Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတိုင်း၌ စစ်ဘေးရှောင်များကူညီနေသော S&Cအဖွဲ့ဝင်တစ်ဦး ဖမ်းဆီးခံရပြီးနောက် အဆက်အသွယ်ပြတ်တောက်နေ

S&Cအဖွဲ့သည် စစ်​ဘေးသင့်ပြည်သူ​များကူညီရာတွင် လွတ်လပ်စွာသွားလာကူညီခွင့်ရ​သည့် အ​ခြေအ​နေမရှိဘဲ S&Cအဖွဲ့သား​များ၊ ဒေသခံ​စေတနာ့ဝန်ထမ်း​များ အန္တရာယ်မကျ​ရောက်​ရန် ဂရုစိုက်ရကြောင်း ၎င်းက ပြောသည်။

(စစ်အုပ်စု၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင် ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)
(စစ်အုပ်စု၏ ပစ်ခတ်သတ်ဖြတ်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော စစ်ဘေးရှောင် ပြည်သူများအား တွေ့ရစဥ်။ ဓာတ်ပုံ-အညာပစ်တိုင်းထောင်လေးများ)

စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးရှောင်ပြည်သူများအားကူညီနေသော S&Cအဖွဲ့၏ အဖွဲ့ဝင်တစ်ဦး စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံလိုက်ရပြီးနောက် အဆက်အသွယ် ပြတ်တောက်နေကြောင်း သတင်းရရှိသည်။

စစ်ကိုင်းတိုင်းအတွင်း မြို့နယ်များရှိ ကျေးရွာအများအပြား၌ စစ်ဘေးရှောင်များအား ကူညီပေးနေသော S&C မီးဘေး စစ်ဘေးပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးသည် ယင်းမာပင်မြို့နယ်ဘက်တွင် စစ်ဘေးရှောင်ကူညီမှုသွားရင်း ယခုရက်ပိုင်းအတွင်း ဖမ်းဆီးခံလိုက်ရကြောင်း S&C အဖွဲ့တာဝန်ရှိသူက ပြောသည်။

“အဆက်အသွယ်တော့မရသေးဘူး။ ဘယ်မှာဖမ်းထားတယ်ဆိုတာလည်း မသိသေးဘူး။ စကစဘက်က ဖမ်းတာပါ”ဟု အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement
Public Service Announcement

ကျန်ရစ်သောမိသားစုဝင်များ၏ လုံခြုံရေးအရ ဖမ်းဆီးခံလိုက်ရသောအဖွဲ့ဝင်၏ အချက်အလက်များအား အသိပေးနိုင်ခြင်းမရှိသေးကြောင်း ၎င်းက ပြောသည်။

Public Service Announcement

Public Service Announcement

S&Cအဖွဲ့သည် စစ်​ဘေးသင့်ပြည်သူ​များကူညီရာတွင် လွတ်လပ်စွာသွားလာကူညီခွင့်ရ​သည့် အ​ခြေအ​နေမရှိဘဲ S&Cအဖွဲ့သား​များ၊ ဒေသခံ​စေတနာ့ဝန်ထမ်း​များ အန္တရာယ်မကျ​ရောက်​ရန် ဂရုစိုက်ရကြောင်း ၎င်းက ပြောသည်။

S&Cအဖွဲ့သည် စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးရှောင်ပြည်သူများ၏ နေထိုင်စားသောက်ရေး၊ ပညာရေး၊ ကျန်းမာရေးများအား အကူအညီပေးနေသည့်အဖွဲ့တစ်ခု ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းရှိ စစ်ဘေးသင့်ဒေသတွေဟာ လက်တလော ရာသီဥတုပူပြင်းလာမှုကြောင့် စစ်ဘေးဒုက္ခသည်တွေ အပူဒဏ်နဲ့ ရင်ဆိုင်နေရပါတယ်။