Connect with us

Hi, what are you looking for?

သတင်း

မြေငလျင်ကြီးလှုပ်​နေတုန်း မိသားစုကို​စောင့်​ရှောက်​တဲ့ဖခင်ကို လူမှုကွန်ယက်မှာချီးကျူး​နေ

ဖျက်အားပြင်း​မြေငလျင်ကြီးလှုပ်​နေစဥ် မန္တ​လေးမြို့မှ မိသားစုဝင်အားလုံး​ဘေးကင်း​အောင် ​စောင့်​ရှောက်​ပေးခဲ့တဲ့ ဖခင်တစ်ဦးကို လူမှုကွန်ယက်အသုံးပြုသူ​တွေက ချီးကျူး​နေကြပါတယ်။

မတ်-၃၀၊၂၀၂၅။​​နေ့သစ်/People’s Spring

ဖျက်အားပြင်း​မြေငလျင်ကြီးလှုပ်​နေစဥ် မန္တ​လေးမြို့မှ မိသားစုဝင်အားလုံး​ဘေးကင်း​အောင် ​စောင့်​ရှောက်​ပေးခဲ့တဲ့ ဖခင်တစ်ဦးကို လူမှုကွန်ယက်အသုံးပြုသူ​တွေက ချီးကျူး​နေကြပါတယ်။

မတ် ၂၈ မွန်းလွဲ ၁၂ နာရီ ၅၀ မှာငလျင်ကြီးလှုပ်တဲ့အခါ ထိုအမျိုးသားက ဝန်ထမ်းအချို့နဲ့ အလုပ်​နေရင်း ငလျင်လှုပ်တာသိပြီး အိမ်​ရှေ့ကိုထွက်​ပြေးပါတယ်။စက္ကန့်ပိုင်းအတွင်းမှာ မိသားစုအိမ်ထဲမှာကျန်​နေတာ​ကြောင့် အမျိုးသားက ဇနီးဖြစ်သူ ၊ သား ၊သမီး​တွေကို တ​ယောက်ပြီးတစ်​ယောက် အိမ်ပြင်​ခေါ်ထုတ်ပါတယ် ။

အိမ်ထဲမှာ လူမကျန်မှ သူက​နောက်ဆုံးကထွက်တာဖြစ်ပါတယ် ။ ငလျင်လှုပ်​နေတုန်း ဇနီးဖြစ်သူက အိမ်ထဲ ​ပြေးဝင်ဖို့လုပ်တာကို ဇနီးကို ​ပွေ့ချီအပြင်ထွက်ခိုင်းပြီးအိမ်​​ထောင်ဦးစီး ၁ ​ယောက်တည်းကအိမ်ရှိလူကုန် အ​ခေါက်​ခေါက်​ခေါ်ထုတ်​​ပေးခဲ့တာပါ။ အဲဖြစ်စဥ်​တွေကို အိမ်မှာတပ်ထားတဲ့ CCTV ​တွေမှာအမိအရ မှတ်တမ်းတင်နိုင်တာမို့အိမ်​ထောင်ဦးစီးနဲ့ မိသားစုဝင်အားလုံးကို ဗီဒီယိုမှတ်တမ်းကြည့်သူ​တွေက ချီးကျူး​​နေကြပါတယ်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/519322667638011

“မိသားစု အားလုံး အန္တရာယ်ကင်းကြပါတယ်ငလျှင်ဘယ်လောက်ပြင်းလဲဆိုတာတွေ့ကြုံရသမျှ တင်ပေးလိုက်ပါပြီ”ဆိုပြီးရုပ်သံမှတ်တမ်း​တွေကိုမျှ​ဝေထားတာပါ။

“ဖခင်တစ်ယောက်ရဲ့လုံခြုံမှု” လို့ပြည်သူ တ​ယောက်က ချီးကျူးပါတယ်။

အခြား​ဖေစ်ဘွခ်အသုံးပြုသူ တစ်​ယောက်ကလည်း “မိသားစုအတွက် အားကိုးရတဲ့ယောင်္ကျားကောင်းရထားတာ cctv ကြည့်တာနဲ့သိသာတယ်” ​ရေးသားပါတယ်။

“မိခင်မေတ္တာရော ဖခင်မေတ္တာရော တွေ့လိုက်ရတယ် respect ပါ ညီမလေးတို့ “လို့တဦးက​ရေးသားပါတယ်။

“ယောက်ျားကောင်း ဖခင်ကောင်း ကို ပိုင်ဆိုင်ထားရတဲ့ မိသားစုလေး။သမီးလေးတွေကလဲ ဉာဏ်ရှိလိုက်တာ” လို့ ပြည်သူတဦးကမှတ်ချက်ပြပါတယ်။

​​ဖေစ်ဘွခ်အသုံပြုသူတဦးက လည်း “အိမ်ထောင်ဦးစီးမေတ္တာမြင်လိုက်ရတယ်မိသားစုအတွက် ခင်ပွန်းကောင်း ဖခင်ကောင်း လေးစားပါတယ်” လို့ချီးကျူးပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

၂၀၂၅ မတ် ၂၈ စစ်ကိုင်းငလျင်ကြီးက​ပေးတဲ့ ငလျင်သင်ခန်းစာသစ်

သတင်း

နေပြည်တော်၊ဇမ္ဗူသီရိမြို့နယ်ကငလျင်ဘေးသင့်ပြည်သူတွေရဲ့ယာယီတည်းခိုရေးစခန်းမှာ တောကြီးမြွေဟောက်တွေ့တာကြောင့် သွားရောက်ဖမ်းဆီးပေးခဲ့ရတယ်လို့ မီးသတ်တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့ ည ၁၁နာရီကျော်မှာငလျင်လှုပ်ခဲ့ပါတယ်။

သတင်း

ဧရာဝတီတိုင်းမှာ ရေကာတာတွေ ရေယိုစိမ့်နေတာကို လူမှုကွန်ရက်ပေါ်တင် ဖြန့်ဝေသူကို အရေးယူမယ်လို့ စစ်တပ်လက်အောက်ခံဌာနဆိုင်ရာတွေက ဒေသခံတွေကို ဖိအားပေး ခြိမ်းခြောက်ထားပါတယ်။

Facebook