Connect with us

Hi, what are you looking for?

သတင်း

အင်အားပြင်းငလျင်လှုပ်ခတ်အပြီး သုံးရက်အကြာ အင်းလေးဒေသ၌ သေဆုံးသူ ၉၀နီးပါးရှိလာ

အင်အားပြင်းငလျင်လှုပ်ခတ်အပြီး သုံးရက်အကြာတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊အင်းလေးဒေသ၌ သေဆုံးသူ ၉၀ နီးပါးရှိလာကြောင်း အင်းလေးဒေသလူအခွင့်အရေးအဖွဲ့က ယနေ့(မတ်လ ၃၀ရက်) ထုတ်ပြန်သည်။

အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊အင်းလေးဒေသ၌ လူနေအိမ်များ ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မတ် -၃၀ ၊၂၀၂၅။ရဲခေါင် /People’s Spring

အင်အားပြင်းငလျင်လှုပ်ခတ်အပြီး သုံးရက်အကြာတွင် ရှမ်းပြည်နယ်တောင်ပိုင်း၊အင်းလေးဒေသ၌ သေဆုံးသူ ၉၀ နီးပါးရှိလာကြောင်း အင်းလေးဒေသလူအခွင့်အရေးအဖွဲ့က ယနေ့(မတ်လ ၃၀ရက်) ထုတ်ပြန်သည်။

အင်းလေးဒေသတွင် ငလျင်ဒဏ်ခံစားခဲ့ရသည့် ကျေးရွာ ၁၉ ရွာရှိပြီး အိမ်ခြေ ၂,၃၃၇ လုံး ပျက်စီးခဲ့ရကြောင်းလည်း အင်းလေးဒေသလူအခွင့်အရေးအဖွဲ့က ဖော်ပြသည်။

“ပျောက်ဆုံးတဲ့သူတွေ ရှိနေသေးတယ်။ကယ်ဆယ်ရေးအတွက်က မနိုင်ဘူးလေ။ပြီးတော့ စားစရာနဲ့ဆေးဝါးတွေက လိုနေတယ်။သေဆုံးတာတွေက တော့ ပိုတိုးလာဖို့ပဲရှိတယ်”ဟု အင်းလေးဒေသ၌ ကူညီကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက လူထုနွေဦးသို့ ပြေသည်။

Public Service Announcement

Public Service Announcement

အင်းလေးဒေသလူအခွင့်အရေးအဖွဲ့၏ အချက်အလက်အရ ဟဲယာရွာမ(ကေလာ)၊အိုင်ထောင့်ကြီး၊နမ်ပတ်ကြာတော၊ပေါက်ပါနှင့် နောက်တောင်ကျေးရွာတို့မှ နေအိမ်ထိခိုက်ပျက်စီးမှုနှင့် လူသေဆုံးမှု အများဆုံးဟု ဆိုသည်။

ငလျင်ဒဏ်ကြောင့် အောင်ပန်းမြို့နယ်တွင်လည်း သေဆုံးသူ ၁၀ဦးထက်မနည်းရှိထားသည်။

ထို့အပြင် အလယ်ပိုင်းဒေသရှိ မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်၊ ပုလဲ၊ရွှေဘို၊ပလိပ်၊မိတ္ထီလာ၊သာစည်၊ဖြူး၊တောင်ငူ၊ရမည်းသင်း၊တောင်ငူ၊တံတားဦး၊ဝမ်းတွင်း၊ကျောက်ဆည်တို့တွင် ငလျင်ဒဏ်ကြောင့် သေဆုံးသူ ထောင်နှင့်ချီရှိနေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။