Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကိုင်းအပါအဝင် စစ်ဒေသ(၁)နယ်မြေတွင် မေလတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၄၅၀ ခန့်သေဆုံးခဲ့ဟု NUG ထုတ်ပြန်

တိုက်ပွဲပေါင်း အကြိမ် ၅၀၀အနက် ထိတွေ့တိုက်ပွဲ ၁၅၀ကြိမ်၊ တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်မှု ၁၅၆ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၁၀၀ ကြိမ်၊ တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်မှု ၇၁ ကြိမ်၊ ရန်သူလေကြောင်း တိုက်ခိုက်မှု ၂၃ ကြိမ် ရှိခဲ့သည်ဟု ဖော်ပြသည်။

(ရှမ်းပြည်နယ်၊ မြောက်ပိုင်း မိုးမိတ်မြို့နယ် ကျောက်မောရွာရှိ ရဲကင်းစခန်းတိုက်ခိုက်နေသော ရဲဘော်များနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - Nothern ABSDF
(ရှမ်းပြည်နယ်၊ မြောက်ပိုင်း မိုးမိတ်မြို့နယ် ကျောက်မောရွာရှိ ရဲကင်းစခန်းတိုက်ခိုက်နေသော ရဲဘော်များနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - Nothern ABSDF

တော်လှန်ရေးရဲဘော် ၄၁ဦးကျဆုံးခဲ့ဟု အသိပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အမှတ်(၁) စစ်ဒေသ နယ်မြေများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရှမ်းပြည်နယ် မြောက်ပိုင်းတို့တွင် ပြီးခဲ့သည့် မေလအတွင်း တိုက်ပွဲပေါင်း အကြိမ် ၅၀၀ ဖြစ်ပွားခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲများအတွင်း ရန်သူ ၄၄၉ ဦး သေဆုံးကာ ၆၈၁ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊တော်လှန်ရေးရဲဘော် ၄၁ ဦး ကျဆုံးခဲ့ပြီး ၁၁၃ဦး ဒဏ်ရာရခဲ့ကြောင်း အသိပေးဖော်ပြသည်။

ထို့အပြင် ရန်သူ့ထံမှ လက်နက်မျိုးစုံ (၂၄)လက် အပါအဝင် ခဲယမ်းမီးကျောက် အမြောက်အမြား သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲပေါင်း အကြိမ် ၅၀၀အနက် ထိတွေ့တိုက်ပွဲ ၁၅၀ကြိမ်၊ တော်လှန်ရေးတပ်များက ပစ်ခတ်တိုက်ခိုက်မှု ၁၅၆ ကြိမ်၊ မိုင်းဆွဲတိုက်ခိုက်မှု ၁၀၀ ကြိမ်၊ တော်လှန်ရေးတပ်ဖွဲ့များက ဒရုန်းဖြင့် တိုက်ခိုက်မှု ၇၁ ကြိမ်၊ ရန်သူလေကြောင်း တိုက်ခိုက်မှု ၂၃ ကြိမ် ရှိခဲ့သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement
Public Service Announcement

အဆိုပါ တိုက်ပွဲများကို အမှတ်(၁) စစ်ဒေသကွပ်ကဲမှုအောက်ရှိ PDF၊ ပကဖနှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးတပ် EROs ပူးပေါင်းအဖွဲ့များက ဆင်နွှဲခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

မေလအတွင်း စစ်ကိုင်းတိုင်း၌ တိုက်ပွဲများ ပြင်းထန်ခဲ့ရာ အင်းတော်၊ ဗန်းမောက်တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ အရာရှိများအပါအဝင် သေဆုံးထိခိုက်မှုများခဲ့သည်ဟု ဒေသခံသတင်းရင်းမြစ်များက People’s Spring သို့ ပြောကြားထားသည်။

မေလကုန်ပိုင်း၌ အင်းတော်မြို့နယ် မော်တိတ်ဒေသ၌ စစ်ကောင်စီတပ်မှ အရာရှိများ အပါအဝင်သေဆုံးထိခိုက်များခဲ့သည်ဟု အင်းတော်ပြည်သူ့ကာကွယ်ရေးတပ်(PDF) ရဲဘော်တစ်ဦးက ပြောသည်။

