Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်မှထွက်ပြေးသူများအား ပစ်သတ်ရန်အမိန့်ထုတ်ထားဟု အလင်းဝင်စစ်ကောင်စီတပ်သားနှစ်ဦး ဖွင့်ဟ

စစ်တပ်မှထွက်ပြေးသူများအား ပစ်သတ်ရန် အမိန့်ထုတ်ထားကြောင်း မုံရွာခရိုင် အမှတ် (၁)တပ်ရင်းထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦးက ဖွင့်ဟသည်။

မတ်-၂၇၊၂၀၂၅။ရဲခေါင်/People’s Spring

စစ်တပ်မှထွက်ပြေးသူများအား ပစ်သတ်ရန် အမိန့်ထုတ်ထားကြောင်း မုံရွာခရိုင် အမှတ် (၁)တပ်ရင်းထံ အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားနှစ်ဦးက ဖွင့်ဟသည်။

စစ်ကောင်စီ၏ တပ်မ(၆၆)လက်အောက်ခံ၊ ခမရ(၄)တပ်ရင်းမှ (ပစတပ်သားမျိုးမင်းထွေးနှင့် ဒုတပ်ကြပ်အောင်ကျော်မိုးတို့ အလင်းဝင်လာပြီးနောက် အထက်ပါအတိုင်းဖွင့်ဟမှုကို မုံရွာခရိုင် အမှတ် (၁)တပ်ရင်း ယနေ့ (မတ်လ ၂၇ရက်)တွင် အသိပေးထုတ်ပြန်သည်။

“ကျွန်တော်တို့ မပြေးခင်တုန်းကတော့ ပြေးတဲ့သူတွေကို ပစ်သတ်ဖို့အမိန့်ထုတ်ထားတယ်။ထွက်ပြေးရင် ပစ်သတ်ဆိုတာမျိုး”ဟု တပ်သားမျိုးမင်းထွေးက ပြောသည်။

Public Service Announcement

Public Service Announcement

၎င်းတို့နှစ်ဦးသည် ထွက်ပြေးရန် အကြိမ်ကြိမ်ကြိုးပမ်းခဲ့ဖူးပြီး တစ်ဦးလျှင် အနည်းဆုံးသုံးကြိမ်ထက်မနည်းရှိကာ ထို့နောက် လွိုင်ကော်နှင့် ရခိုင်ဒေသ စစ်မြေပြင်သို့ ပို့ဆောင်ခံရသည်ဟု ဆိုသည်။

“ပေါ်တာဆွဲခံရတဲ့သူတွေက တစ်ခုခုဆို ပြေးဖို့ပဲ ချောင်းနေကြတယ်။ပြန်ပစ်ဖို့အစီအစဥ်မရှိကြဘူး”ဟု ဒုတပ်ကြပ်အောင်ကျော်မိုးက အဓမ္မစုဆောင်းခံရသည့် တပ်သားများ၏ အခြေအနေကို ရှင်းပြသည်။

ထို့အပြင် စစ်ကောင်စီ၏ လေ့ကျင့်ရေးသင်တန်းကျောင်းရှိစဥ်ကလည်း သင်တန်းသား ၃၀၀ ကျော်အနက် ၂၀၀ ခန့်မှာ ပေါ်တာဆွဲခံရသူများဖြစ်ပြီး ထွက်ပြေးသူများရှိခဲ့ကြောင်း အသိပေးသည်။

https://www.facebook.com/LuduNwayOo/videos/512517238365537

“စုဆောင်းရေးကနေ အမှတ်(၁၀)ကလေးမြို့ သင်တန်းကာလ နှစ်လခွဲ ပဲ။သင်တန်းသားဦးရေ က အယောက် ၃၀၀ ကျော်တယ်။သုံးချိုး နှစ်ချိုးက ပေါ်တာဆွဲခံရတာ။ထွက်ပြေးတဲ့သူက တခါပြေးရင်သုံးလေးယောက် မကြာခဏ ဆိုသလို ဖြစ်တယ်။မိသွားရင် သူတို့က ရိုက်နှက်ပြီး အချုပ်ထဲထည့်တယ်”ဟု တပ်သားမျိုးမင်းထွေးကပြောသည်။

