Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းနဲ့ မန္တလေးကိုလှူဖို့ ပန်းချီကားတွေမဲဖောက်ပေးမယ့် ဒေါင်း

ငလျင်ဒဏ်ခံစားနေရတဲ့ပြည်သူတွေကိုကူညီဖို့ အတွက် တော်လှန်အနုပညာရှင်ဒေါင်းရဲ့ ပန်းချီနှစ်ကားကို မဲဖောက်ပေးဖို့စီစဉ်နေပြီးမန္တလေးနဲ့ စစ်ကိုင်းကို ကနဦး အလှူအ‌ နေနဲ့ ၁၀၁ သိန်းကျပ် ပို့ဆောင်ပေးခဲ့တယ်လို့ Smoky Hz က အသိပေးထားပါတယ်။

မတ်_ ၃၀၊ ၂၀၂၅။ဆဏ်း / People’s Spring

ငလျင်ဒဏ်ခံစားနေရတဲ့ပြည်သူတွေကိုကူညီဖို့ အတွက် တော်လှန်အနုပညာရှင်ဒေါင်းရဲ့ ပန်းချီနှစ်ကားကို မဲဖောက်ပေးဖို့စီစဉ်နေပြီးမန္တလေးနဲ့ စစ်ကိုင်းကို ကနဦး အလှူအ‌ နေနဲ့ ၁၀၁ သိန်းကျပ် ပို့ဆောင်ပေးခဲ့တယ်လို့ Smoky Hz က အသိပေးထားပါတယ်။

“Smoky Hz နှင့် ပြည်သူများ၏ အတူတကွ ကူညီမှု” ခေါင်းစဉ်နဲ့ မဲအစီအစဉ်ပြုလုပ်နေတာဖြစ်ပြီး ဒေါင်းရဲ့ ပန်းချီနှစ်ကားကို မတ် ၃၁ ရက်မှာ မဲနှိုက်ပေးမှာပါ။

စစ်ကိုင်းအတွက် အစာခြောက် ၊ အမျိုးသမီးလစဉ်သုံး၊ ခြင်ထောင်၊ ဖျာ နဲ့ အသက်မဲ့ခန္ဓာတွေကို ဟယါယူဖို့ ဓာတ်ဆီဖိုး စုစုပေါင်း သိန်း ၇၀ ၊ မန္တလေးမြို့အတွက် အစားအသောက် ၊ ရေနဲ့ အခြားလိုအပ်တဲ့ ပစ္စည်းတွေ အတွက် သိန်း ၃၀ ၊ စိတ်ပိုင်းဆိုင်ရာ ကုသမှုပေးနေတဲ့ ဆရာ၊ ဆရာမ‌ တွေအတွက် ဖုန်းဘေ တစ်သိန်းဖိုးပေးပို့ခဲ့တယ်လို့ Smoky Hz ကအသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီပန်းချီမဲအတွက် ဈေးနှုန်းသတ်မှတ်ထားတာမရှိပဲ တတ်နိုင်သလောက်ပါဝင်နိုင်တယ်လို့ အသိပေးထားပြီး ပါဝင်လှူဒါန်းလိုသူတွေအနေနဲ့ Smoky Hz ရဲ့ မက်ဆန်ဂျာကနေ ဆက်သွယ်ပါဝင်နိုင်မှာပါ။

“ကျနော်တို့ အတူတူ နိုင်သလောက် ကူကြရအောင်။ ကျနော့်ပန်းချီကားနှစ်ကားကို မဲဖောက်ပေးမှာပါ။ ရလာသမျှ ကူငွေအားလုံးကို(၁၀၀%) ငလျင်ဘေးသင့်ပြည်သူများကို ကူမှာပါ။ ရရှိတဲ့ လူအရေအတွက်နဲ့ ငွေပမာဏရယ် လွဲပေးတဲ့မြို့၊ နေရာတွေကို အကြမ်းဖျင်းတင်ပေးပြီး စာရင်းအတိအကျနဲ့ ရောက်ရှိမယ့်မှတ်တမ်းတွေအသေးစိတ်ကို သိမ်းဆည်းထားပြီး နောက်ပိုင်းမှာ တိတိကျကျ တင်ပြနိုင်ဖို့ ကအစလုပ်ထားမှာပါ။”လို့ မတ်လ ၂၉ ရက်က ဒေါင်းရဲ့ ဖေ့စ်ဘွတ်မှာရေးသားထားပါတယ်။

မတ်လ ၃၀ ရက်က ဒေါင်းရဲ့ ၃‌၅ နှစ်ပြည့်မွေးနေ့လည်းဖြစ်ပါတယ်။

ငလျင်ဒဏ်ကြောင့် စစ်ကိုင်း နဲ့ မန္တလေးက လူသေဆုံးမှုအပါအဝင် ပျက်စီးဆုံးရှုံးမှုတွေအများကြီး ရှိခဲ့ပါတယ်။

ငလျင်ဒဏ်ခံစားနေရသူတွေအတွက် တော်လှန်အနုပညာရှင်တွေဖြစ်တဲ့ ဖြူဖြူကျော်သိန်းနဲ့ ပိုင်ဖြိုးသုတို့ကလည်း အလှူငွေတွေ လှူဒါန်းပေးထားပါတယ်။

တယောပညာရှင် ဖိုးစံကလည်း တော်လှန်ရေးကာလတစ်လျှောက်လုံး ရဲဘော်ရဲဘက်တစ်ယောက်လိုဖြစ်နေတဲ့ သူ့ရဲ့ တယောလေးကို လေလံတင်ရောင်းချပြီး ငလျင်ကြောင့် ဒုက္ခရောက်နေသူတွေကို လှူဒါန်းမယ်လို့အသိပေးထားပါတယ်။⁩

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။