Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့ငလျင် သေဆုံးသူ ၆၀၀ နီးပါးရှိလာ၊ ရုပ်လောင်းများရှင်းလင်းရေး အခက်ကြုံ

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့်သေဆုံးသူဦးရေ အဆမတန်မြင့်တက်လာပြီး ယနေ့(မတ်လ ၃၀ရက်) မွန်းလွဲ ၃နာရီခန့်အထိ သေဆုံးသူ ၆၀၀နီးပါးရှိလာပြီဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

စစ်ကိုင်းမြို့၌ ရှာဖွေကယ်ဆယ်ရေးလုပ်နေစဉ်။ ဓာတ်ပုံ - CJ

မတ်-၃၀၊၂၀၂၅။ဇော်ရမ်း/People’s Spring

စစ်ကိုင်းမြို့တွင် ငလျင်ဒဏ်ကြောင့်သေဆုံးသူဦးရေ အဆမတန်မြင့်တက်လာပြီး ယနေ့(မတ်လ ၃၀ရက်) မွန်းလွဲ ၃နာရီခန့်အထိ သေဆုံးသူ ၆၀၀နီးပါးရှိလာပြီဟု ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေသူတစ်ဦးက ပြောသည်။

” အခြေအနေက နာရီနဲ့အမျှ ဆိုးနေတာပါ။ ပျောက်ဆုံးတာတွေလည်း များတယ်။ အခု နေ့ခင်းအထိကို သေဆုံးသူ ၆၀၀နားနီးနေပြီ”ဟု မြေပြင်၌ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောသည်။

ဒေသခံတစ်ဦးကလည်း စစ်ကိုင်းမြို့ပေါ်အခြေအနေမှာ အလွန်ဆိုးနေပြီ အပုပ်နံ့များထွက်နေကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“ထုတ်စရာက အရှင်မကျန်တော့ဘူးဗျ။ ကရိန်းကားနဲ့ဘူဒိုဇာတေနဲ့ဖြိုချကော်ထုတ်။ အဲ့လိုမှပဲ ခရီးကတွင်တော့မှာ။ မင်းလမ်းထဲမှာဆိုပုတ်နေတာ အနံ့တွေ တအားထောင်းနေပြီ။ ကယ်ဆယ်ရေးနဲ့မီးသတ်တွေလည်းပင်ပန်းနေကြပြီ။ ရေကစပြတ်နေပီဗျ။ စားဖို့လည်းချက်လို့ရတဲ့အိမ်တွေ‌က ကျွေးမှပဲ။ စစ်ကိုင်းမြို့က ကြေပီဗျ ရင်နာနာနဲ့ပဲပြောရတာ”ဟု လူမှုကွန်ရက်တွင် ရေးသားထားသည်။

စစ်ကိုင်းမြို့ငလျင်ဘေးသည် ပျက်စီးမှု အလွန်များပြားပြီး အရေးပေါ်အကူအညီများလိုအပ်နေသည်ဟု စစ်ကိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီက ထုတ်ပြန်ထားသည်။

” ခုလက်ရှိ စစ်က်ိုင်းမြို့အနေထားအရ အကူညီအရမ်းလ်ို အပ်နေပါတယ်။ တံတားတွေလည်း ကျိုးထားတော့ မန္တလေးဘက်ကအကူညီဝင်ဖို့တောင် အခက်ခဲရှိနေပါတယ်။အစားအသောက်ဆေးဝါး ဘာမှဝယ်မရပါ။ အသေအပျောက်လည်းများပြီး ဆေးရုံကလည်းအစတည်းက သေးတဲ့အတွက်လူနာတွေအတွက်မလုံလောက်ပါ”ဟု စစ်ကိုင်းလွှတ်တော်ကိုယ်စားပြုကော်မတီက ယနေ့ (မတ်လ၃၀ရက်) နံနက်ပိုင်းတွင် ထုတ်ပြန်ထားသည်။

” ပိပြီး သေနေတဲ့DBတွေကနေ အပုပ်နံ့တွေလည်းထွက်လာပီဖြစ်တဲ့ အတွက်ပတ်ဝန်းကျင်အနီးနားရှိလူများပါရေရှည်ကျန်းမာရေးတွက် ထိခိုက်လာနိုင်ပါတယ်။မြို့လေးမှာရှိတဲ့ ပရဟိတအသင်းများနဲ့မလုံလောက်ပါ ကိုယ်ထူကိုယ်ထစွမ်းသလောက်သာ ကယ်ဆယ်နေရတဲ့အတွက် အချိန်ကြာမြင့်လေ ပိုဆိုးရွာလာနိုင်တဲ့အနေထားဖြစ်နေပါတယ်”ဟု အသိပေးထားသည်။

စစ်ကိုင်းမြို့သည် မတ်လ ၂၈ရရက်ကလှုပ်သည့် ငလျင်ဗဟိုချက်နှင့် မိုင်အနည်းငယ်သာ ကွာဝေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ဂျပန် နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြောင်း သေဆုံးသူ အရေအတွက်ဟာ ၁၃ ဦးထိ မြင့်တက်လာကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးတစ်ခု လှုပ်ခတ်ခဲ့တဲ့နောက် ဆူနာမီ ရေလှိုင်းအန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ

ပီရူးနိုင်ငံ အလယ်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ ငလျင်နှစ်ခုကြောင့် လူ ၆ ဦးထက်မနည်း သေဆုံးခဲ့သလို ထိခိုက်ပျက်စီးမှုတွေလည်း ဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။

Facebook