Connect with us

Hi, what are you looking for?

LuduNwayOo

News

အာဏာသိမ်းမှု ပထမသုံးလအတွင်း Mytelကုမ္ပဏီ ကန်ဒေါ်လာ ၂၄ သန်းကျော်နဲ့ အသုံးပြုသူ ၂သန်း ဆုံးရှုံး

အဲဒီလိုအခြေအနေကြောင့် စျေးကွက်ဝေစုပြန်လည်ရယူဖို့ Mytel ကုမ္ပဏီဟာ ကုန်ကျစရိတ်ကြီးမားပြီး တရားမဝင်တဲ့ မဟာဗျူဟာတွေကို အသုံးပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

စစ်တပ်ရဲ့အာဏာသိမ်းမှုနောက်ပိုင်း ပထမသုံးလအတွင်း Mytel ဆက်သွယ်ရေးကုမ္ပဏီဟာ အမေရိကန်ဒေါ်လာ ၂၄ ဒသမ ၉သန်းထိခိုက်နစ်နာခဲ့ပြီး အသုံးပြုသူ ၂ သန်း ဆုံးရှုံးခဲ့တယ်လို့ Justice for Myanmar က ဖော်ပြပါတယ်။

စစ်တပ်ပိုင် Mytel ဆက်သွယ်ရေးကုမ္ပဏီရဲ့ မိုင်တဲလ်ပေးအရောင်းကိုယ်စားလှယ် ၁၀၀၀၀ ခန့်ဟာလည်း အာဏာသိမ်းမှုပထမနှစ်လအတွင်းနုတ်ထွက်ခဲ့ပြီး အရောင်းကိုယ်စားလှယ် အရေအတွက်ဟာ အာဏာမသိမ်းမီ ဇန်နဝါရီလမှာ ၅၄၄၃၀ ဦးရှိရာမှ ဇူလိုင်လမှာ ၃၈၁၈၉ ဦးအထိ လျော့ကျခဲ့တယ်လို့ Justice for Myanmar က ဖော်ပြပါတယ်။

အဲဒီလိုအခြေအနေကြောင့် စျေးကွက်ဝေစုပြန်လည်ရယူဖို့ Mytel ကုမ္ပဏီဟာ ကုန်ကျစရိတ်ကြီးမားပြီး တရားမဝင်တဲ့ မဟာဗျူဟာတွေကို အသုံးပြုခဲ့တယ်လို့လည်း ဆိုပါတယ်။

Mytel နဲ့ အခြားစစ်တပ်ထုတ်ကုန်အားလုံးကို သပိတ် မှောက်ခြင်းဟာ စစ်ကောင်စီထံ ငွေကြေးစီးဝင်မှုကို ရပ်တန့်ပေးနေတယ်လို့ Justice for Myanmar က ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

လက်ရှိအချိန်မှာ Mytel နဲ့ စစ်ဗိုလ်ချုပ်ကြီးတွေပေးတဲ့ စိန်ခေါ်မှုတွေရှိနေပေမယ့် သပိတ်မှောက်မှုဟာ ဆက် လက်ရှိနေဆဲ ဖြစ်ပြီး စစ်ရာဇဝတ်ဂိုဏ်းကို ဖျက်သိမ်းရမယ်လို့ Justice for Myanmar က တိုက်တွန်းပါတယ်။

မြန်မာ့ရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့ စာရွက်စာတမ်တွေကို Justice For Myanmar က လေ့လာသုံးသပ်ချက်အရ လာမယ့်ဆယ်စုနှစ်အတွင်း မြန်မာစစ်တပ်အနေဖြင့် Mytel ကနေ အမေရိကန်ဒေါ်လာသန်းပေါင်း ၇၀၀ ကျော် ရရှိဖို့ ခန့်မှန်းတွက်ချက်ထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။

သတင်း

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း "အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ " ဟုပြောသည်။

သတင်း

မကွေးတိုင်း၌လည်း ပခုက္ကူနှင့် မြိုင်မြို့နယ်ရှိ စစ်ကောင်စီစခန်းချရာ ပျူစောထီးကျေးရွာနှစ်ရွာ လက်နက်ကြီးများပစ်ခတ်ခံရပြီး စခန်းအဆောက်အအုံအချို့ မီးလောင်ပျက်စီးခဲ့ကြောင်း သတင်းရရှိသည်။