Hi, what are you looking for?
ခေတ်သစ်ကမ္ဘာမှာ အာဏာသိမ်းမှုနေရာမရှိစေရလို့ ကုလအထွေထွေအတွင်းရေးမှူးချုပ်က ကြုံးဝါးထားပေမယ့် ဒီနှစ်ထဲမှာတင် ကမ္ဘာမှာ အာဏာသိမ်းတဲ့ နိုင်ငံ ၄ နိုင်ငံရှိလာခဲ့ပါတယ်။ မြန်မာ၊ မာလီ၊ ဂီနီနဲ့ ဆူဒန်နိုင်ငံတွေမှာ အာဏာသိမ်းမှုတွေဖြစ်ပေါ်ခဲ့သလို အာဏာသိမ်းဖို့ကြိုးပမ်းမှုတွေ ပေါ်ပေါက်ခဲ့တဲ့ နိုင်ငံတွေလည်းရှိခဲ့ပါသေးတယ်။ ဒါကို အာဏာသိမ်းမှု ကူးစက်ကပ်ရောဂါလို့ ကုလအထွေထွေအတွင်းရေးမှူးချုပ်ကတင်စားလိုက်ပါတယ်။ ၂၀၂၁ ခုနှစ်ထဲ...
ကုလသမဂ္ဂ အကြီးအကဲ အန်တိုနီယို ဂူတာရက်စ်ကတော့ ဆူဒန်ဟာလည်း အာဏာသိမ်းမှု ကပ်ရောဂါ ကူးစက် ခံလိုက်ရပြီလို့ ပြောကြားခဲ့ပြီး ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ အနေနဲ့ သဘောထား ကွဲလွဲမှုတွေကို ဘေးဖယ်ပြီး အာရှနဲ့ အာဖရိက နိုင်ငံတွေက စစ်အာဏာသိမ်းမှုတွေနဲ့ ပတ်သက်လို့ ပူးပေါင်း ဖြေရှင်းသင့်ကြောင်း တောင်းဆိုခဲ့ပါတယ်။
အာဏာသိမ်းတာကို ဆန့်ကျင်လို့ အင်းစိန်ထောင်မှာ ဖမ်းခံထားရတဲ့ ကိုသက်ပိုင်ထွေး ဟာ အောက်တိုဘာ၁၉ ရက် ညပိုင်းမှာ ပြန်လွတ်လာခဲ့ပါတယ်။ အချုပ်အနှောင်ကနေလွတ်လာလို့ ဝမ်းသာနေတဲ့ ကိုသက်ပိုင်ထွေးရဲ့ ပျော်ရွှင်မှုဟာ နာရီပိုင်းမကြာလိုက်ပါဘူး။ အိမ်ကိုရောက်ပြီး ၁ နာရီမပြည့်ခင်မှာတင် စစ်ကောင်စီရဲတပ်ဖွဲ့ဝင်တွေက အိမ်ကိုကိုလိုက်လာပြီး ထပ်မံဖမ်းဆီးသွားတာပါ။ “ညီမတို့အိမ်ရောက်တာ ၄၅ မိနစ်တောင်မပြည့်ပါဘူး...