Connect with us

Hi, what are you looking for?

သတင်း

မတရားစစ်ဆင်နွှဲနေခြင်းကြောင့် စစ်ကောင်စီတပ် မလွှဲမသေကျရှုံးမည်ဟု ဗန်းမော်တိုက်ပွဲ အလင်းဝင် စစ်ကောင်စီတပ်သားများ ပြော

စစ်ကောင်စီတပ်တွင်း နှစ်ဖွဲ့ကွဲနေပြီး အချင်းချင်းအာဏာသိမ်းမှု၊ တပ်တွင်းပုန်ကန်မှုများရှိလာနိုင်ဟု သုံးသပ်

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင်ခဲ့သည့် ဗန်းမော်ဝန်တင်တပ်ရင်းမှ လုပ်သက်ရင့် စစ်ကောင်စီတပ်ကြပ်များ

ဟန်နွေ/People’s Spring

အာဏာသိမ်းစစ်ကောင်စီက မတရားသည့်စစ်ဆင်နွှဲနေခြင်းဖြစ်၍ မလွှဲမသွေ ကျရှုံးမည်မှာ သေချာသောကြောင့် စစ်ကောင်စီတပ်ခေါင်းဆောင်နှင့် တပ်သားများအနေဖြင့် အရှုံးကို လက်ခံပြီး ပြည်သူ့အာဏာ ပြည်သူ့ထံ ပြန်လွှဲပေးရန် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ထံ အလင်းဝင်ခဲ့သည့် ဗန်းမော်ဝန်တင်တပ်ရင်းမှ လုပ်သက်ရင့် စစ်ကောင်စီတပ်ကြပ်များက ပြောသည်။

ဗန်းမော်တိုက်ပွဲအတွင်း အမှတ်(၃) ဝန်တင်တပ်ရင်း ဗန်းမော်တပ်ဆွယ်မှ အလင်းဝင်လာသည့် လုပ်သက်ရင့် တပ်ကြပ်အဆင့်ရှိသူများဖြစ်သည့် တပ်ကြပ် အောင်အောင်၊ တပ်ကြပ် ဇော်မင်းနိုင် နှင့် တပ်ကြပ်သန်းဇော်တို့၏ ဖြေကြားချက် ရုပ်သံကို ကချင်သတင်းရင်းမြစ်က ပြသခဲ့ရာ ယင်းရုပ်သံတွင် KIAထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

“မင်းအောင်လှိုင်နဲ့ လက်ရှိ တပ်သား အရာရှိ အားလုံးကို ပြောချင်ပါတယ်။ ပြောချင်ပါတယ်ဆိုတာ မတရားသောစစ်ကို ဆင်နွှဲနေတဲ့အတွက်ကြောင့် တပ်မတော်က ကျဆုံးမယ်ဆိုတာကို ပြောချင်ပါတယ်”ဟု တပ်ကြပ်အောင်အောင်က ပြောသည်။

Public Service Announcement

Public Service Announcement

KIA အပါအဝင် တော်လှန်ရေးတပ်များက အနိုင်ရနေသည်ကိုလက်ခံပြီး ဆက်ပြီး တိုက်ခိုက်ခြင်းမပြုရန် ၎င်းက တိုက်တွန်းသည်။ လက်ရှိတွင် တပ်မတော်(စစ်ကောင်စီတပ်)က အများဆုံးကျရှုံးနေသည်ကို မြင်တွေ့ကြရမည်ဟုလည်း ၎င်းက ပြောသည်။

“ဒါကို ဆက်မတိုက်တော့ဘဲနဲ့ ပြည်သူ့အာဏာကို လွှဲပေးဖို့ တိုက်တွန်းချင်ပါတယ်။” ဟု တပ်ကြပ် ဇော်မင်းနိုင်က ပြောသည်။

တပ်ကြပ် သန်းဇော်ကလည်း “KIA နဲ့တခြားတော်လှန်ရေးအဖွဲ့တွေအားလုံး အနိုင်ရမယ်လို့တောင် ရဲရဲကြီး ပြောရဲပါတယ်” ဟု ပြောသည်။

စစ်ကောင်စီတပ်သားများ အနေဖြင့် အမြန်ဆုံးတော်လှန်ရေးတပ်ဖွဲ့များထံ အလင်းဝင်ပြီး ပြည်သူလူထုနှင့် ပူးပေါင်းရန်လည်း အလင်းဝင် တပ်ကြပ် များက တိုက်တွန်းသည်။

