Hi, what are you looking for?
စစ်တပ်အာဏာသိမ်းမှုကြောင့် ငလျင် အပါအဝင် သဘာ၀ဘေးကယ်ဆယ်ရေးလုပ်ငန်းများ၌ ပြည်သူများ ဝိုင်းဝန်းလုပ်ဆောင်ကြမည့် လုပ်အားများ ဆုံးရှုံးခဲ့ရသကဲ့သို့ စစ်ကောင်စီ အပေါ် အယုံအကြည်ကင်းမဲ့မှုကြောင့် လည်း ကူညီထောက်ပံ့မှုများ အားနည်းစေခဲ့ကြောင်း တိုင်းရင်းသား တော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူများက ပြောသည်။
ဖျက်အားပြင်းငလျင်ကြီး၏ အနီးဆုံးမြို့ဖြစ်သော စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် မြို့ပေါ်ရပ်ကွက်များရှိ တိုက်တာအဆောက်အဦးအားလုံးနီးပါးနှင့် သမိုင်းဝင်စေတီပုထိုးအများအပြား ထိခိုက်ပျက်စီးခဲ့သော်လည်း မတ်လ ၂၉ ရက်အထိ အရေးပေါ်ကယ်ဆယ်ရေးများ အင်တိုက်အားတိုက်မလုပ်နိုင်သေးဘဲ အကူအညီများလိုအပ်နေကြောင်း ဒေသခံများက ပြောသည်။
ဖျက်အားပြင်ငလျင်ကြီး၏ အနီးဆုံးမြို့ဖြစ်သောစစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့် မြို့ပေါ်ရပ်ကွက်များရှိတိုက်တာအဆောက်အဦးအားလုံးနီးပါး နှင့် သမိုင်းဝင်စေတီပုထိုးအများအပြားထိခိုက်ပျက်စီးခဲ့သော်လည်း မတ်လ ၂၉ ရက်အထိအရေးပေါ်ကယ်ဆယ်ရေးများ အင်တိုက်အားတိုက်မလုပ်နိုင်သေးဘဲ အကူအညီများလိုအပ်နေကြောင်း ဒေသခံများကပြောသည်။