Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့ ဘုန်းကြီးကျောင်းများရှိ စစ်ရှောင်ပြည်သူများအား စစ်တပ် လိုက်လံဖမ်းဆီးနေ

စစ်ကိုင်းမြို့နယ်မြောက်ခြမ်း၌ စစ်ကောင်စီတပ်က မေလအတွင်း ကျေးရွာအများအပြားအား ဝင်ရောက်ဖျက်ဆီးမီးရှို့ထားပြီး ဒေသခံသောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

(မေလတတိယပတ်အတွင်းက စစ်ကိုင်းမြို့နယ်မြောက်ခြမ်းတွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၍ ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)
(မေလတတိယပတ်အတွင်းက စစ်ကိုင်းမြို့နယ်မြောက်ခြမ်းတွင် စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီး၍ ထွက်ပြေးတိမ်းရှောင်လာရသော ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ - CJ)

▪️စစ်ရှောင်ပြည်သူ ၉ ဦးဖမ်းဆီးခံထားရ

စစ်ကိုင်းမြို့ပေါ် ဘုန်းကြီးကျောင်းများရှိ စစ်ဘေးရှောင်နေသော ပြည်သူများအား စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးနေရာ ပြည်သူ ၉ဦးဖမ်းဆီးခံထားရကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းမြို့နယ်မြောက်ခြမ်းရှိ ပဒူကျေးရွာကို စစ်ကောင်စီတပ်က မေလဒုတိယပတ်အတွင်းက စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်။ ထို့ကြောင့် ပဒူကျေးရွာမှ ဒေသခံ ပြည်သူများမှာ စစ်ကိုင်းမြို့ပေါ် ဘုန်းကြီးကျောင်းများသို့ လာရောက်တိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်။

ထို့အပြင် ပြည်သူအချို့မှာ ဖမ်းဆီးခံရသည်ဟု ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ ၆ ရက်က စစ်ကိုင်းမြို့ ရွှေတောင်ဦးမှော် ကျောင်းတိုက်ကို စစ်ကောင်စီတပ်က စီးနင်းခဲ့ရာ ပဒူကျေးရွာမှ စစ်ရှောင်နေသူ မအေမီဦးတို့ သားအမိကိုဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် ပြည်တော်အေးကျောင်းတိုက်မှ စစ်ရှောင်နှစ်ဦးကိုလည်း ဖမ်းဆီးသွားသည်။

Public Service Announcement

Public Service Announcement

ဇွန်လ ၇ ရက် ညကလည်း စစ်ကိုင်းမြို့၊ ဧမြဝတီရပ်ကွက်၊ ဝါဆိုဧမြဥယျာဉ် ပရိယတ္တိစာသင်တိုက် ကို စစ်ကောင်စီတပ် စီးနင်းခဲ့ပြီး ပဒူကျေးရွာမှ စစ်ရှောင်နေသည့် ကိုဇော်သက် (၂၆)နှစ်၊ ရန်ငြိမ်းအောင် (ခ) ရန်ကြီးအောင် (၃၃)နှစ်တို့ကို ဖမ်းဆီးသွားကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကိုင်းတောင်ရိုး တိလောကဂုရုချောင် ဘုန်းကြီးကျောင်းတိုက်ကိုလည်း ထပ်မံစီးနင်းခဲ့ပြီး ပဒူကျေးရွာမှ စစ်ရှောင်နေသည့် ကိုဝေယံထွန်း(ခ) ဖိုးစနေ (၂၈)နှစ်၊ ကိုချစ်သဲအောင် (၃၃)နှစ်နှင့် ကိုသန်းစိုးနိုင် (ခ) ငပဲတို့ကို ဖမ်းဆီးသွားကြောင်း သိရသည်။

“စစ်ကိုင်းတောင်ရိုးက ဘုန်းကြီးကျောင်းတွေကိုလည်း စစ်ကောင်စီတပ်ဖွဲ့ကစီးနင်းခဲ့ကာ ဓာတ်ပုံပြပြီး ရှာဖွေမှုပြလုပ်ခဲ့ကြပါတယ်။ ရွာကိုမီးရှို့ နေအိမ်တွေက ပစ္စည်းခိုးယူတပ်ထဲ သယ်ယူနေကြတာတောင် အားမရနိုင်ကြဘဲ စစ်ဘေးရှောင်နေတဲ့ ပြည်သူတွေကိုပါ စစ်ကောင်စီက ဖမ်းဆီးမှုပြုလုပ်နေတာဖြစ်ပါတယ်။”ဟု စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

စစ်ကိုင်းမြို့နယ်မြောက်ခြမ်း၌ စစ်ကောင်စီတပ်က မေလအတွင်း ကျေးရွာအများအပြားအား ဝင်ရောက်ဖျက်ဆီးမီးရှို့ထားပြီး ဒေသခံသောင်းနှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

ဆောင်းပါး

ထိုင်းနိုင်ငံမှာ မိသားစုအတွက် နှစ်ပေါင်းများစွာ ပင်ပန်းဆင်းရဲခံ၊အလုပ်ကြိုးစားပြီးနောက် နေရပ်ဌာနီက မိဘနှစ်ပါးဆီ ပြန်လာခဲ့တဲ့ ကိုအောင်ငြိမ်းချမ်းတစ်ယောက် ရန်ကုန်မြို့၊ အောင်မင်္ဂလာအဝေးပြေးကားကွင်းထဲ ခြေချမိချိန်မှာတော့ သူ့ဘဝရဲ့ အမှောင်မိုက်ဆုံး နေ့ရက်တွေ စတင်ခဲ့ပါတယ်။

သတင်း

ပြည်သူ ၂၀ နီးပါးဒဏ်ရာရ၊ သေဆုံးသူ ထပ်တိုးနိုင်ဟုဆို