Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းတွင် စစ်ကောင်စီတပ်ပစ်ခတ်၍ စစ်ရှောင်အမျိုးသမီးတစ်ဦး သေဆုံး၊ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးဒဏ်ရာရ

စစ်ကောင်စီတပ်သည် ညနေ ၃နာရီခွဲခန့်တွင် စမွန်းကျေးရွာမှ ပြန်ထွက်ပြီး ဒေသခံများ၏ လိုက်ထရပ်ယာဥ် ငါးစီးနှင့် ယာဥ်တစ်စီးပေါ်မှ ကျပ် သိန်း ‌၅၀၀ကိုပါ ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

(စစ်ရှောင်ပြည်သူတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသည်အထိ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သော လိုက်ထရပ်ယာဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ - ဆားတောင်မိုးကြိုး)
(စစ်ရှောင်ပြည်သူတစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရရှိသည်အထိ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့သော လိုက်ထရပ်ယာဥ်အား တွေ့ရစဥ်။ ဓာတ်ပုံ - ဆားတောင်မိုးကြိုး)

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်ရှိ စမွန်းကျေးရွာကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ပစ်ခတ်ခဲ့၍ စစ်ရှောင်အမျိုးသမီးတစ်ဦးသေဆုံးကာ ကလေးငယ်တစ်ဦးအပါအဝင် နှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

ဇွန်လ ၂၉ရက် နံနက် ၅နာရီခန့်က စစ်ကိုင်းမြို့နယ်၊ စမွန်းကျေးရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ပစ်ခတ်ဝင်ရောက်ခဲ့သည်။

အဆိုပါ စစ်ကြောင်းကြောင့် ဒေသခံပြည်သူများ ထွက်ပြေးတိမ်းရှောင်စဥ် စစ်ကောင်စီတပ်က လိုက်လံပစ်ခတ်ရာ စမွန်းရွာနေ အသက်(၅၀)အရွယ် ဒေါ်ခင်မမ ကျည်ထိမှန် သေဆုံးခဲ့သည်။

ထို့အပြင် အသက်(၄၅)နှစ်အရွယ် ဒေါ်နုနုဝင်းဆိုသူ ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကာ အသက်(၆) နှစ်အရွယ် ကလေးငယ်မှာလည်း ဦးခေါင်းထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း စစ်ကိုင်းမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

“စစ်ရှောင်တွေက ဘုန်းကြီးကျောင်းထဲမှာ စုနေနေတာ။ အဲဒီအချိန်မှာပစ်တာ။”ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement
Public Service Announcement

သေဆုံးသူကို မြေမြုပ်သဂြိုလ်ပေးခဲ့ပြီး ဒဏ်ရာရရှိသူများအား ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း ဆားတောင်မြို့ပြပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

စစ်ကောင်စီတပ်သည် ညနေ ၃နာရီခွဲခန့်တွင် စမွန်းကျေးရွာမှ ပြန်ထွက်ပြီး ဒေသခံများ၏ လိုက်ထရပ်ယာဥ် ငါးစီးနှင့် ယာဥ်တစ်စီးပေါ်မှ ကျပ် သိန်း ‌၅၀၀ကိုပါ ယူဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်သည် ပဒူကျေးရွာ ကိုလည်းဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများပြုလုပ်သွားကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်တွင် ဇွန်လအတွင်း စစ်ကောင်စီတပ်၏ သတ်ဖြတ်မှုကြောင့် PDF ရဲဘော်နှင့် ဒေသခံပြည်သူ ၅၀နီးပါး‌ကျဆုံးခဲ့ရကြောင်း စစ်ကိုင်းအခြေစိုက် စစ်ရှောင်အရေးကူညီနေသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မြိုင်ပကဖနှင့်မဟာမိတ်များသည် ဧပြီ ၂၂ ရက်ကလည်း မကွေးတိုင်း ပေါက်နယ်၊ ဖလံကိုင်းရေနံမြေရဲစခန်းမှ ရဲအုပ်အပါအဝင် ရဲ(၆)ဦးအား လက်နက်ခဲယမ်းများနှင့်တကွ အရှင်ဖမ်းဆီးရမိခဲ့သေးသည်။

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။