Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းတွင် စစ်ကောင်စီတပ်ပစ်ခတ်၍ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံး၊ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

စစ်ကောင်စီတပ်သည် ညနေ ၃နာရီခွဲခန့်တွင် စမွန်းကျေးရွာမှ ပြန်ထွက်ပြီး ဒေသခံများ၏ လိုက်ထရပ်ယာဥ် ငါးစီးနှင့် ယာဥ်တစ်စီးပေါ်မှ ကျပ် သိန်း ‌၅၀၀ကိုပါ ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

(စစ်ရှောင်ပြည်သူတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသည်အထိ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သော လိုက်ထရပ်ယာဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ - ဆားတောင်မိုးကြိုး)
(စစ်ရှောင်ပြည်သူတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသည်အထိ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သော လိုက်ထရပ်ယာဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ - ဆားတောင်မိုးကြိုး)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ စမွန်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ခဲ့၍ စစ်ရှောင်အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ ၂၉ရက် နံနက် ၅နာရီခန့်က စစ်ကိုင်းမြို့နယ်၊ စမွန်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ပစ်ခတ်ဝင်ရောက်ခဲ့သည်။

အဆိုပါ စစ်ကြောင်းကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်စဥ် စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ရာ စမွန်းရွာနေ အသက်(၅၀)အရွယ် ဒေါ်ခင်မမ ကျည်ထိမှန် သေဆုံးခဲ့သည်။

ထို့အပြင် အသက်(၄၅)နှစ်အရွယ် ဒေါ်နုနုဝင်းဆိုသူ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကာ အသက်(၆) နှစ်အရွယ် ကလေးငယ်မှာလည်း ဦးခေါင်းထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ရှောင်တွေက ဘုန်းကြီးကျောင်းထဲမှာ စုနေနေတာ။ အဲဒီအချိန်မှာပစ်တာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

သေဆုံးသူကို မြေမြုပ်သဂြိုလ်ပေးခဲ့ပြီး ဒဏ်ရာရရှိသူများအား ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း ဆားတောင်မြို့ပြပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် ညနေ ၃နာရီခွဲခန့်တွင် စမွန်းကျေးရွာမှ ပြန်ထွက်ပြီး ဒေသခံများ၏ လိုက်ထရပ်ယာဥ် ငါးစီးနှင့် ယာဥ်တစ်စီးပေါ်မှ ကျပ် သိန်း ‌၅၀၀ကိုပါ ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ပဒူကျေးရွာ ကိုလည်းဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်သွားကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်တွင် ဇွန်လအတွင်း စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် PDF ရဲဘော်နှင့် ဒေသခံပြည်သူ ၅၀နီးပါး‌ကျဆုံးခဲ့ရကြောင်း စစ်ကိုင်းအခြေစိုက် စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။