(ရှမ်းပြည်နယ်၊ မြောက်ပိုင်း မိုးမိတ်မြို့နယ် ကျောက်မောရွာရှိ ရဲကင်းစခန်းတိုက်ခိုက်နေသော ရဲဘော်များနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - Nothern ABSDF
(ရှမ်းပြည်နယ်၊ မြောက်ပိုင်း မိုးမိတ်မြို့နယ် ကျောက်မောရွာရှိ ရဲကင်းစခန်းတိုက်ခိုက်နေသော ရဲဘော်များနှင့် သိမ်းဆည်းရရှိသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ – Nothern ABSDF

မေလ ၂၅ရက်တိုက်ပွဲ၌ စစ်ကောင်စီတပ်က ၂၀ကျော်သေဆုံးခဲ့ကြောင်း၊ လေကြောင်းပစ်ကူများဖြင့် တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း ၎င်းက ဆိုသည်။

“အင်းတော်ကို ရွာသာယာက ကားငါးစီးနဲ့ ဒဏ်ရာရတဲ့ဟာတွေရယ် တချို့ အရာရှိပိုင်းထဲက သေတဲ့ဟာတွေရယ်လာပို့တယ်။ အယောက် ၂၀ တော့ကျော်မယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘုန်းကြီးကျောင်းထိခိုက်တယ်။ ဘုန်းကြီးကျောင်း စာသင်ကျောင်း နေအိမ်တချို့ရယ် ဆန်စက်တွေရယ် ထိခိုက်တယ်ဗျ။ပြီးတော့ လေကြောင်း တိုက်တော့ ဘုန်းကြီးကျောင်းကို ပြေးတဲ့ အဖွားအို တစ်ယောက်လည်း ဆုံးသွားတယ်”ဟု PDF ရဲဘော်က မေလကုန်ပိုင်း၌ ပြောသည်။

အဆိုပါတိုက်ပွဲ၌ PDF ရဲဘော်အချို့ကျဆုံးခဲ့သည်ဟု ဆိုသည်။

အင်းတော်နှင့် နယ်မြေချင်းဆက်စပ်နေသည့်ဗန်းမောက်မြို့နယ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်း တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ဗန်းမောက်နယ် ကြောင်လည်ရွာ၌ ၅ရက်ဆက်တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်က အရာရှိအပါအဝင် သေဆုံးထိခိုက်များပြားခဲ့သည်ဟုဆိုသည်။ဗန်းမောက် ကြောင်လည်ရွာအနီးတွင် မေလ ၂၀ရက်ကစ၍ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်(PDF)များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က လေကြောင်း ပစ်ကူပေးတိုက်ခိုက်ခဲ့သည်။

“ကြောင်လည်မှာ ၅ရက်ကြာ တိုက်ပွဲဖြစ်တဲ့ အနေအထားမှာ စစ်ကောင်စီဘက်က ဗိုလ်မှူးတစ်ဦး အပါအဝင် ၃၀ဦးထက်မနည်း ကျဆုံးတယ်ပေါ့။ ကြောင်လည်မှာတော့ တိုက်ပွဲပြင်းထန်တယ်။ လေယာဉ်တွေလည်း ဗုံးလာကြဲတယ်။ ဆက်သွယ်ရေးတွေလည်း ဖြတ်တောက်ထားတယ် ဟု ဒေသခံသတင်းရင်းမြစ်က မေလကုန်ပိုင်းက ပြောကြားထားသည်။

ထို့အပြင် ရှမ်းပြည်နယ်၊ မြောက်ပိုင်း မိုးမိတ်မြို့နယ် ကျောက်မောရွာရှိ ရဲကင်းစခန်းကို မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF) မြောက်ပိုင်း တပ်ဖွဲ့က မေလ ၂၄ရက်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ရဲ ၄ဦးသေဆုံးပြီး သေနတ် ၆လက် ရရှိခဲ့သည်ဟု ABSDFက ထုတ်ပြန်ခဲ့သည်။

“ကျောက်မောဂိတ်ရှိတဲ့ ရဲများနှင့် စစ်သားများသည် ဖြတ်သွားဖြတ်လာ ယာဥ်များနှင့် အနီးအနားရှိ လုပ်ငန်းရှင်များထံမှ ပိုက်ဆံတောင်းခြင်း၊ ရိက္ခာအတင်း တောင်းယူခြင်းများ ပြုလုပ်လေ့ရှိကြောင်းပြည်သူများမှတိုင်ကြားခဲ့သောကြောင့် မိမိတို့ Nothern ABSDFမှ သွားရောက်ရှင်းလင်းခဲ့ရခြင်းဖြစ်ပါတယ်” ဟု ABSDF မြောက်ပိုင်းတပ်ဖွဲ့ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။