Connect with us

Hi, what are you looking for?

သတင်း

အဓမ္မစစ်သားစုဆောင်းခံရသည့် စစ်ကောင်စီလက်အောက်ခံ PNOတပ်ဖွဲ့ဝင်တစ်ဦး လက်နက်ယူလာပြီး PNLAထံ အလင်းဝင်

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ယနေ့(ဧပြီ ၁၆ရက်)တွင် သတင်းထုတ်ပြန်သည်။

PNLAထံ အလင်းဝင်လာသည့် စစ်ကောင်စီလက်အောက်ခံ PNOတပ်ဖွဲ့ဝင်တစ်ဦး။ ဓာတ်ပုံ - PNLA

ဧပြီ ၁၆၊၂၀၂၅။ဟန်နွေ/People’s Spring

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က ယနေ့(ဧပြီ ၁၆ရက်)တွင် သတင်းထုတ်ပြန်သည်။

အဆိုပါ ပြည်သူ့စစ်တပ်ဖွဲဝင်တစ်ဦး၏ ပအိုဝ်းဘာသာဖြင့် ပြောကြားချက်၊လက်နက်အပ်နှံနေမှု တို့ပါဝင်သည့် ရုပ်သံကို ဖော်ပြကာ စစ်ကောင်စီတပ်နှိပ်စက်သည်ကို မခံနိုင်၍ PNLAဆီ ထွက်ပြေးလာခြင်းဖြစ်သည်ဟု အသိပေးထားသည်။

“အဲဒီ စစ်ကောင်စီ လက်အောက်ခံ PNO ပြည်သူ့စစ်က ဧပြီလ ၇ရက်နေ့မှာ လက်နက်နဲ့ အတူ ရောက်ရှိလာတာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူသွားချင်တဲ့နေရာကို ကျနော်တို့ ပို့ဆောင်ပေးခဲ့ပြီဖြစ်ပါတယ်”ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ပြည်သူ့စစ်တပ်ဖွဲ့ဝင်သည် တောင်ကြီးမြိုတွင် အလုပ်လုပ်နေစဥ် ချစ်သူမိန်းကလေးကို သွားတွေ့ပြီး ပြန်လာရာမှ စစ်ဆေးရေးဂိတ်တွင် အတင်းအဓမ္မစစ်သားအဖြစ် စုဆောင်းခံခဲ့ရခြင်းဖြစ်ကြောင်း PNLAက ထုတ်ပြန်သည်။

“စစ်ကောင်စီက ပေါ်တာဆွဲသွားတယ်။ နောက်တော့ စစ်ကောင်စီက PNOကို ပေးတယ်။ PNO နဲ့အတူ သင်တန်းတက်ခိုင်းတယ်။ ပြီးတော့မှ ရှေ့တန်းမှာ စစ်ကောင်စီတွေနဲ့အတူတက်ရတယ်” ဟု ခွန်ရိန်းယံက ပြောသည်။

အလင်းဝင်လာသူ၏ထွက်ဆိုချက်အရ ရှေ့တန်းမတက်ချင်သည့် PNOပြည်သူ့စစ်များကို စစ်ကောင်စီတပ်က ပစ်သတ်ခဲ့ကြောင်း၊ အချို့ PNOတပ်ဖွဲဝင်များကို အမိန့်မနာခံဟုဆိုကာ စစ်ကောင်စီတပ်က ဓားဖြင့် လက်မောင်းလှီးခြင်း၊ လောက်စာလုံးဖြင့် ခေါင်းကိုပစ်ခြင်း၊ ဝါးဆစ်ပိတ်ဖြင့်ရိုက်ခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း PNLA၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ထို့အပြင် စစ်ကောင်စီနှင့် PNOပြည်သူ့စစ်များက ကျေးရွာအတွင်းရှိ ပြည်သူများ၏ စည်းစိမ်ပစ္စည်းများကို ခိုးယူခြင်း ဓားပြတိုက်ခြင်းများပြုလုပ်ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း PNLAက ထုတ်ပြန်သည်။

PNOထံမှ ထွက်ပြေးလာသူကို PNLAမှ ဆုငွေများချီးမြှင့်ကာ သွားလိုသည့်နေရာသို ပိုဆောင်ပေးခဲ့ဟုလည်း အသိပေးသည်။

” ယခု ဖြစ်စဉ်အရ PNO ပြည်သူ့စစ်ဆိုသည်မှာ စစ်ကောင်စီ က တိရိစ္ဆာန် သာသာ ခိုင်းနေတဲ့ ပုံစံဆိုတာ မြင်တွေ့ရပါတယ်။ ခိုင်းတိုင်းလုပ်ရင်လုပ် မလုပ်ရင် သတ်ပစ်မယ်ဆိုတဲ့ ပုံစံမျိုးတွေ တွေ့နေရပါတယ်။ ဒါကြောင့် စစ်ကောင်စီ လက်အောက်ခံ ပြည်သူစစ်တပ်ဖွဲ့ဝင်တွေအနေနဲ့ ကိုယ့်ရဲ့ ဖြစ်တည်မှုကို သေချာ ပြန်လည်ဆန်းစစ်ဖို့ အချိန်တန်ပါပြီ။ ကိုယ်က ပအိုဝ်းလူမျိုးဖြစ်ပြီးတော့ ပအိုဝ်းအကျိုး ဘာမှ လုပ်ဆောင်ခွင့်မရဘဲနဲ့ စစ်ကောင်စီ အလိုကျ ကိုယ့်ပအိုဝ်းလူမျိုးတွေကို ပြန်သတ်ရ၊ ပြန်တိုက်ရ၊ ပအိုဝ်းလူမျိုးကျေးရွာတွေကို ဖျက်စီးရ လုပ်နေရတဲ့အနေအထားမှာ ရှိပါတယ်။ ဒါကြောင့် အဲဒီ မတရားမှုကနေ အမြန်ဆုံးစွန့်ခွာကြဖို့ တိုက်တွန်းလိုပါတယ်”ဟု PNLA ပြောရေးဆိုခွင့်ရှိသူ ခွန်ရိန်းယံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။