Connect with us

Hi, what are you looking for?

News

စစ်တပ်ကအာဏာသိမ်းပြီး အကြမ်းဖက်ဖိနှိပ်၍ တော်လှန်ရေးအသွင်ပြောင်းလဲလာခဲ့ရဟု CRPH ထုတ်ပြန်

ထို့ပြင် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီကရေးဆွဲသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတည် ပြုထုတ်ပြန်ပြီး ကြားကာလအတွက် အမျိုးသားညီညွတ် ရေးအစိုးရ(NUG) ဖွဲ့စည်းခြင်းတို့ကိုလည်း CRPHက ဆောင်ရွက်ခဲ့သည်။

(စစ်အာဏာရှင်ကို တော်လှန်ရန်အတွက် အခြေခံစစ်သင်တန်းတက်ရောက်နေသော လူငယ်များကို တွေ့ရစဥ်၊ ဓာတ်ပုံ - ရဲမင်း(AAC))

စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ပြီး အာဏာသိမ်း၊ အကြမ်းဖက် ဖိနှိပ်ခြင်းများကြောင့် မြန်မာနိုင်ငံရေးအခင်းအကျင်းသည် တော်လှန်ရေးအသွင် ပြောင်းလဲလာခြင်းဖြစ်သည်ဟု ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)က ထုတ် ပြန်သည်။

ယနေ့(နိုဝင်ဘာ ၈ရက်)တွင် ကျရောက်သည့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတစ်နှစ်ပြည့် အထိမ်းအမှတ် အဖြစ် CRPHက သဘောထား ထုတ်ပြန်ရာ၌ ယခု ကဲ့သို့ ဖော်ပြခဲ့သည်။

၂၀၂၀ ရွေးကောက်ပွဲတွင် ပြည်သူများသည် COVID-19 ကူးစက်ရောဂါ ကပ်ဘေးကြားမှပင် ရဲဝံ့တက်ကြွစွာ ဆန္ဒမဲပေးခဲ့ကြ၍ မဲပေးနှုန်းသည် ဆန္ဒမဲပေးခွင့်ရှိသူ ဦးရေ၏ ၇၁ရာခိုင်နှုန်းကျော်ရှိခဲ့ကြောင်း၊ ပြည်တွင်းပြည်ပ ရွေးကောက်ပွဲလေ့လာစောင့်ကြည်ရေး အဖွဲ့များကလည်း လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲအဖြစ် အသိအမှတ်ပြုခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။

သို့ရာတွင် အကြမ်းဖက်စစ်ကောင်စီသည် ဖေဖော်ဝါရီ ၁ရက်တွင် ပြည်သူလူထု၏ တခဲနက်ဆန္ဒ မဲပေးရွေး ချယ်ခဲ့သည့် ရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်ပြီး မဲမသမာမှုရှိသည်ဟု အမှန်မကန် စွပ်စွဲကာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီး နိုင်ငံတော်၏ အာဏာကို ပြည်သူက ရွေးချယ်တင် မြှောက်ထားသည့် အစိုးရဆီမှ အတင်းအဓမ္မ သိမ်းယူခဲ့ကြောင်း၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ဖျက် သိမ်းကြောင်း အကြမ်းဖက်စစ်ကောင်စီက ကြေညာခဲ့ခြင်းသည် ပြည်သူလူထု၏ ဆန္ဒ သဘောထားနှင့် မျှော်လင့်ချက်ကို လက်နက် အားကိုးဖြင့် ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း CRPHက ဆိုသည်။

Public Service Announcement

Public Service Announcement

ပြည်သူလူထုက အကြမ်းမဖက် အာဏာဖီဆန်မှုအပါအဝင် နည်းလမ်းမျိုးစုံဖြင့် ဆန့်ကျင်တော်လှန်ခဲ့ ရာတွင် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲ့သည့် ပြည်သူလူထုကို အကြမ်းဖက်စစ်ကောင်စီတပ်များက အင်အားသုံးအကြမ်းဖက် ဖြိုခွင်းခြင်း၊ မတရားဖမ်းဆီးချုပ်နှောင်ခြင်း၊ သတ်ဖြတ်ခြင်း ၊ ပြည်သူ့အိုးအိမ် စည်းစိမ်များကို ဖျက်ဆီးခြင်း၊မတရားသိမ်းဆည်းလုယူခြင်း စသည့် အကြမ်းဖက်နည်းလမ်းများနှင့် ဖိနှိပ်ခဲ့၍မြန်မာနိုင်ငံရေး အခင်းအကျင်းဟာ တော်လှန်ရေးအသွင် ပြောင်းလဲလာခဲ့ခြင်း ဖြစ်ကြောင်း CRPHက ထုတ်ပြန်သည်။

CRPH အနေဖြင့် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်အမြစ်ပြတ်ချုပ်ငြိမ်းရေးနှင့် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ထောင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နေသည့် အင်အားစုအားလုံးဖြင့် လက်တွဲ ပြီး နိုင်ငံတော်၏ အာဏာကို မူလပိုင်ရှင်ဖြစ်သည့် ပြည်သူ လူထုထံ ပြန်လည်ရောက်ရှိရေးကို မမှိတ်မသုံ ဆက် လက်ဆောင် ရွက်သွားမည်ဖြစ်ကြောင်းလည်း သဘော ထား ထုတ်ပြန်ခဲ့သည်။

ပြည်သူလူထုက အပ်နှင်းထားသည့် အခွင့်အာဏာကို ကျင့်သုံးပြီး ဖွဲ့စည်းခဲ့သည့် CRPH အနေဖြင့် ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံလျက် ဥပဒေပြု ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ နိုင်ငံတကာလွှတ်တော်အဖွဲ့အစည်းများနှင့် ဆက်ဆံရေးထူထောင်ချိတ်ဆက်ခြင်း၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းခြင်းများ လုပ်ဆောင်ခဲ့သည်။

ထို့ပြင် အမျိုးသား ညီညွတ်ရေး အတိုင်ပင်ခံကောင်စီကရေးဆွဲသည့် ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ်ကို အတည် ပြုထုတ်ပြန်ပြီး ကြားကာလအတွက် အမျိုးသားညီညွတ် ရေးအစိုးရ(NUG) ဖွဲ့စည်းခြင်းတို့ကိုလည်း CRPHက ဆောင်ရွက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ထပ်မံပြောဆိုလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်မှုတွေကို ချက်ချင်းရပ်တန့်ဖို့ အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ထပ်မံပြောဆိုလိုက်ပါတယ်။

သတင်း

MNDAA နဲ့ မဟာမိတ်တပ်​တွေ ၂၀၂၄ သြဂုတ်လ ၃ ရက်​နေ့မှာ အပြီးသတ်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့ အ​ရှေ့​မြောက်တိုင်းစစ်ဌာနချုပ်(ရမခ) ရှိရာလားရှိုး မြို့ကို တရုတ်အစိုးရရဲ့စွက်ဖက်မှု​ကြောင့်MNDAA ကစစ်​ကောင်စီကို ပြန်လွှဲ​ပေးရပြီး ဧပြီ ၂၂ ရက်မှာ လားရှိုးမြို့ထဲကို စစ်​ကောင်စီတပ်ယာဥ်တန်း​တွေပြန်လည်ဝင်​ရောက်နိုင်ခဲ့ပါတယ်။

သတင်း

စစ်အုပ်စုက သဘာ၀ဘေးကြုံရချိန် တရားဝင်မှုရရေးနှင့် နိုင်ငံရေးအရ အသုံးချနေမှုကို သတိရှိရန် အာဆီယံနှင့် နိုင်ငံတကာကို သတိပေး