Connect with us

Hi, what are you looking for?

သတင်း

အ​ဆောက်အအုံပျက်​အောက် ၃ ရက်နီးပါး ပိတ်မိ​နေတဲ့မိန်းက​လေးကို လူမှု​ရေးအဖွဲ့ကယ်တင်

​မြေငလျင်ကြီးလှုပ်ပြီး မန္တလေးမြို့မှာအဆောက်အအုံပျက်အောက်မှာ ၃ ရက်နီးပါးပိနေတဲ့မိန်းကလေးတစ်ဦးကို ကယ်ဆယ်ရေးပစ္စည်းမလုံ​လောက်တဲ့ကြားပဲ လူမှုရေးအဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ပါတယ် ။

မတ်-၃၀၊၂၀၂၅။ဇော်ရမ်း/People’s Spring

​မြေငလျင်ကြီးလှုပ်ပြီး မန္တလေးမြို့မှာအဆောက်အအုံပျက်အောက်မှာ ၃ ရက်နီးပါးပိနေတဲ့မိန်းကလေးတစ်ဦးကို ကယ်ဆယ်ရေးပစ္စည်းမလုံ​လောက်တဲ့ကြားပဲ လူမှုရေးအဖွဲ့များက ကယ်ထုတ်နိုင်ခဲ့ပါတယ် ။

ဖျက်အားပြင်းငလျင်ကြီးလှုပ်ပြီး ၃ရက်မြောက်ဖြစ်တဲ့ မတ်လ ၃၀ ရက်​နေ့မှာကယ်ထုတ်နိုင်ခဲ့တာခြင်းဖြစ်ပြီး မျက်ရည်ကျတယ်အထိဝမ်းသာရတယ်လို့ မန္တလေးမြို့ နန္ဒာမေတ္တာလူမှု‌ရေးအဖွဲ့မှ ကိုသက်မျိုးဦးက လူမှုကွန်ရက်မှာ ပြောထားပါတယ်။

အ​ဆောက်အအုံ​အောက်မှာပိတ်မိ​နေတဲ့ အမျိုးသမီးငယ်ကို ကယ်ဆယ်​ရေးသမား​​တွေက ​ခေတ်မီ ကယ်ဆယ်​ရေးပစ္စည်းကရိယာမပါဘဲ ခက်ခက်ခဲခဲ ကယ်ထုတ်ခဲ့ကြတာဖြစ်ပါတယ် ။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/649161304385235

” Day-3 အပျော်ဆုံးနေ့စိတ်ညစ်စရာသတင်းတွေပဲဖတ်နေကြရလို့ပျော်စရာသတင်းလေးပါ(၂)ညနဲ့(၃)ရက်မအိပ်ပဲလုပ်ခဲ့သမျှပင်ပမ်းတာကျေပျောက်လို့နန္ဒာမေတ္တာအဖွဲ့သားတွေထအော်ဟစ်ကခုန်ခဲ့ရတယ်။ကွန်ကရစ်ထုတ်တန်းနဲ့မွေ့ယာကြားမှာလူတစ်ခွန်စာပိတ်မိနေတဲ့ညီမလေးကိုကယ်ဆယ်ရေးပစ္စည်းမပြည့်စုံတော့သံတူရွန်း၊၅ ပေါင်တူတို့နဲ့ထုခွဲလမ်း​ဖောက်ပြီးဒီညီမလေးကိုအရှင်ရအောင်ကယ်နိုင်လိုက်တာနဲ့တင်ပင်ပမ်းသမျှကျေပျောက်ခဲ့ရပါတယ်။အပြင်လဲရောက်တော့ပျော်ပြီးငိုရှာတာ။အကိုတို့လဲတစ်ကယ်ပျော်လွန်းလို့မျက်ရည်ကျရပါတယ်”လို့ ကိုသက်မျိုးမျိုးဦးကရေးသားထားပါတယ်။

ငလျင်ဘေးသင့်ပြည်သူ​တွေကိုရှာဖွေကယ်ဆယ်ဖို့အတွက် သံချောင်များကိုဖြတ်​တောက်ရန်သံဖြတ်စက် နဲ့ ကွန်ကရစ်စလစ်ပြင်ဖောက်ရန်ဖောက်စက်လိုအပ်​နေ​ကြောင်းလည်းအသိပေးထားပါတယ် ။

” အဲဒီနှစ်မျိုးသာရရင်ကယ်ဆယ်ရေးအတွက်ပိုတွင်ကျယ်လာမှာပါ”လိုဘ ကိုသက်မျိုးဦးကဆိုပါတယ် ။

​မြေငလျင်ဟာ မန္တလေးမြို့ တစ်ဖက်ကမ်းက စစ်ကိုင်း မြို့ အနီးဗဟိုပြု ပြီး​တော့ မတ်လ ၂၈ရက်မွန်းလွဲ ၁၂နာရီ ၅၀မိနစ်ကလှုပ်ခဲ့တာပါ။ ၁၂ မိနစ်ခန့်အကြာမှာ တံတားဦးမြို့နယ်ကို အင်အားကြီး​နောက်ဆက်တွဲငလျင်ထပ်လှုပ်ပါတယ်။ဒီငလျင်ကြီး​ကြောင့် မန္တလေးမြို့ ကအဆောက်အအုံများစွာ အကြီးအကျယ် ပျက်စီးခဲ့ရပါတယ်။

မန္တ​လေးမြို့မှာပဲသေဆုံးသူ ​ထောင်ချီနိုင်တယ်လို့ ကယ်ဆယ်​ရေးလုပ်ကိုင်​နေသူ​တွေက ခန့်မှန်းထားပါတယ် ။အ​ဆောက်အအုံပျက်​တွေ​အောက်မှာ ပိမိ​နေတဲ့ သူ​တွေကို ကယ်ဆယ်​ရေးအဖွဲ​တွေက ငလျင်လှုပ်ပြီး တတိယ​မြောက်​နေ့မှာကယ်ထုတ်ရန် ဆက်လက်ကြိုးစား​နေကြတာဖြစ်ပါတယ်။နိုင်ငံတကာက ကယ်ဆယ်​ရေးအဖွဲ့​တွေ မန္တ​လေးမြို့ကို မတ် ၃၀ မှာစတင်​ရောက်လာကူညီ​နေတယ်ဆို​ပေမယ့် မြို့က လူမှု​ရေးအသင်းအဖွဲ့ က ​စေတနာ့ဝန်ထမ်း​တွေက အများဆုံးကူညီ​ပေး​နေကြတာဖြစ်ပါတယ် ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။