“ကျနော်တို့ တပ်ထဲမှာရှိတဲ့ သူငယ်ချင်းတွေ မိတ်ဆွေတွေ အရင်ကတည်းကလည်း ကျနော်တို့နဲ့ လိုက်မယ့် သူရှိကြတယ်။ ဒါပေမဲ့ အခွင့်မကြုံလို့ မလိုက်ဖြစ်တာရှိတယ်။ သူတို့ကိုလည်း အမြန်ဆုံး ပြည်သူ့ရင်ခွင်ခိုလှုံဖို့ ကျနော်တို့က သတင်းစကား ပါးလိုပါတယ်။”ဟု တပ်ကြပ် ဇော်မင်းနိုင်က ပြောသည်။

စစ်ကောင်စီတပ်တွင်း၌ မင်းအောင်လှိုင်ထောက်ခံသူ၊ ဒုချုပ်စိုးဝင်းကို ထောက်ခံသူဟူ၍နှစ်ဖွဲ့ကွဲနေပြီး ဒုချုပ်စိုးဝင်းကို ထောက်ခံသူများကြောင်း တပ်ကြပ်တစ်ဦးက ပြောသည်။

ဒုချုပ်စိုးဝင်းကို ကာချုပ်တင်လိုသူများပြီး တပ်တွင်းအုံကြွမှုများလည်းဖြစ်လာနိုင်ကြောင်း စစ်ကောင်စီတပ်ကြပ်များက သုံးသပ်သည်။

မင်းအောင်လှိုင်နေရာဖယ် မပေးပါကတချိန်ချိန်၌ ဒုချုပ်စိုးဝင်းကို ထောက်ခံသူများဘက်က အာဏာသိမ်းမှု ဖြစ်လာနိုင်ပြီး ဖြစ်လည်းဖြစ်သင့်ဟု ၎င်းတပ်ကြပ်များ ကိုယ်တိုင်က ဒုချုပ်စိုးဝင်းကို အားပေးပြောဆိုသည်ကို တွေ့ရသည်။

ထို့ပြင် တော်လှန်ရေးတပ်ဖွဲ့များနှင့်ပတ်သက်ပြီး စစ်ကောင်စီက ဝါဒဖြန့်ထားမှု အခြေအနေကိုလည်း ၎င်းတို့က ရှင်းပြသည်။ စစ်ကောင်စီအနေဖြင့် KIA၊ PDF ၊AA တပ်ဖွဲ့များ ထံ အဖမ်းခံပါက နှိပ်စက်သတ်ဖြတ်ခံရမည်ဟု ဝါဒဖြန့်နေကြပြီး လက်တွေ့တွင် စစ်ကောင်စီ ပြောဆိုမှုနှင့်ကွဲလွဲနေပြီး ကောင်းမွန်စွာ ထားရှိကြောင်း ပြောပြသည်။

စစ်သုံ့ပန်းများကို နှိပ်စက်ခြင်းမရှိဘဲ နွေးထွေးစွာ ကြိုဆိုကြောင်း၊ စစ်သုံ့ပန်းကဲ့သို့ မထားဘဲ လွတ်လပ်စွာ ခိုလှုံခွင့်ပေးသည်ဟု ထင်မြင်ယူဆကြောင်း တပ်ကြပ် ၂ဦးက ပြောသည်။

KIA အနေဖြင့် ဗန်းမော်မြို့သိမ်းစစ်ဆင်ရေးကို ၂၀၂၄ ဒီဇင်ဘာ ၄ရက်ကစတင်ခဲ့ရာ တိုက်ပွဲ ၄လကျော်ကြာအတွင်း စစ်ကောင်စီတပ်ရင်းဌာနချုပ်များ အပါအဝင် စစ်ကောင်စီတပ်စွဲရာ နေရာအများအပြားသိမ်းဆည်းနိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များစွာကိုလည်း စစ်သုံ့ပမ်းအဖြစ် ဖမ်းဆီးထားနိုင်ခဲ့သည်။ လက်ရှိတွင် အမှတ်(၂၁) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ ၂၁ အပါအဝင် ဗန်းမော်လက်ကျန် တပ်စခန်းများ အပြီးသတ် သိမ်းနိုင်ရေး ထိုးစစ်ဆင်တိုက်ခိုက်နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) တပ်ရင်း(၁၁)ထံ စစ်ကောင်စီ တပ်သား ၁ဦး အလင်းဝင်လာကြောင်း KNUက သတင်းထုတ်ပြန်ပါတယ်။