Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်းပြီးနောက် မြစ်ဆုံအနီးအပါအဝင် ကချင်ဒေသ၌ စည်းကမ်းပျက်ရွှေတူးဖော်မှု ပိုများလာဟု ​ဒေသခံများ​ပြော

​မေခနှင့် မလိခမြစ်ဆုံရာအနီး၌ပင် စက်ယန္တရားများ အသုံးပြု ရွှေတူးဖော်နေခြင်းကြောင့် မြစ်ကြောင်းပြောင်းပြီး မြစ်ဆုံပျက်စီးမည်ကို စိုးရိမ်ကြောင်း မြစ်ဆုံအနီးရှိ တန်ဖဲရွာ​ခံတစ်ဦးက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြစ်ဆုံဒေသ အပါအဝင် ကချင်ပြည်နယ်ဒေသတွင် စည်းကမ်းပျက် ရွှေတူးဖော်မှုများပြားလာပြီး မြစ်ဆုံဒေသပျက်စီးမှုနှင့် ဒေသခံစစ်ရှောင်များ၏ နေအိမ်များ ပျက်စီးမှု အန္တရာယ်ရင်ဆိုင်နေရသည်ဟု ဒေသခံများက ပြောသည်။

​မေခနှင့် မလိခမြစ်ဆုံရာအနီး၌ပင် စက်ယန္တရားများ အသုံးပြု ရွှေတူးဖော်နေခြင်းကြောင့် မြစ်ကြောင်းပြောင်းပြီး မြစ်ဆုံပျက်စီးမည်ကို စိုးရိမ်ကြောင်း မြစ်ဆုံအနီးရှိ တန်ဖဲရွာ​ခံတစ်ဦးက ပြောသည်။

“ကျွန်မတို့က ရွာပျက်စီးမှာ မြစ်ဆုံပျက်စီးမှာ ကို စိုးရိမ်လို့ ရှေ့ဆက်မယ့် ဆိုးကျိုးတွေကို မြင်ယောင်လို့ တားမြစ်ကန့်ကွက်နေတာ။တကယ်လို့ အဲဒီဘက်မှာရေလမ်းကြောင်းလွဲသွားရင် မြစ်ဆုံဆိုတာ လည်းမရှိတော့ဘူး။ရွာကိုလည်း ရေဝင်ပြီ။နောက်ပြီး သဘာ၀ပတ်ဝန်းကျင်လည်း ပျက်ဆီးပြီ”ဟု ၎င်း ကဆိုသည်။

ဧရာ၀တီ မြစ်ဆုံ၌ စက်ယန္တရားဖြင့် ရွှေတူးဖော်ခြင်းနှင့်ပတ်သက်၍ ဒေသခံများ၏ သဘောထားကို အောက်တိုဘာ ဒုတိယပတ်က ထုတ်ပြန်ထားရာ လတ်တလောတွင် လုပ်ငန်းရှင်များက ရွှေတူးဖော်ခြင်းမှရသော အရင်းအနှီးငွေဖြင့် မြစ်ဆုံမြစ်ကမ်းနဘေးပြန်လည်ပြုပြင်ထိန်းသိမ်းရေး နှင့် သာယာလှပရေး ခေါင်းစဉ်ဖြင့် ရွှေတူးနေကြောင်း၊ ထိုသို့ တူးဖော်ခြင်းကြောင့် ရေရှည်တွင် နောက်ဆက်တွဲ သဘာ၀ ဆိုးကျိုးများ ဖြစ်လာပါက စက်ယန္တရားဖြင့် တူးဖော်သူများ၊ ခွင့်ပြုသူများ၊ အားပေးထောက်ခံသူများနှင့်သာ သက်ဆိုင်ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ထိုသို့စာထုတ်ပြန်ခြင်းနှင့်ပတ်သက်ပြီး ကချင်ပြည် နယ် စစ်ကောင်စီက ဒေသခံများထံ ဆက်သွယ်လာသောလည်း သဘောထားဆန္ဒကို ထုတ်ပြန်ချက်၌ ဖော်ပြပြီးဖြစ်၍ တွေ့ဆုံရန်မရှိကြောင်း ဒေသခံက ပြောသည်။

“သံယံဇာတဝန်ကြီးနဲ့ တွေ့ပြီး ဖြစ်ချင်တာတွေကိုလာပြောပါတဲ့။ ကျွန်မတို့ လာစရာလိုလို့လား သူတို့ ကိုယ်တိုင် လာကြည့်ပြီးတော့ ကြည့်ပေးရမှာ။ အဲဒါကို မကြည့်ပေးဘဲနဲ့ အခုအချိန်ထိ စစ်ဆေးတာလည်းမရှိဘူး လာကြည့်တာလည်းမရှိဘူး။ တူးတဲ့သူကလည်း ဆက်တိုက်တူးနေတာ” ဟု ဒေသခံက ပြောသည်။

အလားတူ ဒေသခံများ စစ်ဘေးတိမ်းရှောင်နေရသည့် ၀ိုင်းမော်မြို့နယ် နန်ဆန်ယန်ရွာတွင်လည်း ကျေးရွာတွင်းရှိနေအိမ်များ၌ ရွှေတူးဖော်မှုများ လုပ်ဆောင်လာနေကြောင်း နန်ဆန်ယန် ရွာခံတစ်ဦးက ပြောသည်။

“မြစ်ကြီးနားလာရင် ညာဘက်ခြမ်းက ပြန်စနေတာ ၂၃အိမ်လောက်ပါသွားပြီ။ အခုက အိမ်၀ိုင်းကို တူးလိုက်တာ။ အရင်ကလည်း တူးတာရှိတယ်။ အခုအာဏာသိမ်းတဲ့နောက်ပိုင်း ပိုဆိုးသွားတာ။ အရင်တုန်းကတော့ အစိုးရဘက်ကလည်း နည်းနည်း တာဝန်ယူပေးတယ်ဆိုတော့ အဲဒီလောက် မရဲကြဘူး။ အခုက နိုင်ငံရေးမကောင်းတော့ တောကြောင် လက်ခမောင်းခက်နေတာပေါ့ဗျာ” ဟု ဒေသခံက ပြောသည်။

ရွှေတူးဖော်သူများသည် စစ်ကောင်စီနှင့် ကချင်လွတ်​မြောက်​ရေးတပ်မ​တော်(KIO/KIA)နှစ်ဖွဲ့လုံးနှင့် အပေး အယူလုပ်ပြီး စည်းကမ်းပျက်တူးဖော်နေခြင်းဖြစ်ကြောင်း ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

သတင်း

ယနေ့ ကျင်းပသည့် အစိုးရအဖွဲ့အစည်းအဝေး၌ ယာယီသမ္မတက နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ် ပြောင်းလဲတိုးတက်မှု အခြေအနေကို ပြောပြရာ၌ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။

သတင်း

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း "အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ " ဟုပြောသည်။