သတင်း စစ်ကိုင်းနှင့် ဝက်လက်နယ်တို့တွင် စစ်ကောင်စီတပ်အားတိုက်ခိုက်ရာ ခုနစ်ဦးထက်မနည်းသေ ဝက်လက်နယ်၌ မိုင်းဆွဲခံရသော စစ်အုပ်စုသည် ရွှေဘိုမြို့သို့ပြန်လည်ဆုတ်ခွာသွား၍ ယာယီပိတ်ထားသော ရွှေဘို-မန္တလေးလမ်းအား ပြန်လည်ဖွင့်ထားကြောင်း ဒေသတွင်းတော်လှန်ရေးအင်အားစုများက ပြောသည်။ LuduNwayOoမတ် 27, 2023
သတင်း စစ်ကိုင်း၊ အရာတော်နှင့် ဝက်လက်နယ်တို့တွင် စစ်အုပ်စုအား ဒေသကာကွယ်ရေးတပ်များ တိုက်ခိုက် " ကားလမ်းပေါ် မိုင်းရှင်းဖို့ကြိုးစားနေတဲ့ စစ်ကောင်စီ စစ်သား သုံးဦး ရှေ့ကိုကျွံထွက်လာပြီး မိုင်းကွင်းပေါ်ရောက်လာချိန် ပဒေသာမိုင်း ငါးလုံးနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး သုံးဦးလုံးသေဆုံးနိုင်ဖွယ်ရှိတယ်လို့သိရပါတယ်။"ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။ LuduNwayOoမတ် 24, 2023
သတင်း မီးရှို့ခံနေအိမ်များအတွက် နေအိမ်ပြန်လည်တည်ဆောက်ပေးမှု အိမ်အလုံးရေ ၅၀၀ ပြည့်မြောက် မြေပြင်အခက်အခဲများကြားမှ အလေအလွင့်မရှိအောင် လုပ်ဆောင်ပေးနေပြီး ပြည်သူများအနေဖြင့် နောက်ထပ် အိမ်အလုံး၅၀၀ ပြည့်မီအောင် တတပ်တအား ပါ၀င်ကြပါရန် S&C အဖွဲ့က တိုက်တွန်းထားသည်။ LuduNwayOoမတ် 22, 2023
သတင်း စစ်ကိုင်းနှင့် မတ္တရာနယ်ရှိ ဧရာဝတီမြစ်ဘေးကျေးရွာများတွင် တိုက်ပွဲဖြစ်နေ၍ ဒေသခံများထွက်ပြေးတိမ်းရှောင်နေရ မတ်လ ၁၅ ရက်က မန္တလေးတိုင်း၊ မတ္တရာမြို့နယ် အနောက်ခြမ်း ဧရာ၀တီမြစ်ကမ်းဘေးရှိကျေးရွာများကို စစ်ကောင်စီတပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးခဲ့သည်။ LuduNwayOoမတ် 17, 2023
သတင်း စစ်ကိုင်း ရဲတပ်ရင်းသင်တန်းကျောင်း ပစ်ခတ်တိုက်ခိုက်၊ စစ်အုပ်စုပစ်ခတ်၍ ပြည်သူတစ်ဦးဒဏ်ရာရ အဆိုပါ စစ်ဆင်ရေးကို Thunderbird local Defense force၊ အညာညီနောင်တပ်ပေါင်းစု(ABCF)၊ တောင်သူလယ်သမား စစ်သည်တော် များအဖွဲ့၊ စစ်ကိုင်းတိုင်းတော်လှန်ရေးအင်အားစုများပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးထားသည်။ LuduNwayOoမတ် 13, 2023
သတင်း စစ်ကိုင်းတိုင်းမှ ဟားခါးသို့ရိက္ခာပို့မည့် တင့်ကားပါစစ်ယာဉ်တန်းကို ချင်းတပ်ဖွဲ့တိုက်ခိုက် ဟားခါးအထိ ရိက္ခာပို့မည့် ယာဉ်တန်းဖြစ်၍ အဆိုပါယာဉ်တန်းကို တိုက်ခိုက်မှုများ လုပ်ဆောင်သွားမည်ဖြစ်ရာ တိုက်ပွဲများပြင်းထန်နိုင်ကြောင်း ဆလိုင်းထက်နီက ပြောသည်။ LuduNwayOoမတ် 10, 2023
သတင်း စစ်ကိုင်း၊ မကွေးအပါအဝင် တိုင်းနှင့်ပြည်နယ် ၈ ခုသို့ ခရီးသွားလာခြင်းမပြုရန် ဗြိတိန် တားမြစ် ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းချိန်မှ စ၍ ပစ်ခတ်မှုများ၊ ဖောက်ခွဲတိုက်ခိုက်မှုများအပါအဝင် နိုင်ငံတဝန်း၌ ပဋိပက္ခများ၊ ပြင်းထန အကြမ်းဖက်မှုများဖြစ်ပေါ်နေခဲ့ကြောင်း ဆက်လက်ဖော်ပြ သည်။ LuduNwayOoမတ် 7, 2023
သတင်း မန္တလေးနှင့် စစ်ကိုင်းတိုင်းရှိ စစ်ကောင်စီစခန်းနှင့် စစ်သင်္ဘောကို တော်လှန်ရေးအင်အားစုများ တိုက်ခိုက် အဆိုပါ စစ်ဆင်ရေးကို မြင်းခြံခရိုင် တပ်ရင်း (၁၊ ၃၊ ၄၊ ၅ ) နှင့် ကျေးရွာတပ်ပေါင်းစု တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း အသိပေးသည်။ LuduNwayOoဖေဖော်ဝါရီ 21, 2023
သတင်း စစ်ကိုင်းတွင် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့်ရမ်းပစ်၍ ကလေးငယ်တစ်ဦးမျက်လုံးထိမှန် ယမန်နေ့ (ဖေဖော်ဝါရီ ၁၂ ရက်)နံနက် ၉နာရီခန့်က စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ ဘောလုံးကွင်းထဲက စစ်ကောင်စီတပ်သားများသည် (၁၂၀)မမ လက်နက်ကြီးတပ်ဆင်ထားပြီး အနောက်တကြောသို့ လက်နက်ကြီးဖြင့် ၅ချက်ထက်မနည်း ပစ်ခတ်ခဲ့သည်။ LuduNwayOoဖေဖော်ဝါရီ 13, 2023
သတင်း စစ်ကိုင်းတိုင်း ၉ မြို့နယ်ရှိ စစ်ရေးပစ်မှတ် ၁၆ ခုကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များ မဟာဗျုဟာကျ ဟန်ချက်ညီညီတိုက်ခိုက်နိုင်ခဲ့ဟု NUG ထုတ်ပြန် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များက ပုလဲမြို့နယ်တွင် စစ်ရေးပစ်မှတ် ၄ ခု၊ ကန့်ဘလူ၊ မုံရွာ တို့တွင် စစ်ရေးပစ်မှတ် ၃ ခုစီ၊ ကောလင်း၊ တန့်ဆည်၊ ခင်ဦး၊ ယင်းမာပင်၊ မြောင်၊ ရွှေဘို မြို့နယ်များတွင် စစ်ရေးပစ်မှတ် ၁ ခုစီတို့ကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ LuduNwayOoဖေဖော်ဝါရီ 12, 2023