တပ်သားမျိုးမင်းထွေးသည် နေအိမ်၌ ထမင်းစားနေစဥ် စစ်ကောင်စီတပ်က လာရောက်ခေါ်ဆောင်ခံရခြင်းဖြစ်ပြီး ဒုတပ်ကြပ်အောင်ကျော်မိုးသည်လည်း လမ်းပေါ်၌ ဖမ်းဆီးခံရခြင်းဟု ထွက်ဆိုထားသည်။

“သူတို့ဆီမှာနေရတာ ဝါသနာပါလို့လည်း မဟုတ်ဘူး။သူတို့အုပ်ချုပ်မှုကိုလည်း မကြိုက်ဘူး”ဟု တပ်သား မျိုးမင်းထွေးက ထွက်ပြေးလာရသည့်အကြောင်း ပြောသည်။

ခမရ(၄)တပ်ရင်းမှတပ်သားနှစ်ဦးသည် ပြီးခဲ့သည့် ဖေဖော်ဝါရီ နောက်ဆုံးပတ်က လက်နက်မဲ့ ထွက်ပြေးလွတ်မြောက်လာခြင်းဖြစ်ကြောင်း မုံရွာခရိုင်တပ်ရင်း(၁) တာဝန်ရှိသူက ဆိုသည်။

“သူတို့ နှစ်ဦးကတော့ တပ်ရင်း ရဲဘော်ဖြစ် ဆက်လက်တာဝန်ထမ်းဆောင်မယ်လို့တော့ ပြောပါတယ်။ခုလောလောဆယ်တော့ စောင့်ကြည့် အနေထားနဲ့ ထားထားပါတယ်”ဟု ၎င်းက လူထုနွေဦးသို့ပြောသည်။

လူငယ်များအနေဖြင့် စစ်ကောင်စီ၏ အဓမ္မတပ်သားသစ် စုဆောင်းခံရမည့် အခြေအနေမတိုင်ခင်က တည်းက ရုန်းထွက်ကြရန် တော်လှန်ရေးတပ်ဖွဲ့များက တိုက်တွန်းထားသည်။

ထို့အပြင် စစ်ကောင်စီ၏ မတရားစစ်မှုထမ်းဥပဒေကြောင့် အတင်းအဓမ္မတပ်သားသစ် စုဆောင်းခံရသည့် လူငယ်များအနေဖြင့် သင်တန်းတက်နေစဥ်ကာလ၌ဖြစ်စေ၊ သင်တန်းပြီးဆုံး၍ လက်နက်တပ်ဆင်ပြီး အနေအထား၌ ဖြစ်စေ နီးစပ်ရာ တော်လှန်ရေးတပ်ဖွဲ့များထံ လက်နက်နှင့်တကွ ထွက်ပြေးလာပါက ထိုက်တန်စွာ ဆုချီးမြှင့်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန (MOD)က ထုတ်ပြန်ထားသည်။

စစ်ကောင်စီက လူငယ်များအား အဓမ္မခေါ်ဆောင်ပြီး တပ်သားသစ်စုဆောင်းလာသည်မှာ စစ်မှုထမ်း အပတ်စဥ် (၁၂)အထိ ရောက်ရှိနေပြီး အမျိုးသမီးများနှင့် အစိုးရဝန်ထမ်းများကိုပါ စစ်မှုထမ်းခိုင်းရန် စီစဥ်နေသည်။

ရုပ်သံ – မုံရွာခရိုင် အမှတ် – ၁ တပ်ရင်း

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ စတင်တည်ထောင်တဲ့ (၅) နှစ်ပြည့်မြောက် အထိမ်းအမှတ် အခမ်းအနားကို ဒီကနေ့ စက်တင်ဘာ ၁၇ရက်မှာ ကျင်းပခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။