Connect with us

Hi, what are you looking for?

သတင်း

တောင်းခမ်းတိုက်ပွဲ၌ ဗိုလ်ကြီးသေသွား၍ စစ်ကောင်စီတပ်သားသုံးဦး TNLA ထံ အလင်းဝင်လာ

ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)မှ တပ်သား သုံးဦးသည် လက်နက်များယူလာပြီး အလင်းဝင်လာကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့(မတ်လ ၃၀ရက်) ထုတ်ပြန်သည်။

အလင်းဝင်လာသော အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)တပ်သား သုံးဦး။ဓာတ်ပုံ - TNLA

ဟန်နွေ/People’s Spring

ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲပြင်းထန်ခဲ့သော ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်၊ တောင်ခမ်းကျေးရွာရှိ အမြောက်စခန်းကွပ်ကဲမှုဌာနချုပ် (မစခ-၉၀၂)မှ တပ်သား သုံးဦးသည် လက်နက်များယူလာပြီး အလင်းဝင်လာကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့(မတ်လ ၃၀ရက်) ထုတ်ပြန်သည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် မတ်လ ၂၈ရက်က အလင်းဝင်လာခြင်းဖြစ်ပြီး ၎င်းတို့နှင့်အတူ လက်နက်သုံးလက်ပါလာဟု အသိပေးသည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ပြောပြချက်အရ အထက်အရာရှိဖြစ်သည့် ဗိုလ်ကြီးက တိုက်ပွဲအတွင်းသေဆုံးသွားရာဦးဆောင်သူ မရှိတော့၍ ထွက်ပြေးအလင်းဝင်လာခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – TNLA

အလင်းဝင်လာသူ သုံးဦးကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်သွားမည်ဟုလည်း TNLAက အသိပေးသည်။

၂၀၂၄ အောက်တိုဘာ ၁၂ရက်ကလည်း သီပေါမြိုအခြေစိုက်တပ်စွဲထားသည့် စစ်ကောင်စီလက်အောက်ခံ ခြေမြန်တပ်ရင်း (၅၀၃)နှင့် (၅၀၄)စခန်းတိုအား TNLAက တိုက်ခိုက်သိမ်းပိုက်စဉ် စစ်ကောင်စီ တပ်မိသားစုဝင် ၁၉၁ဦးကို ဖမ်းဆီးရမိခဲ့သော်လည်း လူသားချင်းစာနာထောက်ထားသည့်အားဖြင့် ပြန်လွှတ်ပေးခဲ့သည်ဟု ဆိုသည်။

TNLAသည် နောင်ချိုမြို့ကို သိမ်းပိုက်ပြီးနောက် တောင်ခမ်းဒေသရှိ စစ်ကောင်စီ လက်ကျန်တပ်စခန်းများ အပြီးသတ်သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိရာ စစ်ကောင်စီကလည်း လေယာဉ်၊ ဒရုန်း ၊ လက်နက်ကြီး ပစ်ကူပေးခုခံခဲ့ရာ ၈လကြာတိုက်ပွဲပြင်းထန်လျက်ရှိသည်။

စစ်ကောင်စီသည် အင်အားပြင်းငလျင်လှုပ်ခတ်ချိန် မတ်လ ၂၈ရက်က နောင်ချိုမြို့နယ် နောင်လင်ကျေးရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဓနုတပ်(DPLA)မှ တော်လှန်ရေးရဲဘော် ၇ဦးကျဆုံးခဲ့သည်။

မတ်လ ၂၅ရက်ကလည်း အုမ္မခါးကျေးရွာကို စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံ ၄ဦး သေဆုံးကာ ၄ဦး ဒဏ်ရာရရှိခဲ့သည်။

စစ်ကောင်စီတပ်သည် တိုက်ပွဲမရှိဘဲ အရပ်သားများအား ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲမှုများ လုပ်ဆောင်နေ၍ ထိုသို့တိုက်ခိုက်ခံရမှုမှ ရှောင်လွှားနိုင်ရန် ပြည်သူများအနေဖြင့် လေကြောင်းရန်ကို အထူးဂရုပြု နေထိုင်ရန် ၊ စစ်ရေးသတိ အမြဲရှိရန်လိုအပ်ကြောင်း TNLAက ထုတ်ပြန်သည်။ ထို့ပြင် လေကြောင်းရန် ကာကွယ်ရေးဆိုင်ရာနည်းလမ်းများ လိုက်နာဆောင်ရွက်ရန် လိုအပ်သည်ဟုလည်း သတိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-စီးယင်း တပ်ဖွဲ့ထံအာဏာသိမ်းစစ်ကောင်စီတပ်က တပ်သား ၄ဦး လက်နက်နဲ့အတူ အလင်းဝင်လာကြောင်း CDF စီးယင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပဲခူးနဲ့ ဧရာဝတီတိုင်းမှာ ပေါ်တာဆွဲခံရတဲ့ ပခုက္ကူမြို့နယ်အခြေစိုက် ခလရ (၂၃၅) တပ်ရင်းက စစ်မှုထမ်းတပ်သား ၂ ဦးဟာ COBRA ONE Pakokku တပ်ဖွဲ့ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ အဲဒီတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်သားတွေကို မူးယစ်ဆေးရောင်းချပြီး ပျော်အောင်ထား လိုရာစေခိုင်းနေဟု အလင်းဝင်လာတဲ့ စစ်မှုထမ်းတပ်သား ဖွင့်ဟ