ဧပြီ ၁၅၊၂၀၂၅။ တေဇ/People’s Spring
ချင်းပြည်နယ်၊ ဟားခါးမြို့ ၂၆၆ ဗျူဟာမှ ပြည်သူ့စစ်သုံးဦးသည် စစ်ကောင်စီကို ဆန့်ကျင်၍ လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း Chinland Defense Force – Hakha က အသိပေးသည်။
ဧပြီ ၁၃ရက်တွင် ဟားခါးမြို့ ၂၆၆ ဗျူဟာမှ ပြည်သူ့စစ်သုံးဦးသည် MA1 တစ်လက်၊ MA3 တစ်လက်နှင့် MA11 တစ်လက် တို့နှင့်အတူ Chinland Defense Force – Hakhaထံသို့ အလင်းဝင်လာ၍ ငွေသားဆုများချီးမြှင့်ကာ လုံခြုံသည့်နေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

“စစ်ကောင်စီ လက်အောက်မှ တာဝန်မထမ်းဆောင်ချင်ဘဲ ပြည်သူ့ရင်ခွင်သို့ ဘက်ပြောင်းချင်သူများကို မိမိတို့ Chinland Defense Force – Hakha မှ အမြဲတမ်းကြိုဆိုကြောင်း နှင့် လုံခြုံသည့်နေရာ ရောက်သည်အထိ တာဝန်ယူမည်ဖြစ်ကြောင်း အသိပေးကြေညာလိုက်ပါသည်”ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Public Service Announcement
ထို့အပြင် Chinland Defense Force – Hakha သို့ ဧပြီ ၆ ရက်တွင် ဟားခါးမြို့မှ ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ပြီး ဧပြီ ၇ ရက်တွင်လည်း ဟားခါးမြို့မှ ပြည်သူ့စစ်နှစ်ဦး လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်ခဲ့ကြောင်း အသိပေးထားသည်။
