်ပြေးကာ အလင်းဝင်ခိုလှုံလာခြင်းဖြစ်ပြီး သုံးဦးမှာ အဓမ္မစစ်မှုထမ်းတပ်သားသစ်ဖြစ်ပြီးနှင့် တစ်ဦးမှာ စစ်ဘက်တာဝန်ထမ်းဆောင်ခဲ့သူဟု အသိပေးသည်။

အဆိုပါတပ်သားများသည် စစ်ကောင်စီတပ်အတွင်း ၎င်းတို့စိတ်ဆန္ဒအရ ဝင်ရောက်ခဲ့ခြင်းမဟုတ်ဘဲ အတင်းအဓမ္မ စုဆောင်းခံရပြီး တပ်တွင်းရောက်လာရသူများဟု ဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီက သင်တန်းပို့ချနေသည့် ကာလများတွင်လည်း ထွက်ပြေးရန် အကြိမ်ကြိမ်ကြိုးစားခဲ့သော်လည်း လွတ်မြောက်ခြင်းမရှိခဲ့ပဲ ရှေ့တန်းစစ်မြေပြင်သို့ အဓမ္မပို့ဆောင်ခံခဲ့ရကြောင်း ၎င်းတို့က ဆိုသည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားများ၏ အချက်အလက်များကိုမူ KNDF တပ်ရင်း(၅)က ဖော်ပြမထားပေ။

“KNDF ဗျူဟာ ၆ ရဲ့နယ်မြေထဲကနေ ဝင်လာတာဆိုတော့ ဗျူဟာ ၆က ဒီးမော့ဆိုနဲ့ ဖရူဆို အခြေပြုထားတာ။အဲဒီဘက်ကနေ ခိုလှုံတာလို့ပဲ အကြမ်းဖျင်းပြောလို့ရမယ်”ဟု ကရင်နီစစ်ဘက်သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

တော်လှန်ရေးကြာမြင့်လာသည်နှင့်အမျှ စစ်ကောင်စီဘက်တွင် စစ်ဆင်ရေးများအထိနာ၍ တပ်သားပျောက်ဆုံးမှုများ တိုးလာခြင်း၊ လူ့စွမ်းအား ပြတ်လပ်လာခြင်းစသည့် ပြဿနာများကြောင့် မတရားဖမ်းစီး၍ လူသစ်စုဆောင်းမှုများ တိုးမြှင့်လုပ်ဆောင်လာသည်ကို တွေ့ရှိရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

ထိုသို့ အတင်းအဓမ္မဖမ်းစီးမှုများကြောင့် ထွက်ပြေးဘတ်ပြောင်းသူများ ပိုမိုများပြားလာခြင်းဟုလည်း KNDF တပ်ရင်း (၅)က ဆိုသည်။ဘတ်ပြောင်းခိုလှုံလာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သက်ဆိုင်ရာဌာနသို့ လွဲပြောင်း၍ လုံခြုံဘေးကင်းစွာ စောင့်ရှောက်ထားပြီးဖြစ်ကြောင်းအသိပေးသည်။

ထို့အပြင် ကျန်ရှိနေသော စစ်ကောင်စီအောက်တွင် တာဝန်ထမ်းဆောင်နေသည့် တပ်ဖွဲ့ဝင်များအနေဖြင့် အာဏာရှင်စစ်ကောင်စီအား ကျောခိုင်း၍ ပြည်သူလူထုအား မျက်နှာမှုကာ လာရောက်ပူးပေါင်းရန် KNDF က ဖိတ်ခေါ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။